YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:20-22

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:20-22 MSBZ

ငါ​တို့​၏​သခင်​နှင့် ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​သိ​ခြင်း​အားဖြင့် လောကီ​ညစ်ညူး​ခြင်း​မှ လွတ်မြောက်​ကြ​ပြီးနောက် ထို​အရာ​များ​နှင့် တစ်ဖန်​ပတ်သက်​ငြိတွယ်​လျက် အနိုင်ယူ​စိုးမိုး​ခြင်း​ကို​ခံရ​လျှင် သူ​တို့​၏​နောက်​ဖြစ်အင်​သည် ရှေ့​ဖြစ်အင်​ထက် ဆိုးရွား​လေ​၏။ အကြောင်းမူကား ဖြောင့်မတ်​ခြင်း​လမ်း​ကို​သိ​လျက်​နှင့် မိမိ​တို့​ထံ​ပေးအပ်​ထား​သည့် သန့်ရှင်း​သော​ပညတ်​တော်​ကို ကျောခိုင်း​သည်​ထက် ၎င်း​ကို​မ​သိ​ခဲ့​လျှင် သူ​တို့​အတွက် သာ၍​ကောင်း​၏။ ခွေး​သည် မိမိ​အန်ဖတ်​ကို​ပြန်​စား​တတ်​၏။ ရေချိုး​ပြီး​သော​ဝက်​သည် ရွှံ့​တွင်​ပြန်​လူး​တတ်​၏​ဟူသော မှန်ကန်​သည့်​ဆိုရိုး​စကား​အတိုင်း ထို​သူ​တို့​၌​ဖြစ်ပျက်​လေ​ပြီ။