YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 21:33-36

ထွက်မြောက်ရာကျမ်း 21:33-36 MSBZ

တစ်စုံတစ်ဦး​သည် ဖုံးထား​သော​တွင်း​ကို​ဖွင့်​ထား​လျှင်​ဖြစ်စေ​၊ တွင်း​ကို​တူး​၍ မ​ဖုံး​ဘဲ​ထား​လျှင်​ဖြစ်စေ ထို​တွင်း​ထဲသို့ နွား​၊ သို့မဟုတ် မြည်း​တစ်ကောင်ကောင်​ကျ​လျှင် တွင်း​ပိုင်ရှင်​သည် တိရစ္ဆာန်​ပိုင်ရှင်​အား ငွေ​အလျော်ပေး​ရ​မည်​။ သေ​သော​အကောင်​ကို​ကား သူ​ပိုင်​၏​။ တစ်စုံတစ်ဦး​၏​နွား​သည် မိမိ​အိမ်နီးချင်း​၏​နွား​ကို ဝှေ့​သတ်​လျှင် ရှင်​သော​နွား​ကို​ရောင်း​၍ ငွေ​ကို​ခွဲယူ​ကြ​ရ​မည်​။ သေ​သော​အကောင်​ကို​လည်း ခွဲယူ​ကြ​ရ​မည်​။ သို့ရာတွင် နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း​သိ​သော်လည်း ပိုင်ရှင်​သည် ထို​နွား​ကို မ​ထိန်းသိမ်း​လျှင် နွား​တစ်​ကောင်​အတွက် နွား​တစ်​ကောင်​ကို မုချ​အလျော်ပေး​ရ​မည်​။ သေ​သော​အကောင်​ကို​ကား သူ​ပိုင်​၏​။