YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 1:1-54

ရာဇဝင်ချုပ်ပထမစောင် 1:1-54 MSBZ

အာဒံ​၊ ရှေသ​၊ ဧနုတ်​၊ ကာဣနန်​၊ မဟာလေလ​၊ ယာရက်​၊ ဧနောက်​၊ မသုရှလ​၊ လာမက်​၊ နောဧ​၊ ရှေမ​၊ ဟာမ​၊ ယာဖက်​။ ယာဖက်​၏​သား​များ​မှာ ဂေါမာ​၊ မာဂေါဂ​၊ မာဒဲ​၊ ယာဝန်​၊ တုဗလ​၊ မေရှက်​နှင့်​တိရတ် တို့​ဖြစ်​ကြ​၏​။ ဂေါမာ​၏​သား​များ​မှာ အာရှကေနတ်​၊ ရိဖတ်​နှင့်​တောဂါမ တို့​ဖြစ်​ကြ​၏​။ ယာဝန်​၏​သား​များ​မှာ ဧလိရှာ​၊ တာရှု​၊ ခိတ္တိမ်​နှင့်​ရောဒနိမ် တို့​ဖြစ်​ကြ​၏​။ ဟာမ​၏​သား​များ​မှာ ကုရှ​၊ မိဇရိမ်​၊ ဖုတ​နှင့်​ခါနာန် တို့​ဖြစ်​ကြ​၏​။ ကုရှ​၏​သား​များ​မှာ သေဘ​၊ ဟဝိလ​၊ သာဘတ​၊ ရာဂမ​၊ သတ္တေခါ တို့​ဖြစ်​ကြ​၏​။ ရာဂမ​၏​သား​များ​မှာ ရှေဘ​နှင့်​ဒေဒန် တို့​ဖြစ်​ကြ​၏​။ ကုရှ​သည် သား​နိမ်ရောဒ​ကို​ရ​၏​။ နိမ်ရောဒ​သည် မြေကြီး​ပေါ်တွင် အဦးဆုံး​ပေါ်ထွန်း​သော လူစွမ်းကောင်း​ဖြစ်​၏​။ မိဇရိမ်​မှ လုဒိမ်​လူမျိုး​၊ အာနမိမ်​လူမျိုး​၊ လဟာဗိမ်​လူမျိုး​၊ နတ္တုဟိမ်​လူမျိုး​၊ ပါသရုသိမ်​လူမျိုး​၊ ကာသလုဟိမ်​လူမျိုး​နှင့် ကတ္တောရိမ်​လူမျိုး​တို့ ဆင်းသက်​လာ​၏​။ ကာသလုဟိမ်​မှ ဖိလိတ္တိ​လူမျိုး ဆင်းသက်​လာ​၏​။ ခါနာန်​၏​သားဦး​ကား ဆီဒုန် ဖြစ်​၏​။ ဆီဒုန်​မှ ဟေသ​လူမျိုး​၊ ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ အာကိ​လူမျိုး​၊ သိနိ​လူမျိုး​၊ အာဝဒိ​လူမျိုး​၊ ဇေမရိ​လူမျိုး​၊ ဟာမသိ​လူမျိုး တို့​ဆင်းသက်​လာ​၏​။ ရှေမ​၏​သား​များ​မှာ ဧလံ​၊ အာရှုရ​၊ အာဖာဇဒ်​၊ လုဒ​၊ အာရံ​၊ ဥဇ​၊ ဟုလ​၊ ဂေသာ​နှင့် မေရှက် တို့​ဖြစ်​ကြ​၏​။ အာဖာဇဒ်​၏​သား​မှာ ရှာလ​၊ ရှာလ​၏​သား​မှာ ဧဗာ ဖြစ်​၏​။ ဧဗာ​သည် သား​နှစ်​ယောက်​ကို ရ​၏​။ တစ်​ယောက်​မှာ ထို​ခေတ်​က​မြေကြီး​ကို ခွဲဝေယူ​သည်​ကို အကြောင်းပြု​၍ သူ့​ကို ဖာလက် ဟု​ခေါ်​၏​။ ကျန်​တစ်​ယောက်​၏​အမည်​မှာ ယုတ္တန် ဖြစ်​၏​။ ယုတ္တန်​သည် သား​အာလမောဒဒ်​၊ ရှေလပ်​၊ ဟာဇာမာဝက်​၊ ယေရ​၊ ဟဒေါရံ​၊ ဥဇလ​၊ ဒိကလ​၊ ဧဗလ​၊ အဘိမေလ​၊ ရှေဘ​၊ ဩဖိရ​၊ ဟဝိလ​နှင့် ယောဗပ် တို့​ကို​ရ​၏​။ သူ​တို့​သည် ယုတ္တန်​၏​သား​များ ဖြစ်​ကြ​၏​။ ရှေမ​၊ အာဖာဇဒ်​၊ ရှာလ​၊ ဧဗာ​၊ ဖာလက်​၊ ရီဦး​၊ စေရောက်​၊ နာခေါ်​၊ တေရ​၊ အာဗြံ ဟု​ခေါ်​သော အာဗြဟံ​။ အာဗြဟံ​၏​သား​များ​မှာ ဣဇက်​၊ ဣရှမေလ တို့​ဖြစ်​ကြ​၏​။ သူ​တို့​၏​သားစဉ်မြေးဆက်​များ​မှာ ဣရှမေလ​၏​သားဦး နဗာယုတ်​၊ ကေဒါ​၊ အာဒဗေလ​၊ မိဗသံ​၊ မိရှမ​၊ ဒုမာ​၊ မာစ​၊ ဟာဒဒ်​၊ တေမ​၊ ယေတုရ​၊ နာဖိရှ​၊ ကေဒမာ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဣရှမေလ​၏​သား​များ ဖြစ်​ကြ​၏​။ အာဗြဟံ​၏​မယားငယ် ကေတုရ​မွေးဖွား​သော​သား​များ​မှာ ဇိမရံ​၊ ယုတ်ရှန်​၊ မေဒန်​၊ မိဒျန်​၊ ဣရှဗက်​၊ ရှုအာ​တို့ ဖြစ်​ကြ​၏​။ ယုတ်ရှန်​သား​များ​မှာ ရှေဘ​နှင့် ဒေဒန် တို့​ဖြစ်​ကြ​၏​။ မိဒျန်​၏​သား​များ​မှာ ဧဖာ​၊ ဧဖေရ​၊ ဟာနုတ်​၊ အဘိဒ​နှင့်​ဧလဒါ တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကေတုရ​၏​သားမြေး​များ ဖြစ်​ကြ​၏​။ အာဗြဟံ​သည် သား​ဣဇက်​ကို ရ​၏​။ ဣဇက်​၏​သား​များ​မှာ ဧသော​နှင့် အစ္စရေး တို့​ဖြစ်​ကြ​၏​။ ဧသော​၏​သား​များ​မှာ ဧလိဖတ်​၊ ရွေလ​၊ ယုရှ​၊ ယာလံ​နှင့်​ကောရ တို့​ဖြစ်​ကြ​၏​။ ဧလိဖတ်​၏​သား​များ​မှာ တေမန်​၊ ဩမရ​၊ ဇေဖိ​၊ ဂါတံ​၊ ကေနတ်​၊ တိမန​နှင့်​အာမလက် တို့​ဖြစ်​ကြ​၏​။ ရွေလ​၏​သား​များ​မှာ နာဟတ်​၊ ဇေရ​၊ ရှမ္မ​နှင့်​မိဇ္ဇ တို့​ဖြစ်​ကြ​၏​။ စိရ​၏​သား​များ​မှာ လောတန်​၊ ရှောဗလ​၊ ဇိဘောင်​၊ အာန​၊ ဒိရှုန်​၊ ဧဇာ​နှင့်​ဒိရှန် တို့​ဖြစ်​ကြ​၏​။ လောတန်​၏​သား​များ​မှာ ဟောရိ​၊ ဟောမံ တို့​ဖြစ်​ကြ​၏​။ လောတန်​၏​နှမ​မှာ တိမန​ဖြစ်​၏​။ ရှောဗလ​၏​သား​များ​မှာ အာလဝန်​၊ မနာဟတ်​၊ ဧဗလ​၊ ရှေဖော​နှင့်​ဩနံ တို့​ဖြစ်​ကြ​၏​။ ဇိဘောင်​၏​သား​များ​မှာ အာယ​နှင့်​အာန တို့​ဖြစ်​ကြ​၏​။ အာန​၏​သား​မှာ ဒိရှုန်​၊ ဒိရှုန်​၏​သား​များ​မှာ ဟင်္ဒန်​၊ ဧရှဗန်​၊ ဣသရန်​နှင့်​ခေရန် တို့​ဖြစ်​ကြ​၏​။ ဧဇာ​၏​သား​များ​မှာ ဗိလဟန်​၊ ဇာဝန်​နှင့်​အာကန် တို့​ဖြစ်​ကြ​၏​။ ဒိရှုန်​၏​သား​များ​မှာ ဥဇ​နှင့်​အာရန် တို့​ဖြစ်​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​ကို​စိုးစံ​သော​ဘုရင် မ​ရှိ​မီ ဧဒုံ​ပြည်​ကို စိုးစံ​သော​ဘုရင်​များ​မှာ ဤ​သူ​တို့​တည်း​။ ဗောရ​၏​သား​ဗေလ​သည် ဒိန္နာဗာ​အမည်​ရှိ​သော​မြို့​တွင် နန်းထိုင်​၏​။ ဗေလ​မင်းကြီး အနိစ္စရောက်​သောအခါ ဗောဇရ​မြို့​မှ ဇေရ​၏​သား​ယောဗပ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ယောဗပ်​မင်းကြီး အနိစ္စရောက်​သောအခါ တေမန်​အမျိုးသား​ဟုရှံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ဟုရှံ​မင်းကြီး အနိစ္စရောက်​သောအခါ မောဘ​ပြည်​တွင် မိဒျန်​လူမျိုး​တို့​ကို နှိမ်နင်း​နိုင်​ခဲ့​သော ဗေဒဒ်​၏​သား​ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ သူ​နန်းထိုင်​သော​မြို့​၏​အမည်​မှာ အာဝိတ် ဖြစ်​၏​။ ဟာဒဒ်​မင်းကြီး အနိစ္စရောက်​သောအခါ မာသရက်​အရပ်သား​စာမလ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ စာမလ​မင်းကြီး အနိစ္စရောက်​သောအခါ ယူဖရေးတီး​မြစ်​နား​ရှိ ရဟောဘုတ်​အရပ်သား​ရှောလ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ရှောလ​မင်းကြီး အနိစ္စရောက်​သောအခါ အာခဗော်​၏​သား​ဗာလဟာနန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ဗာလဟာနန်​မင်းကြီး အနိစ္စရောက်​သောအခါ ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ဟာဒဒ်​မင်းကြီး​နန်းထိုင်​သော​မြို့​၏​အမည်​မှာ ပေါ ဖြစ်​၏​။ သူ့​မိဖုရား​ကား မာတရက်​၏​မြေး​၊ မေဇဟပ်​၏​သမီး မဟေတဗေလ အမည်​ရှိ​၏​။ ဟာဒဒ်​မင်းကြီး အနိစ္စရောက်​ပြီး​နောက်ပိုင်း ဧဒုံ​ပြည်​၏​သူကြီး​များ​မှာ သူကြီး​တိမန​၊ သူကြီး​အာလဝ​၊ သူကြီး​ယေသက်​၊ သူကြီး​အဟောလိဗာမ​၊ သူကြီး​ဧလာ​၊ သူကြီး​ပိနုန်​၊ သူကြီး​ကေနတ်​၊ သူကြီး​တေမန်​၊ သူကြီး​မိဗဇာ​၊ သူကြီး​မာဂဒေလ​၊ သူကြီး​ဣရံ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဧဒုံ​ပြည်​၏​သူကြီး​များ ဖြစ်​ကြ​၏​။