ဧဇရမှတ်စာ 8:1-20
ဧဇရမှတ်စာ 8:1-20 MSBZ
အာတဇေရဇ်မင်းလက်ထက်တွင် ဘေဘီလုံမြို့မှ ငါနှင့်အတူပြန်လိုက်လာသောသူတို့၏ဘိုးဘေးအကြီးအမှူးများနှင့် သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းမှာ ဖိနဟတ်သားမြေးမှ ဂေရရှုံ၊ ဣသမာသားမြေးမှ ဒံယေလ၊ ဒါဝိဒ်သားမြေးမှ ဟတ္တုတ်၊ ရှေခနိအမျိုး ပါရုတ်သားမြေးမှ ဆင်းသက်လာသောဇာခရိနှင့်အတူ စာရင်းဝင်ယောက်ျားပေါင်း အယောက်တစ်ရာ့ငါးဆယ်၊ ပါဟတ်မောဘသားမြေးမှ ဇေရဟိ၏သားဧလဲဩနဲနှင့်အတူ ယောက်ျားအယောက်နှစ်ရာ၊ ရှေခနိသားမြေးမှ ယဟာဇေလ၏သားနှင့်အတူ ယောက်ျားအယောက်သုံးရာ၊ အာဒိန်သားမြေးမှ ယောနသန်၏သားဧဗက်နှင့်အတူ ယောက်ျားအယောက်ငါးဆယ်၊ ဧလံသားမြေးမှ အာသလိ၏သားယေရှာယနှင့်အတူ ယောက်ျားအယောက်ခုနစ်ဆယ်၊ ရှေဖတိသားမြေးမှ မိက္ခေလ၏သားဇေဗဒိနှင့်အတူ ယောက်ျားအယောက်ရှစ်ဆယ်၊ ယွာဘသားမြေးမှ ယေဟေလ၏သားဩဗဒိနှင့်အတူ ယောက်ျားနှစ်ရာတစ်ဆယ့်ရှစ်ယောက်၊ ရှေလောမိတ်သားမြေးမှ ယောသိဖိ၏သားနှင့်အတူ ယောက်ျားအယောက်တစ်ရာ့ခြောက်ဆယ်၊ ဗေဗဲသားမြေးမှ ဗေဗဲ၏သားဇာခရိနှင့်အတူ ယောက်ျားနှစ်ဆယ့်ရှစ်ယောက်၊ အာဇဂဒ်သားမြေးမှ ဟက္ကတန်၏သားယောဟနန်နှင့်အတူ ယောက်ျားအယောက်တစ်ရာ့တစ်ဆယ်တို့ဖြစ်ကြ၏။ နောက်ဆုံးမှရောက်လာသောသူများတွင် အဒေါနိကံသားမြေးများဖြစ်သော ဧလိဖလက်၊ ယေယေလ၊ ရှေမာယတို့နှင့်အတူ ယောက်ျားအယောက်ခြောက်ဆယ်၊ ဗိဂဝဲသားမြေးမှ ဥသဲ၊ ဇက္ကုရတို့နှင့်အတူ ယောက်ျားပေါင်းအယောက်ခုနစ်ဆယ်တို့ပါ၏။ အဟာဝမြို့သို့စီးဆင်းသောမြစ်ကမ်းနံဘေး၌ သူတို့ကိုစုဝေးစေပြီး သုံးရက်ခန့် စခန်းချကြ၏။ ထိုနေရာတွင် အစ္စရေးလူအုပ်ကြား၊ ယဇ်ပုရောဟိတ်တို့ကြားတွင် ငါစစ်ဆေးကြည့်ရာ လေဝိသားတစ်ယောက်ကိုမျှ မတွေ့။ ထို့ကြောင့် အကြီးအမှူးများဖြစ်သော ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ ဧလနာသန်၊ ယာရိပ်၊ ဧလနာသန်၊ နာသန်၊ ဇာခရိ၊ မေရှုလံနှင့် ပညာရှင် ယောယရိပ်နှင့် ဧလနာသန်တို့ကို ခေါ်ပြီးလျှင် ကသိဖိအရပ်ရှိ အကြီးအမှူးဣဒေါထံသို့ စေလွှတ်၍ ငါတို့ဘုရားသခင်၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်မည့်သူများကို ပို့ဆောင်ပေးပါဟု ကသိဖိအရပ်ရှိဣဒေါနှင့် သူ့ညီအစ်ကိုဗိမာန်တော်အစေအပါးတို့အား အမှာစကား ပါးလိုက်၏။ ဘုရားသခင်သည် ငါတို့နှင့်အတူရှိ၍ ကျေးဇူးပြုတော်မူသောကြောင့် အစ္စရေးလူမျိုး လေဝိအနွယ်ဝင် မဟာလိသားမြေးမှ ကျမ်းတတ်ဆရာ ရှေရဘိနှင့်အတူ သူ၏သားများနှင့် သူ၏ဆွေမျိုးသားချင်း စုစုပေါင်းတစ်ဆယ့်ရှစ်ယောက်၊ ဟာရှဘိနှင့်အတူ မေရာရိသားမြေးမှ ယေရှာယ၏ညီအစ်ကိုများနှင့် သူတို့၏သားများ စုစုပေါင်း အယောက်နှစ်ဆယ်၊ ဗိမာန်တော်အစေအပါးတို့တွင် လေဝိအမျိုးတို့အမှုတော်ထမ်းရာ၌ ကူညီပေးရန် ဒါဝိဒ်မင်းကြီးနှင့်အကြီးအကဲတို့ ခန့်ထားခဲ့သောဗိမာန်တော်အစေအပါး အယောက်နှစ်ရာ့နှစ်ဆယ်တို့ကို တစ်ယောက်မကျန်အမည်စာရင်းနှင့်တကွ ပို့ဆောင်ပေး၏။