သုတ္တံကျမ်း 26:9-12
သုတ္တံကျမ်း 26:9-12 MSBZ
မိုက်မဲသောသူတို့၏နှုတ်မှသုတ္တံစကားသည် ယစ်မူးသူ၏လက်ထဲရောက်သွားသော ဆူးပင်နှင့်တူ၏။ မိုက်မဲသောသူကို ငှားရမ်းသောသူသည်လည်းကောင်း၊ ဖြတ်သန်းသွားလာသောသူတို့ကို ငှားရမ်းသောသူသည်လည်းကောင်း လူတိုင်းကိုထိခိုက်ဒဏ်ရာရစေသော လေးသမားနှင့်တူ၏။ ခွေးသည် မိမိအန်ဖတ်ကိုပြန်စားတတ်သကဲ့သို့ မိုက်မဲသောသူသည် မိမိပြုသောမိုက်မဲမှုကို ထပ်တလဲလဲပြုတတ်၏။ မိမိကိုယ်ကို ပညာရှိဟု ထင်မြင်သောသူကို သင်တွေ့မြင်သလော။ ထိုသူထက် မိုက်မဲသောသူ၌ ပို၍မျှော်လင့်ချက်ရှိ၏။