ရှင်မဿဲခရစ်ဝင် 2:16-18
ရှင်မဿဲခရစ်ဝင် 2:16-18 MSBZ
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။ ထိုအခါ “ရာမမြို့၌ သည်းထန်သောငိုကြွေးခြင်းနှင့်မြည်တမ်းခြင်းအသံကို ကြားရ၏။ ရာခေလသည် သူ၏ကလေးများအတွက်ငိုကြွေးကာ ကလေးတို့မရှိကြတော့သည်ဖြစ်၍ နှစ်သိမ့်ပေးခြင်းကိုအလိုမရှိ”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။



