YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 5:11-13

ရှင်မဿဲခရစ်ဝင် 5:11-13 MSBZ

ငါ့​ကြောင့် လူ​တို့​သည် သင်​တို့​ကို ကဲ့ရဲ့​ပြစ်တင်​လျက် ညှဉ်းဆဲ​ကာ မကောင်း​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် သင်​တို့​ကို မဟုတ်မမှန်​ဆန့်ကျင်​ပြောဆို​ကြ​သောအခါ သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပရောဖက်​များ​ကို​လည်း ထိုနည်းတူ​ညှဉ်းဆဲ​ခဲ့​ကြ​၏။ သင်​တို့​သည် ကမ္ဘာ​မြေ​၏​ဆား​ဖြစ်​ကြ​၏။ သို့သော် ဆား​သည် အငန်​ဓာတ်​ကင်းမဲ့​သွား​လျှင် ၎င်း​ကို မည်ကဲ့သို့​ပြန်၍​ငန်​စေ​မည်နည်း။ မည်သည့်​အရာ​အတွက်​မျှ အသုံး​မ​ဝင်​တော့​သဖြင့် အပြင်​သို့​ပစ်​လိုက်​၍ လူ​တို့​၏​နင်းချေ​ခြင်း​ခံရ​ရုံသာ​ရှိ​ပေ​တော့​မည်။

ရှင်မဿဲခရစ်ဝင် 5:11-13 အကြောင်း ဗီဒီယိုများ

ရှင်မဿဲခရစ်ဝင် 5:11-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။