YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 1:4-7

ဧဖက်ဩဝါဒစာ 1:4-7 MSBZ

ငါ​တို့​သည် ရှေ့​တော်​၌ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သော​သူ​ဖြစ်​ကြ​မည့်​အကြောင်း ဘုရားသခင်​သည် ကမ္ဘာ​မ​တည်​မ​ရှိ​မီ​က​ပင် ငါ​တို့​ကို ခရစ်တော်​၌​ရွေးကောက်​တော်မူ​ပြီး မိမိ​အလို​တော်​နှင့်ညီသော​စေတနာ​အတိုင်း ယေရှု​ခရစ်တော်​အားဖြင့် ငါ​တို့​ကို မိမိ​၏​သားသမီး​အရာ​၌ မေတ္တာ​တော်​ဖြင့် ကြိုတင်​သတ်မှတ်​ထား​တော်မူ​၏။ ဤသည်ကား ချစ်​တော်မူ​သော​သား​တော်​အားဖြင့် ငါ​တို့​အား​ပေး​သနား​တော်မူ​သော မိမိ​ကျေးဇူး​တော်​၏​ဘုန်း​တော်​ကို ငါ​တို့​ချီးမွမ်း​ကြ​မည့်​အကြောင်း​တည်း။ ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။

ဧဖက်ဩဝါဒစာ 1:4-7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။