YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 31:24-28

ယောဘဝတ္ထု 31:24-28 MSBZ

ငါ​သည် ရွှေ​ကို​အားကိုး​၍ ရွှေစင်​ကို ကိုးစား​ခဲ့​မိ​လျှင်​၊ ငါ​၌ ဥစ္စာပစ္စည်း​များစွာ​ရှိ​၍ ငါ့​လက်ဝယ်ငွေ​အမြောက်အမြား​ရှိ​သောကြောင့် ငါ​ဝမ်းမြောက်​မိ​ခဲ့​လျှင်​၊ ငါ​သည် တောက်ပ​သော​နေမင်း​နှင့် ကျက်သရေရှိရှိ ရွေ့​နေ​သော​လ​ကို ကြည့်​ပြီး ငါ့​စိတ်​သည် တိတ်တဆိတ်​သွေးဆောင်​ခံရ​၍ လက်အုပ်ချီ​ရှိခိုး​မိ​လျှင် ဤသို့​ပြု​ခြင်း​သည်​လည်း အထက်​အရပ်​ရှိ​ဘုရားသခင်​ကို ငြင်းဆန်​ရာ​ရောက်​သဖြင့် ဒဏ်ခံထိုက်​သော​အပြစ် ဖြစ်​၏​။