YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 2:18-55

ရာဇဝင်ချုပ်ပထမစောင် 2:18-55 MSBZ

ဟေဇရုံ​၏​သား​ကာလက်​က မယား​အဇုဘ​နှင့်​ယေရုတ်​အားဖြင့် သား​များ​ကို​ရ​၏​။ အဇုဘ​၏​သား​များ​မှာ ယေရှာ​၊ ရှောဗပ်​၊ အာဒုန် တို့​ဖြစ်​ကြ​၏​။ အဇုဘ ကွယ်လွန်​သွား​လျှင် ကာလက်​သည် ဧဖရတ်​နှင့်​စုံဖက်​၍ သား​ဟုရ​ကို​ရ​၏​။ ဟုရ​သည် သား​ဥရိ​ကို​ရ​၏​။ ဥရိ​သည် သား​ဗေဇလေလ​ကို​ရ​၏​။ ဟေဇရုံ​သည် အသက်​ခြောက်ဆယ်​အရွယ်​တွင် ဂိလဒ်​၏​ဖခင်​ဖြစ်​သော​မာခိရ​၏​သမီး​ကို​ယူ​၍ သား​စေဂုပ်​ကို​ရ​၏​။ စေဂုပ်​သည် သား​ယာဣရ​ကို​ရ​၏​။ ယာဣရ​သည် ဂိလဒ်​ပြည်​တွင် မြို့​နှစ်ဆယ့်​သုံး​မြို့​ကို ပိုင်​၏​။ ဂေရှုရ​ပြည်သား​နှင့် ဆီးရီးယား​ပြည်သား​တို့​က ထို​မြို့​များ​ထဲမှ ဟာဝုတ်ယာဣရ​မြို့​ကို​လည်းကောင်း​၊ ကေနတ်​မြို့​နှင့်​ထို​မြို့​ပတ်ဝန်းကျင်​ရှိ​မြို့ရွာ​ပေါင်း​ခြောက်ဆယ်​ကို​လည်းကောင်း သိမ်းပိုက်​လိုက်​ကြ​၏​။ ထို​မြို့​တို့​သည် ဂိလဒ်​၏​ဖခင်​ဖြစ်​သော​မာခိရ​၏​သားမြေး​တို့​ပိုင်​သော​မြို့​များ ဖြစ်​၏​။ ဟေဇရုံ​သည် ကာလက်ဧဖရတ်​အရပ်​၌ ကွယ်လွန်​သွား​၏​။ ဟေဇရုံ​၏​မယား​အဘိယ​သည် သား​အာရှုရ​ကို မွေးဖွား​၍ သူ​သည် တေကော​၏​ဖခင် ဖြစ်​၏​။ ဟေဇရုံ​၏​သားဦး​ဖြစ်​သော​ယေရမေလ​၏​သား​များ​မှာ သားဦး​ရာမ​၊ ဗုန​၊ ဩရင်​၊ ဩဇင်​နှင့် အဟိယ တို့​ဖြစ်​ကြ​၏​။ ယေရမေလ​တွင် အာတရ​ဟု​ခေါ်​သော​မယား​တစ်ဦး ရှိ​သေး​၏​။ သူ​သည် ဩနံ​၏​မိခင် ဖြစ်​၏​။ ယေရမေလ​သားဦး​ဖြစ်​သော​ရာမ​၏​သား​များ​မှာ မာဇ​၊ ယာမိန်​၊ ဧကာ တို့​ဖြစ်​ကြ​၏​။ ဩနံ​၏​သား​များ​မှာ ရှမ္မဲ​နှင့် ယာဒ တို့​ဖြစ်​ကြ​၏​။ ရှမ္မဲ​၏​သား​များ​မှာ နာဒပ်​နှင့် အဘိရှုရ တို့​ဖြစ်​ကြ​၏​။ အဘိရှုရ​၏​မယား​အမည်​မှာ အဘိဟဲလ ဖြစ်​ပြီး သူ​သည် အာဗန်​နှင့်​မောလိဒ် တို့​ကို​မွေးဖွား​၏​။ နာဒပ်​၏​သား​များ​မှာ သေလက်​နှင့်​အပ္ပိမ် တို့​ဖြစ်​ကြ​ပြီး သေလက်​သည် သားသမီး​မ​ရှိ​ဘဲ ကွယ်လွန်​သွား​၏​။ အပ္ပိမ်​၏​သား​မှာ ဣရှိ​၊ ဣရှိ​၏​သား​မှာ ရှေရှန်​၊ ရှေရှန်​၏​သား​မှာ အာလဲ ဖြစ်​၏​။ ရှမ္မဲ​၏​ညီ​ဖြစ်​သော​ယာဒ​၏​သား​များ​မှာ ယေသာ​နှင့်​ယောနသန် တို့​ဖြစ်​ကြ​ပြီး ယေသာ​သည် သားသမီး​မ​ရှိ​ဘဲ ကွယ်လွန်​သွား​၏​။ ယောနသန်​၏​သား​များ​မှာ ပေလက်​နှင့်​ဇာဇ တို့​ဖြစ်​ကြ​၏​။ ဤ​သူ​တို့​ကား ယေရမေလ​၏​သားမြေး​များ ဖြစ်​ကြ​၏​။ ရှေရှန်​၌ သား​မ​ရှိ​။ သမီး​များ​သာ ရှိ​၏​။ ထို့ပြင် ရှေရှန်​၌ ယာဟ​ဟု​ခေါ်​သော အီဂျစ်​ကျွန်​တစ်​ဦး ရှိ​၏​။ ရှေရှန်​သည် သူ့​သမီး​ကို ကျွန်​ယာဟ​နှင့်​ပေးစား​၍ သူ့​သမီး​သည် အတ္တဲ​ကို မွေးဖွား​၏​။ အတ္တဲ​သည် သား​နာသန်​ကို​ရ​၏​။ နာသန်​သည် သား​ဇာဗဒ်​ကို​ရ​၏​။ ဇာဗဒ်​သည် သား​ဧဖလလ​ကို​ရ​၏​။ ဧဖလလ​သည် သား​ဩဗက်​ကို​ရ​၏​။ ဩဗက်​သည် သား​ယေဟု​ကို​ရ​၏​။ ယေဟု​သည် သား​အာဇရိ​ကို​ရ​၏​။ အာဇရိ​သည် သား​ဟေလက်​ကို​ရ​၏​။ ဟေလက်​သည် သား​ဧလာသ​ကို​ရ​၏​။ ဧလာသ​သည် သား​သိသမဲ​ကို​ရ​၏​။ သိသမဲ​သည် သား​ရှလ္လုံ​ကို​ရ​၏​။ ရှလ္လုံ​သည် သား​ယေကမိ​ကို​ရ​၏​။ ယေကမိ​သည် သား​ဧလိရှမာ​ကို​ရ​၏​။ ယေရမေလ​၏​ညီ​ဖြစ်​သော​ကာလက်​၏​သား​များ​တွင် သားဦး​မှာ​မေရှ​၊ မေရှ​၏​သား​မှာ ဇိဖ​၊ ဇိဖ​၏​သား​မှာ မရေရှ​၊ မရေရှ​၏​သား​မှာ ဟေဗြုန်​ဖြစ်​၏​။ ဟေဗြုန်​၏​သား​များ​မှာ ကောရ​၊ တာပွာ​၊ ရေကင်​၊ ရှေမာ တို့​ဖြစ်​ကြ​၏​။ ရှေမာ​သည် သား​ရာဟံ​ကို​ရ​၏​။ ရာဟံ​၏​သား​မှာ ယော်ကောင်​ဖြစ်​၏​။ ရေကင်​သည် သား​ရှမ္မဲ​ကို​ရ​၏​။ ရှမ္မဲ​၏​သား​မှာ မောန​၊ မောန​၏​သား​မှာ ဗက်ဇုရ​ဖြစ်​၏​။ ကာလက်​၏​မယားငယ်​ဧဖာ​သည် ဟာရန်​၊ မောဇ​၊ ဂါဇက် တို့​ကို​မွေးဖွား​၏​။ ဟာရန်​သည် သား​ဂါဇက်​ကို​ရ​၏​။ ယာဒဲ​၏​သား​များ​မှာ ရေဂင်​၊ ယောသံ​၊ ဂေရှံ​၊ ပေလက်​၊ ဧဖာ​၊ ရှာဖ တို့​ဖြစ်​ကြ​၏​။ ကာလက်​၏​မယားငယ်​မာခါ​သည် ရှေဗာ​နှင့် တိရဟာန တို့​ကို​မွေးဖွား​၏​။ မာဒမေန​၏​ဖခင်​ရှာဖ​၊ မာခဗေန​နှင့်​ဂိဗေ​တို့​၏​ဖခင်​ရှေဝ တို့​ကို​လည်း​မွေးဖွား​၏​။ ကာလက်​၏​သမီး​မှာ အာခသ​ဖြစ်​၏​။ ဤ​သူ​တို့​ကား ကာလက်​၏​သားမြေး​များ ဖြစ်​ကြ​၏​။ ဧဖရတ်​၏​သားဦး​ဟုရ​၏​သား​များ​ကား ကိရယတ်ယာရိမ်​၏​ဖခင်​ရှောဗလ​၊ ဗက်လင်​၏​ဖခင်​စာလမာ​၊ ဗက်ဂါဒါ​၏​ဖခင်​ဟာရပ် တို့​ဖြစ်​ကြ​၏​။ ကိရယတ်ယာရိမ်​၏​ဖခင်​ရှောဗလ​၏​သားမြေး​များ​မှာ ဟာရော​လူမျိုး​နှင့်​မနဟေသိ​လူမျိုး​တစ်ဝက်​ဖြစ်​၏​။ ကိရယတ်ယာရိမ်​၏​မျိုးနွယ်စု​များ​မှာ ဣသရိ​လူမျိုး​၊ ဖုဟိ​လူမျိုး​၊ ရှုမသိ​လူမျိုး​၊ မိရှရိ​လူမျိုး တို့​ဖြစ်​ကြ​၏​။ ထို​မှတစ်ဆင့် ဇောရာသိ​လူမျိုး​၊ ဧရှတောလိ​လူမျိုး​တို့ ဆင်းသက်​လာ​၏​။ စာလမာ​၏​သားမြေး​များ​မှာ ဗက်လင်​မြို့သား​၊ နေတောဖ​မြို့သား​၊ အတရုတ်ဗက်ယွာဘ​မြို့သား​၊ မနဟေသိ​လူမျိုး​တစ်ဝက်​နှင့် ဇောရိ​လူမျိုး​၊ ယာဗက်​မြို့​တွင်​နေထိုင်​သော စာရေးတော်ကြီး​မျိုးနွယ်စု​များ​၊ တိရသိ​လူမျိုး​၊ ရှိမသိ​လူမျိုး​၊ စုခသိ​လူမျိုး​တို့ ဖြစ်​ကြ​၏​။ ဤ​သူ​တို့​သည် ရေခပ်​အမျိုးအနွယ်​၏​ဖခင်​ဟေမတ်​မှ​ဆင်းသက်​လာ​သော ကေနိ​လူမျိုး​များ​ဖြစ်​၏​။