YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 31:4-7

ကမ္ဘာဦးကျမ်း 31:4-7 MSBZ

ထို့ကြောင့် ယာကုပ်​သည် လူ​လွှတ်​၍ ရာခေလ​နှင့်​လေအာ​ကို မိမိ​၏​သိုးဆိတ်​တို့​ရှိ​ရာ​ကွင်းပြင်​သို့ ခေါ်လာ​စေ​ပြီးလျှင် သူ​တို့​အား “​သင်​တို့​ဖခင်​၏​မျက်နှာထား​သည် ယခင်က​ကဲ့သို့​မ​ဟုတ်​တော့​သည်​ကို ငါ​သိမြင်​၏​။ သို့သော် ငါ့​ဖခင်​၏​ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​တော်မူ​၏​။ ငါ​သည် သင်​တို့​၏​ဖခင်​ကို အစွမ်း​ရှိသမျှ​ဖြင့်​အစေခံ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏​။ သို့သော် သင်​တို့​၏​ဖခင်​သည် ငါ့​ကို​လှည့်စား​၍ ငါ​၏​လုပ်အားခ​ကို ဆယ်​ကြိမ်​တိုင်တိုင်​ပြောင်းလဲ​ခဲ့​ပြီ​။ သို့ရာတွင် ငါ့​ကို​ထိခိုက်နစ်နာ​စေရန် ဘုရားသခင်​သည် သူ့​ကို​ခွင့်​ပေး​တော်​မ​မူ​။