YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်စတုတ္ထစောင် 22:3-7

ဓမ္မရာဇဝင်စတုတ္ထစောင် 22:3-7 MSBZ

ယောရှိ​မင်းကြီး နန်းစံ​တစ်ဆယ့်ရှစ်​နှစ်​တွင် မင်းကြီး​သည် မေရှုလံ​၏​မြေး​၊ အာဇလိ​၏​သား စာရေးတော်ကြီး​ရှာဖန်​ကို ထာဝရဘုရား​၏​အိမ်​တော်​သို့ စေလွှတ်​၍ “​ယဇ်ပုရောဟိတ်​မင်း​ဟိလခိ​ထံ​သွား​ပြီးလျှင် လူ​တို့​ထံမှ တံခါးစောင့်​တို့​ကောက်ခံ​၍ ထာဝရဘုရား​၏​အိမ်​တော်​သို့​ယူဆောင်​လာ​သော​ငွေ​ကို ရေတွက်​စေ​ပါ​။ ထို​ငွေ​ကို ထာဝရဘုရား​၏​အိမ်​တော်​၌ ခန့်ထား​သော​အလုပ်​ကြီးကြပ်​သူ​တို့​ကို ပေး​စေ​ပါ​။ အလုပ်ကြီးကြပ်​သူ​တို့​သည် ထို​ငွေ​အား ပျက်စီး​သွား​သော​အိမ်​တော်​ကို ပြန်လည်​ပြုပြင်​ရန် ထာဝရဘုရား​၏​အိမ်​တော်​တွင်​အလုပ်​လုပ်​သော​အလုပ်သမား​များ​ကို ပေး​စေ​ပါ​။ အိမ်​တော်​ကို​ပြုပြင်​ရန် လိုအပ်​သော ဆစ်ပြီးသားကျောက်​များ​၊ သစ်သား​များ​ကို ဝယ်ယူ​ဖို့​ရန်​အတွက် လက်သမား​များ​၊ ဆောက်လုပ်ရေးသမား​များ​၊ ပန်းရန်သမား​များ​ကို ပေး​စေ​ပါ​”​ဟု မိန့်မှာ​လိုက်​၏​။ သူ​တို့​သည် သစ္စာရှိ​စွာ​အလုပ်လုပ်​သူ​များ​ဖြစ်​သောကြောင့် သူ​တို့​လက်​သို့ ပေးအပ်​သော​ငွေ​များ​ကို စာရင်းရေးမှတ်​ပြုစု​ထား​ရန်​မ​လို​ပေ​။