ဆာလံကျမ်း 103:1 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

ဝိညာဥ်ကြီးထွားခြင်းကို တည်ဆောက်ပေးသော အလေ့အကျင့် (၇)ခု
7 နေ့ရက်များ
ကျွန်တော်တို့အားလုံးမှာ မနက်တိုင်း လုပ်ဆောင်နေကျ အလေ့အကျင့်လေးတွေ ရှိကြပါတယ်။ ဒါတွေကို မနက်ပိုင်းမှာ အရင်ဦးဆုံးလုပ်နေကျ ပုံမှန် လုပ်ရိုးလုပ်စဥ်များလို့လဲ ခေါ်နိုင်ပါတယ်။ ယခုလာမဲ့ (၇)ရက်မှာ မနက်တိုင်း ပထမဆုံး ပြုလုပ်သင့်တဲ့ အရာတွေကို ဒီစီးရီးလေးနဲ့ ကျွန်တော်တင်ပြချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဥ်ကြီးထွားဖို့ရန်အတွက် အလေ့အကျင့်တွေကို သင် ရှာဖွေတွေ့ရှိလာပါတော့မယ်။

အံ့အားသင့်ဝမ်းမြောက်မှု
(၃၁) ရက်
ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်ခြင်းအပြည့်အဝရှိ၏၊ ဘုရားသခင်၏ဝမ်းမြောက်ခြင်းသည်ကား ကျွန်ပ်တို့၏ ခွန်အားဖြစ်၏။ ဟူ၍ သမ္မာကျမ်းစာက ဆိုပါ၏။ ဝမ်းမြောက်ခြင်းမှာ စိတ်ခံစားမှုနောက်တမျိုး သက်သက်မျှသာမဟုတ်။ ဝမ်းမြောက်ခြင်းမှာ ဝိညာဉ်ပကတိ၏အသီးဖြစ်ပြီး စိတ်ပျက်အားလျော့ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရှုံးနိမ့်ခြင်းတို့ကို တွန်းလှန်တိုက်ခိုက်ရန် လက်နက်တိုက်ရှိလက်နက်တို့အနက် အကောင်းဆုံးလက်နက်တစ်ခုဖြစ်၏။ သမ္မာကျမ်းစာမှပြောသောဝမ်းမြောက်ခြင်းအကြောင်းကို ၃၁ရက်တာ လေ့လာသင်ယူလျက် ရဲရဲတင်းတင်းဝမ်းမြောက်ပျော်ရွှင်သောခရစ်ယာန်ဖြစ်လာစေရန် အားဖြည့်ပါ။