YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 31:35-40

ယောဘဝတ္ထု 31:35-40 MSBZ

ငါ​ပြော​သော​စကား​များ​ကို မည်သူ​နားထောင်​ပေး​မည်နည်း​။ ကြည့်​ကြ​ပါ​။ ငါ​လက်မှတ်​ထိုး​ပြီ​ဖြစ်၍ အနန္တတန်ခိုးရှင်​သည် ငါ့​စကား​ကို​နားညောင်း​တော်မူ​ပါစေသော​။ ငါ့​ကို​စွဲချက်တင်​သော​သူ​သည် စွဲချက်​ကို ရေးမှတ်​ပါစေသော​။ သို့ပြုလျှင် ထို​စွဲချက်​ကို ငါ့​ပခုံး​ထက်​တွင် တင်​ထား​မည်​။ သရဖူ​ကဲ့သို့ ဆောင်း​ထား​မည်​။ ငါ​လျှောက်​သည့်​လမ်း​ကို ကိုယ်တော်​အား လျှောက်တင်​မည်​။ အုပ်ချုပ်သူမင်း​တစ်​ပါး​ကဲ့သို့ ကိုယ်တော့်​ထံ ချဉ်းကပ်​မည်​။ ငါ့​မြေကွက်​သည် ငါ့​ကို ဆန့်ကျင်​လျက်​အော်ဟစ်​၍ ထွန်ကြောင်း​များ တစ်ပြိုင်တည်း​ငိုကြွေး​ကြ​လျှင်​လည်းကောင်း​၊ ငါ​သည် မြေ​အသီးအနှံ​ကို အဖိုးအခ​မ​ပေး​ဘဲ စားသုံး​၍ မြေရှင်​၏​အသက်​ကို ဆုံးရှုံး​စေ​ခဲ့​လျှင်​လည်းကောင်း ဂျုံပင်​အစား ဆူးပင်​ပေါက်​ပါစေ​။ မုယောပင်​အစား ပေါင်းပင်​ပေါက်​ပါစေ​”​ဟု မြွက်ဆို​လေ​၏​။ ယောဘ​ပြောဆို​သော​စကား ပြီးဆုံး​ပါ​ပြီ​။