YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 29:1-4

ထွက်မြောက်ရာကျမ်း 29:1-4 MSBZ

အာရုန်​နှင့်​သူ​၏​သား​တို့​သည် ယဇ်ပုရောဟိတ်​အဖြစ် ငါ့​ထံ၌​အမှု​တော်​ကို​ဆောင်ရွက်​ရာ​တွင် သူ​တို့​သန့်ရှင်း​ရန် သင်​ပြု​ရ​မည့်​အရာ​ကား ဤသို့​တည်း​။ နွားအုပ်​ထဲမှ နွားထီးပျို​တစ်​ကောင်​နှင့် အပြစ်အနာအဆာကင်း​သော​သိုးထီး​နှစ်​ကောင်​ကို ယူ​လော့​။ တဆေးမဲ့​မုန့်​၊ ဆီ​နှင့်​ရော​သော​တဆေးမဲ့​မုန့်ဝိုင်း​၊ ဆီ​နှင့်​လူး​သော​တဆေးမဲ့​မုန့်ကြွပ်​တို့​ကို အကောင်းဆုံး​ဂျုံမှုန့်​ဖြင့်​လုပ်​ပြီးလျှင် တောင်း​တစ်​လုံး​ထဲ၌​ထည့်​၍ ထို​တောင်း​ထဲ​ရှိ​မုန့်​များ​နှင့်အတူ နွားထီး​တစ်​ကောင်​နှင့်​သိုးထီး​နှစ်​ကောင်​ကို ယူဆောင်​ခဲ့​ရ​မည်​။ အာရုန်​နှင့်​သူ​၏​သား​တို့​ကို​လည်း တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ ခေါ်လာ​၍ သူ​တို့​ကို ရေ​ဖြင့် ဆေးကြော​ရ​မည်​။