ဧဇရမှတ်စာ 2:1-35
ဧဇရမှတ်စာ 2:1-35 MSBZ
ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည် နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။ ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား ပါရုတ်သားမြေး နှစ်ထောင့်တစ်ရာခုနစ်ဆယ့်နှစ်ယောက်၊ ရှေဖတိသားမြေး သုံးရာခုနစ်ဆယ့်နှစ်ယောက်၊ အာရာသားမြေး ခုနစ်ရာခုနစ်ဆယ့်ငါးယောက်၊ ယေရွှာနှင့် ယွာဘသားမြေးတို့မှဆင်းသက်လာသော ပါဟတ်မောဘသားမြေး နှစ်ထောင့်ရှစ်ရာတစ်ဆယ့်နှစ်ယောက်၊ ဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊ ဇတ္တုသားမြေး ကိုးရာလေးဆယ့်ငါးယောက်၊ ဇက္ခဲသားမြေး အယောက်ခုနစ်ရာခြောက်ဆယ်၊ ဗာနိသားမြေး ခြောက်ရာလေးဆယ့်နှစ်ယောက်၊ ဗေဗဲသားမြေး ခြောက်ရာနှစ်ဆယ့်သုံးယောက်၊ အာဇဂဒ်သားမြေး တစ်ထောင့်နှစ်ရာနှစ်ဆယ့်နှစ်ယောက်၊ အဒေါနိကံသားမြေး ခြောက်ရာခြောက်ဆယ့်ခြောက်ယောက်၊ ဗိဂဝဲသားမြေး နှစ်ထောင့်ငါးဆယ့်ခြောက်ယောက်၊ အာဒိန်သားမြေး လေးရာငါးဆယ့်လေးယောက်၊ ဟေဇကိမှ ဆင်းသက်လာသော အာတာသားမြေး ကိုးဆယ့်ရှစ်ယောက်၊ ဗေဇဲသားမြေး သုံးရာနှစ်ဆယ့်သုံးယောက်၊ ယောရသားမြေး တစ်ရာတစ်ဆယ့်နှစ်ယောက်၊ ဟာရှုံသားမြေး နှစ်ရာနှစ်ဆယ့်သုံးယောက်၊ ဂိဗ္ဗာသားမြေး ကိုးဆယ့်ငါးယောက်၊ ဗက်လင်မြို့သား တစ်ရာနှစ်ဆယ့်သုံးယောက်၊ နေတောဖမြို့သား ငါးဆယ့်ခြောက်ယောက်၊ အာနသုတ်မြို့သား တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊ အာဇမာဝက်မြို့သား လေးဆယ့်နှစ်ယောက်၊ ကိရယသာရိမ်မြို့သား၊ ခေဖိရမြို့သားနှင့် ဗေရုတ်မြို့သား စုစုပေါင်း ခုနစ်ရာလေးဆယ့်သုံးယောက်၊ ရာမမြို့သားနှင့် ဂေဗမြို့သား စုစုပေါင်း ခြောက်ရာနှစ်ဆယ့်တစ်ယောက်၊ မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ့်နှစ်ယောက်၊ ဗေသလမြို့သားနှင့် အာဣမြို့သား စုစုပေါင်း နှစ်ရာနှစ်ဆယ့်သုံးယောက်၊ နေဗောမြို့သား ငါးဆယ့်နှစ်ယောက်၊ မာဂဗိတ်မြို့သား တစ်ရာငါးဆယ့်ခြောက်ယောက်၊ အခြားဧလံသားမြေး တစ်ထောင့်နှစ်ရာငါးဆယ့်လေးယောက်၊ ဟာရိမ်သားမြေး အယောက်သုံးရာနှစ်ဆယ်၊ လောဒမြို့သား၊ ဟာဒိဒ်မြို့သားနှင့် ဩနောမြို့သား စုစုပေါင်း ခုနစ်ရာနှစ်ဆယ့်ငါးယောက်၊ ဂျေရိခေါမြို့သား သုံးရာလေးဆယ့်ငါးယောက်၊ သေနာမြို့သား အယောက်သုံးထောင်ခြောက်ရာ့သုံးဆယ် ဖြစ်၏။