YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 22:15-18

ကမ္ဘာဦးကျမ်း 22:15-18 MSBZ

တစ်ဖန် ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​နေ​၍ အာဗြဟံ​ကို ဒုတိယအကြိမ် ခေါ်​ပြီးလျှင် “​ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​မှာ ဤသို့​တည်း​။ သင်​သည် သင်​၏​သား​၊ သင်​၏​တစ်ဦးတည်း​သော​သား​ကို​ပင် ပူဇော်​ရန်​မ​ငြင်းဆို​ဘဲ ဤ​အမှု​ကို​ပြု​ခဲ့​သဖြင့် ငါ​သည် ကိုယ့်ကိုယ်ကို​တိုင်တည်​၍ ကျိန်ဆို​သည်​ကား ငါ​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​၍ သင်​၏​အမျိုးအနွယ်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲပွင့်​နှင့်အမျှ အလွန်​များပြား​စေ​မည်​။ သင်​၏​အမျိုးအနွယ်​သည် ရန်သူ​တို့​၏​မြို့​တံခါး​ကို သိမ်းပိုက်​လိမ့်မည်​။ ကမ္ဘာမြေကြီး​ပေါ်​ရှိ​လူမျိုး​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီးမင်္ဂလာ​ခံစား​ရ​ကြ​လိမ့်မည်​။ အကြောင်းမူကား သင်​သည် ငါ့​စကား​ကို​နားထောင်​သောကြောင့်​ဖြစ်​၏​”​ဟု မြွက်ဆို​၏​။