ရောမဩဝါဒစာ 12:2 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

ရှင်သန်စေသည့်စကားများ
(၃) ရက်
မိမိမနောစိတ်သည် မိမိကို နှောင့်ယှက်စေပြီး အနိဋ္ဌာရုံကို ဖြစ်စေလျက် မုသားကမ္ဘာတွင် ကျင်လည်စေတတ်သည်။ သို့ရာတွင်၊ မိမိမနောစိတ်အားဖြင့် ခွန်အားကို ရရှိခံစားစေတတ်သည်။ ထို့ကြောင့်၊ Life.Church အသင်းတော်၏ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) သည် သူနေ့စဉ်ဖတ်နေသည့် သမ္မာတရားကို ချရေးခဲ့သည်။ ဤစကားလုံးများသည် သူ့ဘဝကို မည်သို့ပြောင်းလဲစေကြောင်း လေ့လာရန်နှင့် မိမိအဖို့ ရှင်သန်စေသည့်စကားများကို ရှာဖွေရန် လွယ်ကူသောအဆင့်သုံးဆင့်ကို ရှာဖွေလေ့လာလိုက်ပါ။

ဘုရားကျောင်းသို့ သွားခြင်းကို ရပ်လိုက်ပါ
(၅) ရက်
ခရစ်ယာန်တို့သည် ဘုရားကျောင်းသို့ အဘယ်ကြောင့် သွားကြပါသလဲဟု စဉ်းစားဖူးပါသလား။ အသင်းတော်သည် သွားစရာနေရာတစ်ခုသာ ဖြစ်သည် မဟုတ်ပေ။ မိမိအသင်းတော်ကြောင့် ပင်ပန်းနွမ်းနယ်နေပါသလား (သို့) မိမိအသင်းတော်၌ မိမိနေရာကို ရှာမတွေ့နေပါသလား။ ဖြစ်နေပါက၊ အသင်းတော်အကြောင်း သမ္မာကျမ်းစာက ဘယ်လိုဖော်ပြထားပါသလဲဆိုသည်ကို အတူတကွ လေ့လာကြပါစို့။ သင်းအုပ်ဆရာကြီး ခရိတ်ခရိုးရှယ် (Craig Groeschel) ၏ ဘုရားကျောင်းသို့ သွားခြင်းကို ရပ်လိုက်ပါတည်းဟူသော Life.Church ၏ သမ္မာကျမ်းအစီအစဉ်ကို စတင်လိုက်ပါဦး။

အစားအစာပြဿနာ
(၇) ရက်
အစားအစာက တခြားအရာတွေလိုပဲ ရှိခိုးနေတဲ့ ရုပ်တုဆင်တုတစ်မျိုး ဖြစ်နိုင်တယ်။ မိမိအတွေးတွေ၊ သဘောထားတွေနဲ့ အကျင့်တရားကို ကိုက်စားလျက် ဖျက်ဆီးတတ်တယ်။ အချို့သူများက စားကြူးသဖြင့် အစားအစာကို ရုပ်တုကို ကိုးကွယ်ခြင်းဖြစ်စေသလို၊ အချို့က လုံလောက်စွာ မစားခြင်းဖြင့် အစားအစာကို ရုပ်တုကိုးကွယ်ကြတယ်။ ဒီ (၇) ရက်တာအစီအစဉ်က အသက်မုန့်ဆိုသည့် သမ္မာကျမ်းစာနှင့် ဖတ်ရှုကျက်စားခြင်းဖြင့် အစားအစာနှင့်ပတ်သက်ပြီး သမ္မာဒိဋ္ဌိရှိစေဖို့ ကူညီပေးပါလိမ့်မယ်။ နောက်ထပ်မီဒီယာကို တွေ့စေဖို့၊ finds.life.church ကိုဝင်ကြည့်လိုက်ပါ။