YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောရှုမှတ်စာ 15:20-63

ယောရှုမှတ်စာ 15:20-63 MSBZ

ယုဒ​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက်​ရ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ ယုဒ​အမျိုးအနွယ်​ပိုင်​သော​မြို့​များ​ကား တောင်ဘက်​စွန်း ဧဒုံ​နယ်စပ်​ရှိ​မြို့​များ​ဖြစ်​သော ကပ်ဇေလ​မြို့​၊ ဧဒေ​မြို့​၊ ယာဂုရ​မြို့​၊ ကိန​မြို့​၊ ဒိမောန​မြို့​၊ အာဒဒါ​မြို့​၊ ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဣသနန်​မြို့​၊ ဇိဖ​မြို့​၊ တေလင်​မြို့​၊ ဗာလုတ်​မြို့​၊ ဟာဇော်ဟဒတ္တာ​မြို့​၊ ဟာဇော်​မြို့ ခေါ် ကေရုတ်​ဟေဇရုံ​မြို့​၊ အာမန်​မြို့​၊ ရှေမ​မြို့​၊ မောလဒါ​မြို့​၊ ဟာဇာဂဒ္ဒ​မြို့​၊ ဟေရှမုန်​မြို့​၊ ဗက်ပါလက်​မြို့​၊ ဟာဇာရွာလ​မြို့​၊ ဗေရရှေဘ​မြို့​၊ ဗိဇ္ဇောသယာ​မြို့​၊ ဗာလာ​မြို့​၊ ဣအိမ်​မြို့​၊ ဧဇင်​မြို့​၊ ဧလတောလဒ်​မြို့​၊ ခေသိလ​မြို့​၊ ဟောမာ​မြို့​၊ ဇိကလတ်​မြို့​၊ မာဒမေန​မြို့​၊ သံသန္နာ​မြို့​၊ လေဗောက်​မြို့​၊ ရှိလဟိမ်​မြို့​၊ အဣန​မြို့​၊ ရိမ္မုန်​မြို့ စသည့်​မြို့​ပေါင်း နှစ်ဆယ့်​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။ မြေနိမ့်ဒေသ​ဘက်​တွင် ဧရှတောလ​မြို့​၊ ဇောရာ​မြို့​၊ အာရှနာ​မြို့​၊ ဇာနော​မြို့​၊ အင်္ဂန္နိမ်​မြို့​၊ တာပွာ​မြို့​၊ ဧနံ​မြို့​၊ ယာမုတ်​မြို့​၊ အဒုလံ​မြို့​၊ စောခေါ​မြို့​၊ အဇေကာ​မြို့​၊ ရှာရိမ်​မြို့​၊ အဒိသိမ်​မြို့​၊ ဂဒေရ​မြို့​၊ ဂဒေရောသိမ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။ ဇေနန်​မြို့​၊ ဟဒါရှ​မြို့​၊ မိဂဒလဂဒ်​မြို့​၊ ဒိလန်​မြို့​၊ မိဇပါ​မြို့​၊ ယောကသေလ​မြို့​၊ လာခိရှ​မြို့​၊ ဗောဇကတ်​မြို့​၊ ဧဂလုန်​မြို့​၊ ကဗ္ဗုန်​မြို့​၊ လာမံ​မြို့​၊ ကိသလိတ်​မြို့​၊ ဂဒေရုတ်​မြို့​၊ ဗက်ဒါဂုန်​မြို့​၊ နေမ​မြို့​၊ မက္ကဒါ​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။ လိဗန​မြို့​၊ ဧသာ​မြို့​၊ အာရှန်​မြို့​၊ ယိဖတ​မြို့​၊ အာရှနာ​မြို့​၊ နေဇိပ်​မြို့​၊ ကိလ​မြို့​၊ အာခဇိပ်​မြို့​၊ မရေရှ​မြို့ စသည့်​မြို့​ပေါင်း​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။ ဧကြုန်​မြို့​နှင့် ထို​မြို့​ဝန်းကျင်​ရှိ​မြို့​ရွာ​များ​၊ ဧကြုန်​မြို့​မှ​ပင်လယ်​အထိ​၊ အာဇုတ်​မြို့​အနီး​ရှိ မြို့​အားလုံး​နှင့်​ရွာ​များ အာဇုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ အီဂျစ်​ချောင်း​နှင့် မြေ​ထဲ​ပင်လယ်​ကမ်းရိုးတန်း​တိုင်အောင် ဂါဇ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​ပါ​၏​။ တောင်ပေါ်ဒေသ​ဘက်​တွင် ရှမိရ​မြို့​၊ ယတ္တိရ​မြို့​၊ စောခေါ​မြို့​၊ ဒန္န​မြို့​၊ ဒေဗိရ ခေါ် ကိရယဿန္န​မြို့​၊ အာနပ်​မြို့​၊ ဧရှတမော​မြို့​၊ အာနိမ်​မြို့​၊ ဂေါရှင်​မြို့​၊ ဟောလုန်​မြို့​၊ ဂိလော​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်တစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။ အာရပ်​မြို့​၊ ဒုမာ​မြို့​၊ ဧရှန်​မြို့​၊ ယာနုံ​မြို့​၊ ဗက်တာပွာ​မြို့​၊ အာဖက်​မြို့​၊ ဟုန္တ​မြို့​၊ ဟေဗြုန် ခေါ် ကိရယအာဘ​မြို့​၊ ဇိအောရ​မြို့ စသည့်​မြို့​ပေါင်း​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။ မောန​မြို့​၊ ကရမေလ​မြို့​၊ ဇိဖ​မြို့​၊ ယုတ္တ​မြို့​၊ ယေဇရေလ​မြို့​၊ ယောကဒံ​မြို့​၊ ဇာနော​မြို့​၊ ကာဣန​မြို့​၊ ဂိဗာ​မြို့​၊ တိမနတ်​မြို့ စသည့်​မြို့​ပေါင်း ဆယ်​မြို့​နှင့်​ရွာ​များ ပါ​၏​။ ဟာလဟုလ​မြို့​၊ ဗက်ဇုရ​မြို့​၊ ဂေဒေါ်​မြို့​၊ မာရပ်​မြို့​၊ ဗေသနုတ်​မြို့​၊ ဧလတေကုန်​မြို့ စသည့်​မြို့​ပေါင်း ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။ ကိရယတ်ဗာလ ခေါ် ကိရယတ်ယာရိမ်​မြို့​၊ ရဗ္ဗာ​မြို့ စသည့်​မြို့​နှစ်​မြို့​နှင့်​ရွာ​များ ပါ​၏​။ တောကန္တာရ​ဘက်​တွင် ဗေသရာဗ​မြို့​၊ မိဒ္ဒိန်​မြို့​၊ သေကာက​မြို့​၊ နိဗရှန်​မြို့​၊ ဆား​မြို့​၊ အင်္ဂေဒိ​မြို့ စသည့်​မြို့​ခြောက်​မြို့​နှင့်​ရွာ​များ ပါ​၏​။ ယုဒ​အမျိုးသား​တို့​သည် ဂျေရုဆလင်​မြို့​၌​နေထိုင်​သော​ယေဗုသိ​လူမျိုး​တို့​ကို နှင်ထုတ်​၍​မ​ရ​သဖြင့် ယနေ့​တိုင်အောင် ယေဗုသိ​လူမျိုး​တို့​နှင့်အတူ ဂျေရုဆလင်​မြို့​တွင် နေထိုင်​ကြ​၏​။