YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 5:1-23

ကမ္ဘာဦးကျမ်း 5:1-23 MSBZ

အာဒံ​၏​သားစဉ်မြေးဆက်​စာရင်း​မှာ ဤသို့​ဖြစ်​၏​။ ဘုရားသခင်​သည် လူ​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ သူ့​ကို ဘုရားသခင်​နှင့်​တစ်ပုံစံတည်း​ပြုလုပ်​၍ ယောက်ျား​နှင့်​မိန်းမ​အဖြစ် သူ​တို့​ကို​ဖန်ဆင်း​တော်မူ​၏​။ ထိုသို့ သူ​တို့​ကို​ဖန်ဆင်း​တော်မူ​သော​နေ့​၌ ကိုယ်တော်​သည် သူ​တို့​ကို​ကောင်းချီးပေး​၍ သူ​တို့​၏​အမည်​ကို လူ ဟု​မှည့်ခေါ်​တော်မူ​၏​။ အာဒံ​သည် အသက်​တစ်ရာ့​သုံးဆယ်​ရှိ​သောအခါ သူ​နှင့်​တစ်ပုံစံတည်း​၊ သူ​၏​ပုံသဏ္ဌာန်​အတိုင်း​ဖြစ်​သော​သား​ကို​ရ​၍ သူ​၏​အမည်​ကို ရှေသ ဟု​မှည့်ခေါ်​လေ​၏​။ ရှေသ​ကို​ရ​ပြီးနောက် အာဒံ​သည် အနှစ်​ရှစ်​ရာ​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ အာဒံ​သည် နှစ်​ပေါင်း​ကိုး​ရာ့​သုံးဆယ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။ ရှေသ​သည် အသက်​တစ်ရာ့​ငါး​နှစ်​ရှိ​သောအခါ သား​ဧနုတ်​ကို​ရ​၏​။ ဧနုတ်​ကို​ရ​ပြီးနောက် ရှေသ​သည် ရှစ်​ရာ့​ခုနစ်​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ ရှေသ​သည် နှစ်​ပေါင်း​ကိုး​ရာ​တစ်ဆယ့်နှစ်​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။ ဧနုတ်​သည် အသက်​ကိုးဆယ်​ရှိ​သောအခါ သား​ကာဣနန်​ကို​ရ​၏​။ ကာဣနန်​ကို​ရ​ပြီးနောက် ဧနုတ်​သည် ရှစ်​ရာ​တစ်ဆယ့်ငါး​နှစ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ ဧနုတ်​သည် နှစ်​ပေါင်း​ကိုး​ရာ့​ငါး​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။ ကာဣနန်​သည် အသက်​ခုနစ်ဆယ်​ရှိ​သောအခါ သား​မဟာလေလ​ကို​ရ​၏​။ မဟာလေလ​ကို​ရ​ပြီးနောက် ကာဣနန်​သည် အနှစ်​ရှစ်​ရာ့​လေးဆယ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ ကာဣနန်​သည် နှစ်​ပေါင်း​ကိုး​ရာ့​တစ်ဆယ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။ မဟာလေလ​သည် အသက်​ခြောက်ဆယ့်​ငါး​နှစ်​ရှိ​သောအခါ သား​ယာရက်​ကို​ရ​၏​။ ယာရက်​ကို​ရ​ပြီးနောက် မဟာလေလ​သည် အနှစ်​ရှစ်​ရာ့​သုံးဆယ်​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ မဟာလေလ​သည် နှစ်​ပေါင်း​ရှစ်​ရာ​ကိုးဆယ့်​ငါး​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။ ယာရက်​သည် အသက်​တစ်ရာ​ခြောက်ဆယ့်​နှစ်​နှစ်​ရှိ​သောအခါ သား​ဧနောက်​ကို​ရ​၏​။ ဧနောက်​ကို​ရ​ပြီးနောက် ယာရက်​သည် အနှစ်​ရှစ်​ရာ​အသက်ရှင်​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ ယာရက်​သည် နှစ်​ပေါင်း​ကိုး​ရာ​ခြောက်ဆယ့်​နှစ်​နှစ်​အသက်ရှင်​ပြီးနောက် သေဆုံး​လေ​၏​။ ဧနောက်​သည် အသက်​ခြောက်ဆယ့်​ငါး​နှစ်​ရှိ​သောအခါ သား​မသုရှလ​ကို​ရ​၏​။ မသုရှလ​ကို​ရ​ပြီးနောက် ဧနောက်​သည် အနှစ်​သုံး​ရာ​ပတ်လုံး ဘုရားသခင်​နှင့်အတူ​သွားလာ​လျက် အခြား​သော​သား​သမီး​များ​ကို​ရ​သေး​၏​။ ဧနောက်​သည် နှစ်​ပေါင်း​သုံး​ရာ​ခြောက်ဆယ့်​ငါး​နှစ်​အသက်ရှင်​ခဲ့​၏​။