YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိမှတ်စာ 7:1-60

နေဟမိမှတ်စာ 7:1-60 MSBZ

မြို့ရိုး​ကို​လက်စသတ်​ပြီး​သောအခါ ငါ​သည် တံခါး​များ​ကို တပ်ဆင်​၍ တံခါးစောင့်​များ​၊ သီချင်းသည်​များ​၊ လေဝိ​အမျိုး​များ​ကို တာဝန်​ခွဲဝေ​ခန့်အပ်​လေ​၏​။ ငါ့​ညီ​ဟာနနိ​နှင့် ရဲတိုက်မှူး​ဟာနနိယ​တို့​အား ဂျေရုဆလင်​မြို့​ကို အုပ်ချုပ်​ရန် ခန့်အပ်​၏​။ ဟာနနိယ​သည် သစ္စာရှိ​သော​သူ​၊ အခြားသူ​တို့​ထက် ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​၏​။ ငါ​က သူ​တို့​အား “​နေ​မ​မြင့်​မ​ချင်း ဂျေရုဆလင်​မြို့​တံခါး​ကို မ​ဖွင့်​နှင့်​။ တံခါးစောင့်​တို့​သည် တာဝန်ချိန်​တွင် တံခါး​များ​ကို​ပိတ်​၍ ချက်​များ​ကို ချထား​ရ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​သည် ကိုယ့်​အိမ်​ရှေ့​၊ ကိုယ့်​ကင်းတဲ​၌ အစောင့်​များ​ကို ချထား​ရ​မည်​”​ဟု မှာထား​၏​။ မြို့​သည်​ကြီးမား​ကျယ်ဝန်း​၍ နေထိုင်​သူ အနည်းငယ်​သာ ရှိ​၏​။ အိမ်​များ​လည်း ပြန်လည်​မ​ဆောက်​ရ​သေး​။ ခေါင်းဆောင်​များ​၊ ကြီးကြပ်​သူ​များ​နှင့် လူ​များ​ကို စုဝေး​၍ မျိုးရိုးစဉ်ဆက်​စာရင်းကောက်​ရန် ဘုရားသခင်​သည် ငါ့​စိတ်​ကို​နှိုးဆော်​၏​။ ထို့ကြောင့် ပထမဆုံး​ပြန်လည်​ရောက်ရှိ​လာ​သူ​တို့​၏​မျိုးရိုးစဉ်ဆက်​စာရင်း​ကို စစ်ဆေး​ရာ စာရင်း​တွင် ဤသို့​ရေးသွင်း​ထား​သည်​ကို တွေ့​ရ​၏​။ ဤ​သူ​တို့​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​က သုံ့ပန်း​အဖြစ်​ဖမ်းခေါ်​သွား​ပြီးနောက် သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ဘေဘီလုံ​ပြည်​မှ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​၊ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။ ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ အာဇရိ​၊ ရာမိ​၊ နာဟမာနိ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပေရက်​၊ ဗိဂဝဲ​၊ နေဟုံ​၊ ဗာနာ​တို့​နှင့်အတူ လိုက်ပါ​လာ​သော​အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား ပါရုတ်​သားမြေး နှစ်ထောင်​တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊ ရှေဖတိ​သားမြေး သုံး​ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊ အာရာ​သားမြေး ခြောက်​ရာ​ငါးဆယ့်​နှစ်​ယောက်​၊ ယေရွှာ​နှင့် ယွာဘ​သားမြေး​တို့​မှ​ဆင်းသက်​လာ​သော ပါဟတ်မောဘ​သားမြေး နှစ်ထောင့်​ရှစ်​ရာ​တစ်ဆယ့်ရှစ်​ယောက်​၊ ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊ ဇတ္တု​သားမြေး ရှစ်​ရာ​လေးဆယ့်​ငါး​ယောက်​၊ ဇက္ခဲ​သားမြေး အယောက်​ခုနစ်​ရာ့​ခြောက်ဆယ်​၊ ဗိနွိ​သားမြေး ခြောက်​ရာ​လေးဆယ့်​ရှစ်​ယောက်​၊ ဗေဗဲ​သားမြေး ခြောက်​ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊ အာဇဂဒ်​သားမြေး နှစ်ထောင့်​သုံး​ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊ အဒေါနိကံ​သားမြေး ခြောက်​ရာ​ခြောက်ဆယ့်​ခုနစ်​ယောက်​၊ ဗိဂဝဲ​သားမြေး နှစ်ထောင်​ခြောက်ဆယ့်​ခုနစ်​ယောက်​၊ အာဒိန်​သားမြေး ခြောက်​ရာ​ငါးဆယ့်​ငါး​ယောက်​၊ ဟေဇကိ​အမျိုး​မှ ဆင်းသက်​လာ​သော အာတာ​သားမြေး ကိုးဆယ့်​ရှစ်​ယောက်​၊ ဟာရှုံ​သားမြေး သုံး​ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊ ဗေဇဲ​သားမြေး သုံး​ရာ​နှစ်ဆယ့်​လေး​ယောက်​၊ ဟာရိပ်​သားမြေး တစ်ရာ​တစ်ဆယ့်နှစ်​ယောက်​၊ ဂိဗောင်​သားမြေး ကိုးဆယ့်​ငါး​ယောက်​၊ ဗက်လင်​မြို့သား​နှင့် နေတောဖ​မြို့သား​ပေါင်း တစ်ရာ​ရှစ်ဆယ့်​ရှစ်​ယောက်​၊ အာနသုတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊ ဗေသာဇမာဝက်​မြို့သား လေးဆယ့်​နှစ်​ယောက်​၊ ကိရယတ်ယာရိမ်​မြို့သား​၊ ခေဖိရ​မြို့သား​၊ ဗေရုတ်​မြို့သား​ပေါင်း ခုနစ်​ရာ​လေးဆယ့်​သုံး​ယောက်​၊ ရာမ​မြို့သား​နှင့် ဂေဗ​မြို့သား​ပေါင်း ခြောက်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊ မိတ်မတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊ ဗေသလ​မြို့သား​နှင့် အာဣ​မြို့သား​ပေါင်း တစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊ အခြား​နေဗော​မြို့သား ငါးဆယ့်​နှစ်​ယောက်​၊ အခြား​ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊ ဟာရိမ်​သားမြေး အယောက်​သုံး​ရာ့​နှစ်ဆယ်​၊ ဂျေရိခေါ​မြို့သား သုံး​ရာ​လေးဆယ့်​ငါး​ယောက်​၊ လောဒ​မြို့သား​၊ ဟာဒိဒ်​မြို့သား​နှင့် ဩနော​မြို့သား​ပေါင်း ခုနစ်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊ သေနာ​မြို့သား အယောက်​သုံး​ထောင်​ကိုး​ရာ့​သုံးဆယ်​၊ ယဇ်ပုရောဟိတ်​များ​ကား ယေရွှာ​အမျိုး​မှ​ဆင်းသက်​လာ​သော ယေဒါယ​သားမြေး ကိုး​ရာ​ခုနစ်ဆယ့်​သုံး​ယောက်​၊ ဣမေရ​သားမြေး တစ်ထောင့်​ငါးဆယ့်​နှစ်​ယောက်​၊ ပါရှုရ​သားမြေး တစ်ထောင့်​နှစ်ရာ​လေးဆယ့်​ခုနစ်​ယောက်​၊ ဟာရိမ်​သားမြေး တစ်ထောင့်​တစ်ဆယ့်ခုနစ်​ယောက်​၊ လေဝိ​အမျိုး​တွင် ကပ်မျေလ​နှင့် ဟောဒေဝ​သားမြေး​တို့​မှ ဆင်းသက်​လာ​သော ယေရွှာ​သားမြေး ခုနစ်ဆယ့်​လေး​ယောက်​၊ သီချင်းသည်​တို့​တွင် အာသပ်​သားမြေး တစ်ရာ​လေးဆယ့်​ရှစ်​ယောက်​၊ တံခါးစောင့်​တို့​တွင် ရှလ္လုံ​သားမြေး​၊ အာတာ​သားမြေး​၊ တာလမုန်​သားမြေး​၊ အက္ကုပ်​သားမြေး​၊ ဟတိတ​သားမြေး​၊ ရှောဗဲ​သားမြေး​ပေါင်း တစ်ရာ​သုံးဆယ့်​ရှစ်​ယောက် ဖြစ်​၏​။ ဗိမာန်တော်​အစေအပါး​တို့​တွင် ဇိဟ​သားမြေး​၊ ဟသုဖ​သားမြေး​၊ တဗ္ဗောက်​သားမြေး​၊ ကေရုတ်​သားမြေး​၊ သယ​သားမြေး​၊ ပါဒုန်​သားမြေး​၊ လေဗန​သားမြေး​၊ ဟာဂဘ​သားမြေး​၊ ရှာလမဲ​သားမြေး​၊ ဟာနန်​သားမြေး​၊ ဂိဒ္ဒေလ​သားမြေး​၊ ဂါဟာ​သားမြေး​၊ ရာယ​သားမြေး​၊ ရေဇိန်​သားမြေး​၊ နေကောဒ​သားမြေး​၊ ဂဇ္ဇမ်​သားမြေး​၊ ဩဇ​သားမြေး​၊ ပါသာ​သားမြေး​၊ ဗေသဲ​သားမြေး​၊ မဟုနိမ်​သားမြေး​၊ နေဖိရှေသိမ်​သားမြေး​၊ ဗာကဗုတ်​သားမြေး​၊ ဟကုဖ​သားမြေး​၊ ဟာရဟုရ​သားမြေး​၊ ဗာဇလိတ်​သားမြေး​၊ မဟိဒ​သားမြေး​၊ ဟာရရှ​သားမြေး​၊ ဗာရကုတ်​သားမြေး​၊ သိသရ​သားမြေး​၊ တာမ​သားမြေး​၊ နေဇိ​သားမြေး​၊ ဟတိဖ​သားမြေး​၊ ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​တွင် သောတဲ​သားမြေး​၊ သောဖရက်​သားမြေး​၊ ပေရိဒ​သားမြေး​၊ ယာလ​သားမြေး​၊ ဒါကုန်​သားမြေး​၊ ဂိဒ္ဒေလ​သားမြေး​၊ ရှေဖတိ​သားမြေး​၊ ဟတ္တိလ​သားမြေး​၊ ပေါခရက်​ဇေဗိမ်​သားမြေး​၊ အာမုန်​သားမြေး​၊ ဗိမာန်တော်​အစေအပါး​များ​နှင့် ရှောလမုန်​အစေအပါး​တို့​၏​သားမြေး​များ စုစုပေါင်း သုံး​ရာ​ကိုးဆယ့်​နှစ်​ယောက် ဖြစ်​၏​။