YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 2:28-32

ရှင်လုကာခရစ်ဝင် 2:28-32 MSBZ

ထိုအခါ ရှိမောင်​သည် သူငယ်​ကို​ပွေ့ချီ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​ကာ “စိုးပိုင်​တော်မူ​သော​အရှင်၊ ကိုယ်တော်​မိန့်​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​အစေအပါး​အား ငြိမ်းချမ်း​စွာ​သွား​ရ​သော​အခွင့်​ကို ယခု ကိုယ်တော်​ပေး​တော်မူ​ပြီ​ဖြစ်​၏။ အကြောင်းမူကား လူမျိုးခြား​တို့​အတွက်​ပေါ်ထွန်း​သော​အလင်း​ကို​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော် အစ္စရေး​လူမျိုး​အတွက်​ဘုန်း​အသရေ​ဖြစ်​သော လူ​အပေါင်း​တို့​ရှေ့၌​ပြင်ဆင်​ထား​သည့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကျေးဇူး​ကို​လည်းကောင်း အကျွန်ုပ်​၏​မျက်စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။