YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 31:16-23

ယောဘဝတ္ထု 31:16-23 MSBZ

ငါ​သည် ဆင်းရဲသား​တို့ တောင်းဆို​သည်​ကို မဖြည့်ဆည်း​ပေး​ဘဲ မုဆိုးမ​မျက်နှာ​ကို​လည်း ညှိုးငယ်​စေ​ခဲ့​ဖူး​သလော​။ မိဘမဲ့​အား မ​ကျွေး​ဘဲ ကိုယ့်​မုန့်​ကို ကိုယ်​တစ်ယောက်တည်း​စား​ခဲ့​ဖူး​သလော​။ ငါ​သည် ငယ်စဉ်​ကပင် မိဘမဲ့​ကို ဖခင်​သဖွယ် ကျွေးမွေးစောင့်ရှောက်​ခဲ့​၏​။ အမိ​ဝမ်းတွင်း​မှ​ထွက်လာ​ကတည်းက မုဆိုးမ​ကို မစ​ခဲ့​၏​။ ဝတ်စရာ​မ​ရှိ​၊ ခြုံစရာ​မ​ရှိ​သဖြင့် ဘဝပျက်​နေ​ရ​သည့်​နွမ်းပါး​သူ​တစ်စုံတစ်ဦး​ကို မြင်​ရ​သောအခါ ငါ့​သိုးမွေးထည်​ဖြင့် သူ့​ကို နွေး​အောင်​မ​လုပ်ပေး​ခဲ့​၍ သူ​၏​ကိုယ်​သည်​လည်း ငါ့​ကို ကျေးဇူး​မ​တင်​ခဲ့​လျှင်​၊ မြို့​တံခါး​တွင် ငါ့​ကို​ကူညီ​မည့်​သူ​ကို​တွေ့​သောကြောင့် မိဘမဲ့​တို့​ကို ငါ​လက်ရွယ်​ခဲ့​မိ​လျှင် ငါ့​လက်မောင်း​သည် ပခုံး​မှ ပြုတ်ထွက်​ပါစေ​။ လက်မောင်း​အဆစ် ကျိုး​ပါစေ​။ ဘုရားသခင်​ထံမှ​လာ​မည့်​ဘေးဒုက္ခ​ကို ငါ​ကြောက်​၏​။ ဘုန်း​တော်​ကြောင့် မည်သည့်​အမှု​ကို​မျှ ငါ​မ​ပြု​ဝံ့​ပါ​။