YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦးကျမ်း 19:26-29

ကမ္ဘာဦးကျမ်း 19:26-29 MSBZ

နောက်မှ​လိုက်လာ​သော လောတ​၏​မယား​မူကား နောက်​လှည့်ကြည့်​သဖြင့် ဆား​တိုင်​ဖြစ်သွား​လေ​၏​။ အာဗြဟံ​သည် နံနက်​စောစောထ​၍ ထာဝရဘုရား​၏​ရှေ့​တော်​၌ ရပ်​ခဲ့​သော​အရပ်​သို့ သွား​ပြီးလျှင် သောဒုံ​မြို့​နှင့်​ဂေါမောရ​မြို့​မှစ၍ မြစ်ဝှမ်း​တစ်ဝှမ်းလုံး​ကို အပေါ်စီး​မှ​ကြည့်​လေ​ရာ ထို​အရပ်​မှ​မီးခိုး​သည် မီးပြင်းဖို​မှ​မီးခိုး​ကဲ့သို့ တက်​နေ​သည်​ကို​မြင်​လေ​၏​။ ထိုသို့ မြစ်ဝှမ်း​ရှိ​မြို့​များ​ကို ဘုရားသခင်​ဖျက်ဆီး​သောအခါ ဘုရားသခင်​သည် အာဗြဟံ​ကို​အောက်မေ့​တော်မူ​၏​။ သို့ဖြစ်၍ လောတ​နေ​သော​မြို့​များ​ကို ဖြိုလှဲ​သောအခါ လောတ​ကို​ထို​ဖြိုလှဲ​ခြင်း​ထဲ​မှ လွှတ်ပေး​တော်မူ​၏​။