YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 6:49-81

ရာဇဝင်ချုပ်ပထမစောင် 6:49-81 MSBZ

အာရုန်​နှင့်​သူ​၏​သားမြေး​တို့​မူကား ဘုရားသခင်​၏​အစေအပါး​မောရှေ မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် နံ့သာပေါင်း​ယဇ်ပလ္လင်​တို့​တွင် မီးရှို့ပူဇော်​ခြင်း​ဖြင့် အသန့်ရှင်းဆုံးဌာန​၏​အမှု​အလုံးစုံ​တို့​ကို ထမ်းဆောင်​ရ​၍ အစ္စရေး​လူမျိုး​တို့​အဖို့ အပြစ်ဖြေလွှတ်​ခြင်း​ဝတ်​ကို​လည်း ပြု​ပေး​ရ​၏​။ အာရုန်​၏​သားမြေး​များ​ကား အာရုန်​၏​သား​မှာ ဧလာဇာ​၊ ဧလာဇာ​၏​သား​မှာ ဖိနဟတ်​၊ ဖိနဟတ်​၏​သား​မှာ အဘိရွှ​၊ အဘိရွှ​၏​သား​မှာ ဗုက္ကိ​၊ ဗုက္ကိ​၏​သား​မှာ ဩဇိ​၊ ဩဇိ​၏​သား​မှာ ဇေရဟိ​၊ ဇေရဟိ​၏​သား​မှာ မေရာယုတ်​၊ မေရာယုတ်​၏​သား​မှာ အာမရိ​၊ အာမရိ​၏​သား​မှာ အဟိတုပ်​၊ အဟိတုပ်​၏​သား​မှာ ဇာဒုတ်​၊ ဇာဒုတ်​၏​သား​မှာ အဟိမတ် ဖြစ်​၏​။ အာရုန်​၏​သားမြေး​များ​ဖြစ်​သော ကောဟတ်​မျိုးနွယ်စု​တို့ မဲကျ​၍​ရ​သော​နယ်မြေ​အတွင်း စခန်းချ​နေထိုင်​ရ​သော​နေရာ​များ​မှာ ဤသို့​ဖြစ်​၏​။ သူ​တို့​အား ယုဒ​နယ်မြေ​ရှိ ဟေဗြုန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေပေး​၏​။ ဟေဗြုန်​မြို့​ရှိ လယ်ယာ​များ​၊ ရွာ​များ​ကို​မူ ယေဖုန္နာ​၏​သား​ကာလက်​အား ခွဲဝေပေး​၏​။ အာရုန်​၏​သားမြေး​များ​အား ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဟေဗြုန်​မြို့​အပါအဝင် လိဗန​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယတ္တိရ​မြို့​၊ ဧရှတမော​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟိလိန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒေဗိရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာရှန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗက်ရှေမက်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗင်္ယာမိန်​အမျိုးအနွယ်​၏​နယ်မြေ​ထဲမှ ဂေဗ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာလမက်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာနသုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စုစုပေါင်း​မြို့​တစ်ဆယ့်သုံး​မြို့​ကို သူ​တို့​မျိုးနွယ်စု​အတွက် ခွဲဝေ​ပေး​၏​။ ကောဟတ်​အမျိုးအနွယ်​၏​မျိုးနွယ်စု​ထဲမှ ကြွင်းကျန်​သော​ကောဟတ်​သားမြေး​တို့​အဖို့ မဲချ​ရာ မနာရှေ​အမျိုး​တစ်ဝက်​တို့​ထံမှ မြို့​ဆယ်​မြို့​ကို ရ​ကြ​၏​။ ဂေရရှုံ​အမျိုး​၏​မျိုးနွယ်စု​အလိုက် ဂေရရှုံ​သားမြေး​တို့​အဖို့ မဲချ​ရာ ဣသခါ​အမျိုးအနွယ်​၊ အာရှာ​အမျိုးအနွယ်​၊ နဿလိ​အမျိုးအနွယ်​၊ ဗာရှန်​ပြည်​ရှိ​မနာရှေ​အမျိုးအနွယ် တို့​ထံမှ မြို့​တစ်ဆယ့်သုံး​မြို့​ကို ရ​ကြ​၏​။ မေရာရိ​အမျိုး​၏​မျိုးနွယ်စု​အလိုက် မေရာရိ​သားမြေး​တို့​အဖို့ မဲချ​ရာ ရုဗင်​အမျိုးအနွယ်​၊ ဂဒ်​အမျိုးအနွယ်​၊ ဇာဗုလုန်​အမျိုးအနွယ်​တို့​ထံမှ မြို့​တစ်ဆယ့်နှစ်​မြို့​ကို ရ​ကြ​၏​။ ဤသို့ဖြင့် အစ္စရေး​အမျိုးသား​တို့​က လေဝိ​အမျိုး​တို့​အား မြို့​များ​နှင့် စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​ကြ​၏​။ ယုဒ​အမျိုးအနွယ်​၊ ရှိမောင်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ် တို့​ထံမှ​လည်း မြို့​များ​ကို နာမည်​နှင့်တကွ သူ​တို့​အား မဲချ​ခွဲဝေ​ပေး​၏​။ ကောဟတ်​သားမြေး​ထဲမှ အချို့​မျိုးနွယ်စု​တို့​မှာ ဧဖရိမ်​အမျိုးအနွယ်​ပိုင် နယ်မြေ​များ​ထဲမှ မြို့​များ​ကို ရရှိ​ကြ​၏​။ သူ​တို့​အား ခွဲဝေ​ပေး​သော​မြို့​များ​မှာ ခိုလှုံ​ရာ​မြို့​များ​ဖြစ်​သော ဧဖရိမ်​တောင်​ပေါ်ရှိ ရှေခင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယောကမံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗေသောရုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ​အာယလုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂါသရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ ဖြစ်​၏​။ ကြွင်းကျန်​သော​ကောဟတ်​သားမြေး​မှ မျိုးနွယ်စု​တို့​အား မနာရှေ​အမျိုးအနွယ်​တစ်ဝက်​တို့​ထံမှ အာနေရ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဗိလံ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​ကို ခွဲဝေ​ပေး​၏​။ ဂေရရှုံ​သားမြေး​တို့​ကို​မူ မနာရှေ​အမျိုးအနွယ်​တစ်ဝက်​၏​မျိုးနွယ်စု​ထံမှ ဗာရှန်​ပြည်​ရှိ​ဂေါလန်​မြို့​နှင့် ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာရှတရုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဣသခါ​အမျိုးအနွယ်​ထံမှ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဒါဗရတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာနင်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာရှာ​အမျိုးအနွယ်​ထံမှ မိရှလ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ အာဗဒုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟုကုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ရဟောဘ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ နဿလိ​အမျိုးအနွယ်​ထံမှ ဂါလိလဲ​ပြည်​၊ ကေဒေရှ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကိရယသိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်ဖြင့် ခွဲဝေ​ပေး​ကြ​၏​။ ကြွင်းကျန်​သော​မေရာရိ​သားမြေး​များ​အဖို့ ဇာဗုလုန်​အမျိုးအနွယ်​ထံမှ ရိမ္မုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ တာဗော်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ရုဗင်​အမျိုးအနွယ်​ထံမှ ဂျေရိခေါ​မြို့​နှင့်​မျက်နှာချင်းဆိုင် ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ ဂျော်ဒန်​မြစ်​အရှေ့ဘက် တောကန္တာရ​ရှိ​ဗေဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ကေဒမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မေဖတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဂဒ်​အမျိုးအနွယ်​ထံမှ ဂိလဒ်​ပြည်​၊ ရာမုတ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ မဟာနိမ်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ဟေရှဘုန်​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ​၊ ယာဇာ​မြို့​နှင့်​ဝန်းကျင်​ရှိ​စားကျက်မြေ​များ စသည်ဖြင့် ခွဲဝေ​ပေး​၏​။