ရှင်လုကာ 9
9
အခန်း (၉)
သာဝကတစ်ဆယ့်နှစ်ဦးကို စေလွှတ်ခြင်း
(မ၊ ၁၀:၅-၁၅။ မာ၊ ၆:၇-၁၃)
1ထို့နောက် ကိုယ်တော်သည် သာဝကတစ်ဆယ့်နှစ်ဦးကို ခေါ်၍ စုဝေးစေပြီးလျှင် မကောင်းဆိုးဝါးအပေါင်းတို့ကို နှင်ထုတ်နိုင်ရန်နှင့် အနာရောဂါတို့ကို ပျောက်ကင်းစေနိုင်သော တန်ခိုးအာဏာတို့ကို ပေးအပ်လေ၏။ 2ထို့နောက် ကိုယ်တော်သည် သူတို့အား ဘုရားရှင်၏သာသနာတော်အကြောင်းကို ဟောပြောရန်နှင့် နာမကျန်းသူများကို ကျန်းမာစေရန်အတွက် စေလွှတ်တော်မူလေ၏။ 3ကိုယ်တော်က သာဝကတို့အား “သင်တို့သွားသောအခါ သင်တို့နှင့်အတူ မည်သည့်အရာကိုမျှ ယူမသွားကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ အစားအစာ၊ ငွေ၊ အဝတ်အပိုစသည့်အရာတို့ကိုလည်း ယူမသွားကြနှင့်။ 4မည်သည့်အိမ်မဆို သင်တို့ကို လက်ခံကြိုဆိုလျှင် ထိုအရပ်က မထွက်ခွာမချင်း ထိုအိမ်တွင် တည်းခိုကြလော့။ 5အကယ်၍ သင်တို့ကို လက်ခံမကြိုဆိုသောအိမ်ကိုမူကား သင်တို့ထိုအရပ်မှ ထွက်ခွာသောအခါ၌ သူတို့ကို သတိပေးသည့်အနေဖြင့် သင်တို့ခြေထောက်က ဖုန်မှုန့်ကို ခါချခဲ့ကြလော့#9:5 ခြေထောက်က ဖုန်မှုန့်ကို ခါချခဲ့ကြလော့ ဂျူးလူမျိုးတို့အတွက်မူ “ခြေတွင်ကပ်နေသော ထိုအရပ်မှဖုန်မှုန့်ကို ခါချသည်” ဆိုသည်မှာ သူသည် ထိုအရပ်ရှိ လူတို့နှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိဟု အဓိပ္ပါယ်ရပါသည်။ ဤနေရာ၌ ထိုသို့ပြုမူခြင်းသည် ထိုမြို့မှလူတို့အား ဘုရားရှင်၏အပြစ်ပေးတော်မူခြင်းသည် တပည့်တော်တို့နှင့် မည်သို့မျှမသက်ဆိုင်ကြောင်း ဖော်ပြခြင်းဖြစ်၏။ တူညီသောဖော်ပြချက်ကို ကျမ်းပိုဒ် 10:11 တွင်လည်း တွေ့နိုင်ပါသည်။” ဟုမိန့်မှာတော်မူ၏။ 6ထို့နောက် တပည့်တော်တို့သည်လည်း အထံတော်မှ ထွက်ခွာလာကြပြီး အနယ်နယ်အရပ်ရပ်သို့သွားကာ ဘုရားရှင်၏မင်္ဂလာသတင်းကောင်းများကို ဟောပြော၍ နာမကျန်းသူတို့ကိုလည်း ကျန်းမာစေကြလေ၏။
ဟေရုဒ်၏သောက
(မ၊ ၁၄:၁-၁၂။ မ၊ ၆:၁၄-၂၉)
7ထိုအချိန်၌ ဂါလိလဲပြည်ကို အုပ်ချုပ်သူဟေရုဒ်သည် ကိုယ်တော်ပြုတော်မူသမျှတို့ကို ကြားသိသောအခါ စိုးရိမ်ပူပန်လာလေ၏။ အဘယ်ကြောင့်ဆိုသော် လူတစ်ချို့က “ရေနှစ်မင်္ဂလာဆရာယောဟန် အသက်ပြန်ရှင်လာပြီ” ဟူ၍လည်းကောင်း၊ 8အခြားသောသူတို့က “အရိယာသူတော်စင်ဧလိယ ပြန်လည်ကြွလာပြီ” ဟူ၍လည်းကောင်း၊ အချို့ကလည်း “ရှေးယခင်ကရှိခဲ့သော အရိယာသူတော်စင်များထဲမှတစ်ပါး အသက်ပြန်ရှင်လာပြီ” ဟူ၍လည်းကောင်း ပြောဆိုနေကြသောကြောင့် ဖြစ်၏။ 9သို့ရာတွင် ဟေရုဒ်ကမူ “ဤသို့သောအရာများကို ပြုနေသူသည် ရေနှစ်မင်္ဂလာဆရာယောဟန်တော့ မဖြစ်နိုင်ပေ။ အကြောင်းမူကား ငါသည် ငါ့စစ်သည်တော်များကို အမိန့်ပေး၍ သူ၏ဦးခေါင်းကို ဖြတ်စေခဲ့ပြီးဖြစ်သည်။ သို့သော်ငြား ယခု ဤကဲ့သို့သတင်းကြားနေရသောသူသည် အဘယ်သူနည်း” ဟုဆိုကာ ကိုယ်တော်ကို တွေ့ဆုံရန် ဆန္ဒပြင်းပြလေ၏။
လူငါးထောင်ကို ကျွေးမွေးတော်မူခြင်း
(မ၊ ၁၄:၁၃-၂၁။ မာ၊ ၆:၃၀-၄၄။ ယော၊ ၆:၁-၁၄)
10သာဝကများ ပြန်ရောက်လာကြသောအခါ သူတို့ဆောင်ရွက်ခဲ့သည်များကို ကိုယ်တော်အား လျှောက်တင်ကြ၏။ ထို့နောက် ကိုယ်တော်သည် သူတို့နှင့်အတူ ဗက်ဇဲဒရွာသို့ ကြွတော်မူသဖြင့် 11ထိုအကြောင်းအရာကို ကြားသိကြသော များစွာသောလူတို့သည် ကိုယ်တော်၏နောက်တော်သို့ လိုက်လာခဲ့ကြလေ၏။ ကိုယ်တော်ကလည်း သူတို့အား ကြိုဆိုကာ ဘုရားရှင်၏သာသနာတော်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းဟောကြားပြီး နာမကျန်းသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။
12ညနေစောင်းလာသောအခါ သာဝကတစ်ဆယ့်နှစ်ဦးသည် ကိုယ်တော့်ထံသို့ ရောက်ရှိလာပြီး “ကိုယ်တော်၊ ဤအရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်သည့်အတွက် ဤလူအုပ်ကြီးကို အနီးအနားတစ်ဝိုက်ရှိ ကျေးလက်တောရွာများဆီသို့ စေလွှတ်တော်မူပါ။ သူတို့မှာ တည်းခိုဖို့နှင့်အစားအစာများ လိုအပ်ပါ၏” ဟုလျှောက်တင်ကြလေ၏။
13ထိုအခါ ကိုယ်တော်က “သူတို့ကို စားစရာတစ်ခုခုပေးလိုက်ပါ” ဟုသာဝကတို့အား မိန့်တော်မူလိုက်ရာ
သူတို့က “အကျွန်ုပ်တို့မှာ မုန့်အသေးငါးလုံးနှင့် ငါးနှစ်ကောင်သာရှိပါ၏။ ဤလူအားလုံးကို ကျွေးမည်ဆိုလျှင် အစားအစာများသွား၍ ဝယ်ရပါလိမ့်မည်” ဟုလျှောက်ထားလေ၏။ 14အဘယ်ကြောင့်ဆိုသော် ထိုလူအုပ်ကြီးမှာ လူဦးရေငါးထောင်ခန့်#9:14 လူဦးရေငါးထောင်ခန့် အချို့သောကျမ်းများတွင် ဤနေရာ၌ အမျိုးသမီးများ၊ ကလေးငယ်များကို ထည့်သွင်းရေတွက်ထားခြင်းမရှိဘဲ အမျိုးသားဦးရေပင် ငါးထောင်ခန့်ရှိသည်ဟူ၍လည်း ဖော်ပြကြပါသည်။ရှိသောကြောင့်ဖြစ်လေ၏။
ထိုအခါ ကိုယ်တော်က တပည့်တော်များအား “လူအယောက်ငါးဆယ်စီ အုပ်စုခွဲ၍ ထိုင်ကြရန် လူတို့အား ပြောကြလော့” ဟုမိန့်တော်မူသဖြင့် 15တပည့်တော်တို့ကလည်း ထိုနည်းအတိုင်း လူတို့အား ထိုင်စေလေ၏။ 16ထို့နောက် ကိုယ်တော်သည် မု့န်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူလိုက်ပြီး ကောင်းကင်ကို မျှော်ကြည့်ကာ ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းဆုတောင်းပြီး သူ၏လက်ဖြင့် ပေါင်မု့န်နှင့်ငါးများကိုဖဲ့ကာ တပည့်တော်များမှတစ်ဆင့် လူတို့အား ဝေငှပေးစေလေ၏။ 17လူအားလုံးတို့သည်လည်း ဝလင်စွာ စားရသည့်အပြင် ပိုလျှံသောမုန့်နှင့်ငါးများကို တပည့်တော်တို့က ကောက်ယူသိမ်းဆည်းရာ ခြင်းတောင်းတစ်ဆယ့်နှစ်တောင်း အပြည့်ရကြလေ၏။
ပေတရု၏ဝန်ခံချက်
(မ၊ ၁၆:၁၃-၂၀။ မာ၊ ၈:၂၇-၃၀)
18တစ်နေ့သ၌ ကိုယ်တော်တစ်ပါးတည်း ဆုတောင်းနေစဉ် တပည့်တော်များ ရောက်လာကြရာ ကိုယ်တော်က သူတို့အား “လူတို့က ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟုမေးမြန်းလိုက်၏။
19ထိုအခါ တပည့်တော်တို့က “လူအချို့က ကိုယ်တော့်ကို ရေနှစ်မင်္ဂလာဆရာယောဟန်ဟုဆိုကြ၏။ အချို့က အရိယာသူတော်စင်ဧလိယဟုလည်း ဆိုကြ၏။ ကျန်အချို့ကမူ ရှေးယခင်ကရှိခဲ့သော အရိယာသူတော်စင်တစ်ပါး အသက်ပြန်ရှင်လာခြင်းဖြစ်သည်ဟူ၍လည်း ဆိုကြပါ၏” ဟုလျှောက်တင်ကြလေ၏။
20ထိုအခါ ကိုယ်တော်က “သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟုမေးတော်မူသဖြင့်
ပေတရုက “ကိုယ်တော်သည် ဘုရားရှင်စေလွှတ်တော်မူသော ကယ်တင်ရှင်မေရှိယဖြစ်ပါသည်” ဟုပြန်လည်လျှောက်ထားလေ၏။
21ကိုယ်တော်ကလည်း ဤအကြောင်းအရာအား မည်သူ့ကိုမျှ မပြောရန် တင်းကြပ်စွာ တားမြစ်တော်မူလေ၏။
အသေခံတော်မူမည့်အကြောင်း ကြိုတင်မိန့်ကြားခြင်း
(မ၊ ၁၆:၂၀-၂၈။ မာ၊ ၈:၃၀-၉:၁)
22ထို့နောက် ကိုယ်တော်က တပည့်တော်များအား “လူ့သားတော်သည် လူမျိုးအကြီးအကဲများ၊ ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများ၏ငြင်းပယ်ခြင်းကို ခံရ၍ အသေသတ်ခြင်းကိုခံရပြီး သုံးရက်မြောက်သောနေ့၌ အသက်ပြန်ရှင်တော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။
မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်းလော့
23ထို့နောက် ကိုယ်တော်က လူထုပရိသတ်တို့အား “မည်သူမဆို ငါ၏နောက်သို့ လိုက်လိုလျှင် ကိုယ်ကျိုးကိုစွန့်၍ မိမိ၏လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းကာ နေ့စဉ်ရက်ဆက် ငါ့နောက်ကိုလိုက်ရမည်။ 24မိမိအသက်ကို ကယ်တင်လိုသောသူသည် ဆုံးရှုံးရလိမ့်မည်။ သို့သော် ငါ့အတွက် မိမိအသက်ကို စွန့်သောသူသည်ကား ကယ်တင်ခြင်းကို ခံရလိမ့်မည်။ 25လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း ဘဝအသက်တာ ပျက်စီးဆုံးရှုံးရလျှင် မည်သည့်အကျိုးရှိမည်နည်း။ 26သင်တို့သည် ငါနှင့် ငါ့တရားစကားအတွက် ရှက်ကြောက်လျှင် လူ့သားတော်ဖြစ်သည့်ငါသည်လည်း မိမိ၏ဘုန်းအသရေ၊ အဖဘုရား၏ဘုန်းကျက်သရေတော်နှင့် မြင့်မြတ်သောနတ်ဒေဝါများ၏ဘုန်းအသရေတို့ကိုဆောင်လျက် ဤလောကကမ္ဘာသို့ ပြန်လည်ကြွလာသောအခါ၌ သင်တို့သည် ငါ၏နောက်လိုက်တပည့်တော်များ မဟုတ်ကြောင်း ငါငြင်းပယ်တော်မူမည်။
27သင်တို့အား ငါအမှန်ဆိုသည်ကား ယခုဤနေရာ၌ ရပ်နေသောသူအချို့သည် ဘုရားရှင်၏သာသနာတော်ကို မမြင်မီ သေရလိမ့်မည်မဟုတ်” ဟုမိန့်တော်မူလေ၏။
အဆင်းသဏ္ဍာန်ပြောင်းလဲခြင်း
(မ၊ ၁၇:၁-၈။ မာ၊ ၉:၂-၈)
28ထိုသို့မိန့်တော်မူပြီးနောက် ရှစ်ရက်ခန့်အကြာတွင် ကိုယ်တော်သည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့ကို ခေါ်ဆောင်၍ ဝတ်ပြုဆုတောင်းရန်အတွက် တောင်ပေါ်သို့ကြွတော်မူ၏။ 29ကိုယ်တော်ဆုတောင်းနေစဉ် သူ၏အဆင်းသဏ္ဍာန်သည် ပြောင်းလဲသွားပြီး သူ၏အဝတ်တို့သည်လည်း ဖြူဖွေးတောက်ပြောင်လာလေ၏။ 30ထို့နောက် အရိယာသူတော်စင်များဖြစ်ကြသော မောရှေနှင့်ဧလိယတို့သည် ရုတ်တရက်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောဆိုကြ၏။ 31သူတို့သည် ဘုန်းတန်ခိုးတော်များ ထွန်းလင်းတောက်ပလျှက် ဂျေရုဆလင်မြို့တွင် ကိုယ်တော်၏အသေခံတော်မူခြင်းအကြောင်းကို ပြောဆိုနေကြ၏။ 32ထိုအချိန်၌ ပေတရုနှင့်အခြားသော တပည့်တော်နှစ်ဦးမှာမူ အိပ်မောကျနေကြ၏။ သို့သော် သူတို့နိုးလာသောအခါ ချက်ချင်းပင် ဘုန်းတန်ခိုးတော်များနှင့်ပြည့်စုံလျက်ရှိသော ကိုယ်တော်ကို ဖူးမြင်ကြရလေ၏။ သူတို့သည် ကိုယ်တော်နှင့်အတူ စကားပြောနေသည့် အရိယာသူတော်စင်နှစ်ပါးကိုလည်း ဖူးတွေ့ရလေ၏။ 33ထို့နောက် မောရှေနှင့်ဧလိယတို့ ထွက်ခွာချိန်တွင် ပေတရုက ကိုယ်တော်အား “ကိုယ်တော်၊ ဤအရပ်သည် နေချင်စဖွယ်ကောင်းသောနေရာဖြစ်သဖြင့် ကိုယ်တော့်အတွက် တဲတော်တစ်ဆောင်၊ ဧလိယအတွက် တဲတော်တစ်ဆောင်နှင့် မောရှေအတွက် တဲတော်တစ်ဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပေးပါရစေ” ဟုလျှောက်ထားလေ၏။ သို့သော် သူသည် သူ့ကိုယ်သူ မည်သည်ကို ပြောလိုက်သည်ကိုပင် မသိချေ။
34ပေတရု ထိုသို့လျှောက်ထားနေစဉ် မိုးတိမ်တိုက်တစ်ခုသည် သူတို့အပေါ်မှ အုပ်မိုးထား၍ လွှမ်းခြုံလာသဖြင့် သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်လာကြ၏။ 35ထို့နောက် မိုးတိမ်တိုက်မှ “ဤသူသည် ငါရွေးကောက်ထားတော်မူသော ငါ၏သားဖြစ်သည်။ သူ့စကားကို နားထောင်ကြလော့” ဟူသောအသံတော် ထွက်ပေါ်လာလေ၏။ 36ထိုအသံတော် ထွက်ပေါ်ပြီးနောက် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့သည် ကိုယ်တော်ယေရှု တစ်ပါးတည်းကိုသာ ဖူးမြင်ကြရလေတော့၏။ သူတို့သည် သူတို့တွေ့မြင်ခဲ့ရသည့် အကြောင်းအရာတို့ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
မကောင်းဆိုးဝါးကို နှင်ထုတ်ခြင်း
(မ၊ ၁၇:၁၄-၁၈။ မာ၊ ၉:၁၄-၂၇)
37နောက်တစ်နေ့တွင် ကိုယ်တော်ယေရှုနှင့် ထိုတပည့်တော်သုံးဦးတို့သည် တောင်ပေါ်မှ ဆင်းလာကြရာ များစွာသောလူထုပရိသတ်တို့က သူတို့အား ကြိုဆိုကြလေ၏။ 38လူထုပရိသတ်ထဲမှ လူတစ်ဦးက “ကိုယ်တော်၊ အကျွန်ုပ်၏သားကို ကျန်းမာစေပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။ 39သူ့ကို မကောင်းဆိုးဝါးသည် ပူးဝင်နှိပ်စက်နေသောကြောင့် သူသည် အလန့်တကြား အော်ဟစ်၍ တစ်ကိုယ်လုံး တုန်လှုပ်ကာ ပါးစပ်မှ အမြှုပ်များထွက်လာတတ်ပါ၏။ ထိုမကောင်းဆိုးဝါးသည် သူ့ကို ပင်ပန်းနာကျင်စေလျှက် သူ့အထဲမှလည်း ထွက်ခဲလှပါ၏။ 40အကျွန်ုပ်သည်လည်း ကိုယ်တော်၏တပည့်တော်များအား ထိုမကောင်းဆိုးဝါးကို နှင်ထုတ်ပေးရန်တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ” ဟုလျှောက်ထားလေ၏။
41ထိုအခါ ကိုယ်တော်က လူပရိသတ်အပေါင်းတို့အား “အို ယုံကြည်ခြင်းမရှိ၊ လမ်းလွဲဖောက်ပြန်နေသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကို သည်းခံနေရဦးမည်နည်း” ဟုမိန့်တော်မူပြီးလျှင် ကိုယ်တော်က ထိုလူအား “သင်၏သားကို ငါ့ထံခေါ်ခဲ့လော့” ဟုမိန့်တော်မူ၏။
42ထိုသူငယ်လာနေစဉ်တွင် မကောင်းဆိုးဝါးသည် သူ့အား ဝင်ပူးပြီး တစ်ကိုယ်လုံးကို တုန်လှုပ်စေလေ၏။ ကိုယ်တော်သည် မကောင်းဆိုးဝါးအား ဆုံးမ၍ သူငယ်ကို ကျန်းမာစေပြီးမှ သူ့ဖခင်ထံသို့ ပြန်လည်အပ်နှံလေ၏။
အသေခံတော်မူမည့်အကြောင်းကို ဒုတိယအကြိမ်ကြိုတင်မိန့်ကြားခြင်း
(မ၊ ၁၇:၂၂-၂၃။ မာ၊ ၉:၃၀-၃၂)
43လူအပေါင်းတို့သည်လည်း ဘုရားရှင်၏တန်ခိုးတော်ကို ဖူးမြင်ကြရ၍ အံ့ဩမဆုံး ဖြစ်နေလေ၏။
ကိုယ်တော် ပြုတော်မူသောအရာအားလုံးကို လူအပေါင်းတို့ အံ့ဩနေကြစဉ် ကိုယ်တော်သည် တပည့်တော်တို့အား 44“သင်တို့သည် ယခုငါဆိုသည်ကို အာရုံစိုက်၍နားထောင်ကြလော့။ လူ့သားတော်ဖြစ်သည့် ငါသည် ရန်သူများလက်သို့ အပ်နှံခြင်းကို ခံရတော့မည်” ဟုမိန့်တော်မူ၏။ 45တပည့်တော်တို့မှာမူကား ထိုစကား၏အနက်အဓိပ္ပါယ်ကို နားမလည်နိုင်စေရန် ကွယ်ဝှက်ထားခြင်းခံရသဖြင့် ကိုယ်တော်မည်သို့ဆိုလိုသည်ကို နားမလည်ကြပေ။ ထို့ပြင် ကိုယ်တော့်ကို မေးမြန်းရန်လည်း သူတို့သည် ကြောက်ရွံ့နေကြ၏။
အကြီးမြတ်ဆုံးသူ
(မ၊ ၁၈:၁-၅။ မာ၊ ၉:၃၃-၃၇)
46ထို့နောက် တပည့်တော်တို့သည် သူတို့ထဲတွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည်ကို ငြင်းခုံနေကြ၏။ 47ကိုယ်တော်က ထိုသူတို့ ငြင်းခုံနေသည်ကို သိတော်မူသောကြောင့် ကလေးငယ်တစ်ဦးကို သူ၏အနားတွင် ရပ်နေစေပြီးလျှင် 48တပည့်တော်တို့အား “မည်သူမဆို ဤကလေးငယ်ကို ငါ၏နာမ၌ လက်ခံသောသူသည် ငါ့ကိုလက်ခံခြင်းဖြစ်၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို လက်ခံသောသူဖြစ်၏။ အကြောင်းမူကား သင်တို့အားလုံးတွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူဖြစ်၏” ဟုမိန့်တော်မူလေ၏။
မိမိကို မဆန့်ကျင်သောသူ
(မာ၊ ၉:၃၈-၄၀)
49ထို့နောက် ယောဟန်က “ကိုယ်တော်၊ ကိုယ်တော်၏နာမကိုအသုံးပြု၍ လူတို့ထံမှ မကောင်းဆိုးဝါးများကို နှင်ထုတ်နေသောသူတစ်ဦးကို အကျွန်ုပ်တို့ တွေ့မြင်ခဲ့ပါသည်။ ထိုသူသည် အကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာသူမဟုတ်သဖြင့် အကျွန်ုပ်သည် သူ့အား ဤကဲ့သို့မပြုလုပ်ရန် တားမြစ်ခဲ့ပါသည်” ဟုလျှောက်တင်လေရာ
50ကိုယ်တော်က “သူ့ကို မတားမြစ်ကြနှင့်။ အကြောင်းမူကား သင်တို့ကို မဆန့်ကျင်သောသူသည် သင်တို့ဘက်သားဖြစ်၏” ဟုမိန့်တော်မူ၏။
ဂျေရုဆလင်သို့ ကြွတော်မူခြင်း
51ထို့နောက် ကိုယ်တော်သည် ရွှေမြို့တော်သို့ ဆောင်ယူခြင်းကို ခံတော်မူရန် အချိန်မဝေးတော့သဖြင့် ဂျေရုဆလင်မြို့သို့ သွားရန် စိတ်ပိုင်းဖြတ်လိုက်လေ၏။ 52ကိုယ်တော်သည် စေတမန်အချို့ကို ရှမာရိလူမျိုး#9:52 ရှမာရိလူမျိုး ရှမာရိလူမျိုးဆိုသည်မှာ ဂျေရုဆလင်မြို့မြောက်ဖက်ရှိ ရှမာရိဒေသမှ လူတို့ကိုခေါ်ပါသည်။တို့၏ရွာတစ်ရွာသို့ ဦးစွာစေလွှတ်လိုက်ပြီး သူ့အတွက် အဆင်သင့်ပြင်ဆင်ထားစေ၏။ 53သို့သော် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ဦးတည်သွားနေသည်ဖြစ်၍ ရှမာရိရွာသားတို့သည် ကိုယ်တော်ကို မကြိုဆိုကြပေ။ 54ယာကုပ်နှင့် ယောဟန်တို့သည် ထိုအဖြစ်အပျက်ကို မြင်လျှင် “ကိုယ်တော်၊ အကျွန်ုပ်တို့သည် ရှေးယခင်အရိယာသူတော်စင်ဧလိယ ပြုသကဲ့သို့ ဘုရားရှင်ထံတော်၌တောင်းလျှောက်၍ ထိုသူတို့ထံ ကောင်းကင်မှ မီးကိုကျစေကာ ပျက်စီးစေရမည်လော” ဟုလျှောက်တင်ကြရာ 55ကိုယ်တော်က ထိုသူတို့ဘက်သို့ လှည့်၍ ဆုံးမတော်မူပြီးနောက် 56သူတို့အားလုံးသည် အခြားရွာတစ်ရွာသို့ ထွက်ခွာသွားကြလေ၏။#9:56 အချို့သောမူရင်းကျမ်းများ၌ “သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူ့သားတော်သည် လူတို့၏အသက်ကို သတ်အံ့သောငှာ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှာ ကြွလာသည်။ ထိုနောက်မှ သူတို့အားလုံးသည် အခြားရွာတစ်ရွာသို့ ထွက်ခွာသွားကြလေ၏” ဟုဖော်ပြထား၏။
တပည့်တော်ဖြစ်လိုသူ သုံးဦး
(မ၊ ၈:၁၉-၂၂)
57ကိုယ်တော်နှင့်တပည့်တော်တို့ သွားရာလမ်းခရီးတွင် လူတစ်ဦးသည် ကိုယ်တော်အား “ကိုယ်တော်ကြွတော်မူသည့်နေရာတိုင်းကို အကျွန်ုပ်လိုက်ပါမည်” ဟုလျှောက်ထားလေရာ
58ကိုယ်တော်က “မြေခွေးတို့၌ တွင်းရှိကြ၏။ ငှက်တို့၌လည်း အသိုက်များရှိကြ၏။ သို့သော် ငါ၊ လူ့သားတော်၌မှာမူကား ခေါင်းချစရာနေရာမရှိ” ဟုမိန့်တော်မူ၏။
59ထို့နောက် ကိုယ်တော်က အခြားသူတစ်ဦးကို သူနှင့်အတူ လိုက်ပါရန်ခေါ်သဖြင့်
ထိုသူက “ကိုယ်တော်၊ အကျွန်ုပ်၏ဖခင်ကို ဦးစွာသွား၍ သင်္ဂြိုဟ်ခွင့်ပြုတော်မူပါ” ဟုလျှောက်တင်ရာ
60ကိုယ်တော်က “ကိုယ်ခန္ဓာသေသောသူတို့အား စိတ်ဝိညာဉ်သေနေသောသူတို့က သင်္ဂြိုဟ်ကြပါစေ#9:60 အချို့သောမူရင်းကျမ်းတွင် “သေသောသူတွေကို သေသောသူတွေကသာ သင်္ဂြိုလ်ကြပါစေ” ဟုရေးထားသည်။။ သင်မူကား ဘုရားရှင်၏သာသနာတော်အကြောင်းကို လူတို့ကို လိုက်လံဟောပြောလော့” ဟုမိန့်တော်မူ၏။
61အခြားသောသူတစ်ဦးကလည်း “ကိုယ်တော်၊ အကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ လိုက်ပါမည်။ သို့သော် အလျင်ဦးစွာ အကျွန်ုပ်အိမ်ကိုပြန်၍ မိသားစုကို နှုတ်ဆက်ပါရစေ” ဟုလျှောက်တင်လေရာ
62ကိုယ်တော်က “လယ်ကိုထွန်လျက် နောက်သို့လှည့်ကြည့်တတ်သော လယ်သမား၏အလုပ်သည် တွင်ကျယ်လိမ့်မည်မဟုတ်။ ထိုနည်းတူစွာ ငါ့နောက်သို့လိုက်လိုလျက် မိမိ၏ဘဝဟောင်းသို့ ပြန်သွားလိုသောသူသည်လည်း ဘုရားရှင်၏သာသနာတော်နှင့် မထိုက်တန်” ဟုမိန့်တော်မူလေ၏။
നിലവിൽ തിരഞ്ഞെടുത്തിരിക്കുന്നു:
ရှင်လုကာ 9: TPRV
ഹൈലൈറ്റ് ചെയ്യുക
പങ്ക് വെക്കു
പകർത്തുക

നിങ്ങളുടെ എല്ലാ ഉപകരണങ്ങളിലും ഹൈലൈറ്റുകൾ സംരക്ഷിക്കാൻ ആഗ്രഹിക്കുന്നുണ്ടോ? സൈൻ അപ്പ് ചെയ്യുക അല്ലെങ്കിൽ സൈൻ ഇൻ ചെയ്യുക
Burmese Buddhist (TPRV) Bible by Beyond Translation is licensed under Creative Commons Attribution-ShareAlike 4.0 License.

: