ယောရှုမှတ်စာ 21:20-45
ယောရှုမှတ်စာ 21:20-45 MSBZ
လေဝိအမျိုး ကောဟတ်သားမြေးတို့မှကျန်ရှိသော ကောဟတ်သားမြေးတို့၏မျိုးနွယ်စုတို့ မဲကျသောမြို့များမှာ ဧဖရိမ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဖြစ်၏။ သူတို့အား ဧဖရိမ်တောင်ပေါ်ဒေသရှိ ရှေခင်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂေဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ (ရှေခင်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။) ကိဗဇိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေသောရုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ ဒန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဧလတေကမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂိဗ္ဗသုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာယလုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကိုလည်း ပေး၏။ မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ တာနက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဂါသရိမ္မုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့နှစ်မြို့ကိုလည်း ပေး၏။ ကျန်ရှိသောကောဟတ်သားမြေး၏မျိုးနွယ်စုတို့ ရရှိသောမြို့စုစုပေါင်းမှာ မြို့ဆယ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ ပါ၏။ လေဝိအမျိုးအနွယ်၏မျိုးနွယ်စုဖြစ်သောဂေရရှုန်သားမြေးတို့ကိုကား မနာရှေအမျိုးအနွယ်တစ်ဝက်ရသောအမွေမြေထဲမှ ဗာရှန်ပြည်ရှိ ဂေါလန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေရှတေရမြို့နှင့် စားကျက်မြေများကိုပေး၏။ (ဂေါလန်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။) ဣသခါအမျိုးအနွယ်ရသောအမွေမြေထဲမှလည်း ကိရှုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဒါဗရတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အင်္ဂန္နိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ အာရှာအမျိုးအနွယ်ရသောအမွေမြေထဲမှလည်း မိရှာလမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ အာဗဒုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဟေလကတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ရဟောဘမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ နဿလိအမျိုးအနွယ်ရသောအမွေမြေထဲမှလည်း ဂါလိလဲပြည်၊ ကေဒေရှမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဟမ္မုန်ဒေါရမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ကာတံမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေ စသောမြို့သုံးမြို့ကို ပေး၏။ (ကေဒေရှမြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ဖြစ်၏။) ဂေရရှုန်၏မျိုးနွယ်စုအလိုက် ရရှိသောမြို့စုစုပေါင်းမှာ တစ်ဆယ့်သုံးမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ ပါ၏။ လေဝိအမျိုးထဲမှကျန်ရှိသော မေရာရိသားမြေးတို့၏မျိုးနွယ်စုတို့အား ဇာဗုလုန်အမျိုးအနွယ်ရသောအမွေမြေထဲမှ ယောကနမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ကာတမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဒိမနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ နဟာလာလာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကိုပေး၏။ ရုဗင်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဗေဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဟတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ကေဒမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မေဖတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။ ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဟေရှဘုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယာဇာမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့ပေါင်းလေးမြို့ကို ပေး၏။ (ရာမုတ်မြို့သည် မတော်တဆလူသတ်မိသောသူတို့ ခိုလှုံနိုင်သောမြို့ ဖြစ်၏။) လေဝိမျိုးနွယ်စုထဲမှကျန်ရှိသော မေရာရိသားမြေးတို့ မျိုးနွယ်စုအလိုက် မဲချ၍ သူတို့ရသောမြို့စုစုပေါင်းမှာ တစ်ဆယ့်နှစ်မြို့ ဖြစ်၏။ အစ္စရေးသားမြေးတို့ ပိုင်သောအမွေမြေထဲမှ လေဝိအမျိုးတို့ ရရှိသောမြို့စုစုပေါင်းမှာ လေးဆယ့်ရှစ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ ပါ၏။ ထိုမြို့အားလုံးတို့၏ပတ်ပတ်လည်တွင် စားကျက်မြေများရှိ၏။ ဤသို့ဖြင့် အစ္စရေးလူမျိုးတို့၏ဘိုးဘေးတို့အား ဤပြည်ကို ပေးမည်ဟု ကျိန်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သူတို့အားပေးသဖြင့် သူတို့သည် ထိုပြည်ကို သိမ်းပိုက်၍နေထိုင်ကြလေ၏။ ထာဝရဘုရားသည် သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သူတို့နေလေရာရာ၌ အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကို ပေးတော်မူ၏။ သူတို့ရှေ့တွင် မည်သည့်ရန်သူမျှ မခံရပ်နိုင်။ ထာဝရဘုရားသည် သူတို့၏ရန်သူရှိသမျှကို သူတို့လက်သို့အပ်တော်မူ၏။ ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟု မိန့်မှာတော်မူခဲ့သည့်ကတိ တစ်စုံတစ်ခုမျှ မပျက်ကွက်ဘဲ အလုံးစုံပြည့်စုံလေ၏။