YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 26:1-18

တောလည်ရာကျမ်း 26:1-18 MSBZ

ထို​ဘေးဒဏ်​ပြီးနောက် ထာဝရဘုရား​က မောရှေ​နှင့် အာရုန်​၏​သား ယဇ်ပုရောဟိတ်​ဧလာဇာ​အား “​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​စစ်မှု​ထမ်း​နိုင်​သော​သူ​ရှိသမျှ​တို့​ကို သူ​တို့​ဘိုးဘေး​များ​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​”​ဟု မိန့်​တော်မူ​၏​။ သို့ဖြစ်၍ ဂျေရိခေါ​မြို့​တစ်​ဖက်​၊ ဂျော်ဒန်​မြစ်​အနီး​၊ မောဘ​လွင်ပြင်​၌ မောရှေ​နှင့် ယဇ်ပုရောဟိတ်​ဧလာဇာ​က အစ္စရေး​အမျိုးသား​တို့​အား “​မောရှေ​အား ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ​တို့​ကို စာရင်းကောက်ယူ​လော့​”​ဟု ဆို​လေ​၏​။ အီဂျစ်​ပြည်​မှ​ထွက်လာ​သော​အစ္စရေး​လူမျိုး​တို့​၏​အမျိုးအနွယ်​များ​ကား အစ္စရေး​၏​သားဦး​မှာ ရုဗင်​ဖြစ်​၏​။ ရုဗင်​၏​အမျိုးအနွယ်​များ​ကား ဟာနုတ်​မှ​ဆင်းသက်​သော ဟာနုတ်​မျိုးနွယ်စု​၊ ဖာလု​မှ​ဆင်းသက်​သော ဖာလု​မျိုးနွယ်စု​၊ ဟေဇရုံ​မှ​ဆင်းသက်​သော ဟေဇရုံ​မျိုးနွယ်စု​၊ ကာမိ​မှ​ဆင်းသက်​သော ကာမိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရုဗင်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်းသုံးထောင်​ခုနစ်​ရာ့​သုံးဆယ်​ရှိ​၏​။ ဖာလု​၏​သား​မှာ ဧလျာဘ​ဖြစ်​၏​။ ဧလျာဘ​၏​သား​များ​မှာ နေမွေလ​၊ ဒါသန်​၊ အဘိရံ တို့​ဖြစ်​ကြ​၏​။ ဤ​ဒါသန်​နှင့်​အဘိရံ​သည် လူထု​၏​ရွေးကောက်တင်မြှောက်​ခြင်း​ခံရ​သူ​များ​ဖြစ်ပြီး ကောရ​၏​အပေါင်းပါ​များ​နှင့်အတူ မောရှေ​နှင့်​အာရုန်​ကို​ဆန့်ကျင်ပုန်ကန်​သော​သူ​များ​၊ ထာဝရဘုရား​ကို​ဆန့်ကျင်​ပုန်ကန်​သော​သူ​များ ဖြစ်​ကြ​၏​။ ထို့ကြောင့် မြေကြီး​သည် မိမိ​ခံတွင်း​ကို ဖွင့်​၍ ကောရ​နှင့်အတူ သူ​တို့​ကို​မျို​၏​။ ထိုသို့ ကောရ​နှင့်​သူ​၏​အပေါင်းပါ​များ​သေ​ကြ​၏​။ လူ​အယောက်​နှစ်ရာ့​ငါးဆယ်​ကို​လည်း မီး​လောင်ကျွမ်း​လေ​၏​။ ထို​သူ​တို့​သည် သတိပြုစရာ​သက်သေ​ဖြစ်​ကြ​၏​။ ကောရ​၏​သား​တို့​မူကား အသတ်​မ​ခံရ​ကြ​။ မျိုးနွယ်စု​အလိုက် ရှိမောင်​၏​အမျိုးအနွယ်​များ​ကား နေမွေလ​မှ​ဆင်းသက်​သော နေမွေလ​မျိုးနွယ်စု​၊ ယာမိန်​မှ​ဆင်းသက်​သော ယာမိန်​မျိုးနွယ်စု​၊ ယာခိန်​မှ​ဆင်းသက်​သော ယာခိန်​မျိုးနွယ်စု​၊ ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု​၊ ရှောလ​မှ​ဆင်းသက်​သော ရှောလ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရှိမောင်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး နှစ်သောင်းနှစ်ထောင့်​နှစ်ရာ​ရှိ​၏​။ မျိုးနွယ်စု​အလိုက် ဂဒ်​၏​အမျိုးအနွယ်​များ​ကား ဇေဖုန်​မှ​ဆင်းသက်​သော ဇေဖုန်​မျိုးနွယ်စု​၊ ဟဂ္ဂိ​မှ​ဆင်းသက်​သော ဟဂ္ဂိ​မျိုးနွယ်စု​၊ ရှုနိ​မှ​ဆင်းသက်​သော ရှုနိ​မျိုးနွယ်စု​၊ ဩဇနိ​မှ​ဆင်းသက်​သော ဩဇနိ​မျိုးနွယ်စု​၊ ဧရိ​မှ​ဆင်းသက်​သော ဧရိ​မျိုးနွယ်စု​၊ အာရုဒ်​မှ​ဆင်းသက်​သော အရောဒိ​မျိုးနွယ်စု​၊ အရေလိ​မှ​ဆင်းသက်​သော အရေလိ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဂဒ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​များ​ဖြစ်ပြီး သူ​တို့​၏​အရေအတွက်​မှာ လေးသောင်း​ငါး​ရာ​ရှိ​၏​။