YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဇရမှတ်စာ 2:1-35

ဧဇရမှတ်စာ 2:1-35 MSBZ

ဤသည်ကား ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ဖမ်းခေါ်​သွား​သဖြင့် သုံ့ပန်း​အဖြစ် ဘေဘီလုံ​ပြည် နယ်မြေဒေသ​အသီးသီး​သို့​ရောက်သွား​ကြ​ပြီး သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍ ယုဒ​ပြည်​၊ ဂျေရုဆလင်​မြို့​ရှိ မိမိ​တို့​နေရပ်​အသီးသီး​သို့​ပြန်လာ​ကြ​သော​သူ​များ ဖြစ်​ကြ​၏​။ ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ စရာယ​၊ ရေလာယ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပါ​၊ ဗိဂဝဲ​၊ ရေဟုံ​၊ ဗာနာ​တို့​နှင့်အတူ​လိုက်ပါ​လာ​သော အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား ပါရုတ်​သားမြေး နှစ်ထောင့်​တစ်ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊ ရှေဖတိ​သားမြေး သုံး​ရာ​ခုနစ်ဆယ့်​နှစ်​ယောက်​၊ အာရာ​သားမြေး ခုနစ်​ရာ​ခုနစ်ဆယ့်​ငါး​ယောက်​၊ ယေရွှာ​နှင့် ယွာဘ​သားမြေး​တို့​မှ​ဆင်းသက်​လာ​သော ပါဟတ်မောဘ​သားမြေး နှစ်ထောင့်​ရှစ်​ရာ​တစ်ဆယ့်နှစ်​ယောက်​၊ ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊ ဇတ္တု​သားမြေး ကိုး​ရာ​လေးဆယ့်​ငါး​ယောက်​၊ ဇက္ခဲ​သားမြေး အယောက်​ခုနစ်​ရာ​ခြောက်ဆယ်​၊ ဗာနိ​သားမြေး ခြောက်​ရာ​လေးဆယ့်​နှစ်​ယောက်​၊ ဗေဗဲ​သားမြေး ခြောက်​ရာ​နှစ်ဆယ့်​သုံး​ယောက်​၊ အာဇဂဒ်​သားမြေး တစ်ထောင့်​နှစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊ အဒေါနိကံ​သားမြေး ခြောက်​ရာ​ခြောက်ဆယ့်​ခြောက်​ယောက်​၊ ဗိဂဝဲ​သားမြေး နှစ်ထောင့်​ငါးဆယ့်​ခြောက်​ယောက်​၊ အာဒိန်​သားမြေး လေး​ရာ​ငါးဆယ့်​လေး​ယောက်​၊ ဟေဇကိ​မှ ဆင်းသက်​လာ​သော အာတာ​သားမြေး ကိုးဆယ့်​ရှစ်​ယောက်​၊ ဗေဇဲ​သားမြေး သုံး​ရာ​နှစ်ဆယ့်​သုံး​ယောက်​၊ ယောရ​သားမြေး တစ်ရာ​တစ်ဆယ့်နှစ်​ယောက်​၊ ဟာရှုံ​သားမြေး နှစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊ ဂိဗ္ဗာ​သားမြေး ကိုးဆယ့်​ငါး​ယောက်​၊ ဗက်လင်​မြို့သား တစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊ နေတောဖ​မြို့သား ငါးဆယ့်​ခြောက်​ယောက်​၊ အာနသုတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​ရှစ်​ယောက်​၊ အာဇမာဝက်​မြို့သား လေးဆယ့်​နှစ်​ယောက်​၊ ကိရယသာရိမ်​မြို့သား​၊ ခေဖိရ​မြို့သား​နှင့် ဗေရုတ်​မြို့သား စုစုပေါင်း ခုနစ်​ရာ​လေးဆယ့်​သုံး​ယောက်​၊ ရာမ​မြို့သား​နှင့် ဂေဗ​မြို့သား စုစုပေါင်း ခြောက်​ရာ​နှစ်ဆယ့်​တစ်​ယောက်​၊ မိတ်မတ်​မြို့သား တစ်ရာ​နှစ်ဆယ့်​နှစ်​ယောက်​၊ ဗေသလ​မြို့သား​နှင့် အာဣ​မြို့သား စုစုပေါင်း နှစ်ရာ​နှစ်ဆယ့်​သုံး​ယောက်​၊ နေဗော​မြို့သား ငါးဆယ့်​နှစ်​ယောက်​၊ မာဂဗိတ်​မြို့သား တစ်ရာ​ငါးဆယ့်​ခြောက်​ယောက်​၊ အခြား​ဧလံ​သားမြေး တစ်ထောင့်​နှစ်ရာ​ငါးဆယ့်​လေး​ယောက်​၊ ဟာရိမ်​သားမြေး အယောက်​သုံး​ရာ​နှစ်ဆယ်​၊ လောဒ​မြို့သား​၊ ဟာဒိဒ်​မြို့သား​နှင့် ဩနော​မြို့သား စုစုပေါင်း ခုနစ်​ရာ​နှစ်ဆယ့်​ငါး​ယောက်​၊ ဂျေရိခေါ​မြို့သား သုံး​ရာ​လေးဆယ့်​ငါး​ယောက်​၊ သေနာ​မြို့သား အယောက်​သုံး​ထောင်​ခြောက်​ရာ့​သုံးဆယ် ဖြစ်​၏​။