သုတ္တံကျမ်း 22:26-29
သုတ္တံကျမ်း 22:26-29 MSBZ
ကတိခံဝန်ချက်ပေးသောသူများနှင့် ကြွေးမြီများအတွက် အာမခံသောသူများထဲတွင် မပါနှင့်။ သင်၌ပေးလျော်ရန်မရှိသောအခါ သင့်ကိုယ်အောက်မှ သင့်အိပ်ရာကိုယူသွားလျှင် မည်သို့နည်း။ သင်၏ဘိုးဘေးများစိုက်ထူခဲ့သော ရှေးယခင်နယ်နိမိတ်ကို မရွှေ့နှင့်။ မိမိအလုပ်တွင် ကျွမ်းကျင်သောသူကို သင်မြင်သလော။ ထိုသူသည် ရှင်ဘုရင်တို့ရှေ့မှောက်၌ ခစားရလိမ့်မည်။ သာမန်လူတို့ရှေ့၌ ခစားရလိမ့်မည်မဟုတ်။