1
ရှင်လုကာ 12:40
သမ္မာပိဋကတ်တော်
TPRV
ထို့ကြောင့် အချိန်မရွေး အဆင်သင့်ရှိနေကြလော့။ အကြောင်းမူကား လူ့သားတော်ဖြစ်သည့် ငါသည် သင်တို့မထင်မှတ်ထားသည့်အချိန်၌ ပြန်ကြွလာမည်ဖြစ်၏” ဟုမိန့်တော်မူ၏။
താരതമ്യം
ရှင်လုကာ 12:40 പര്യവേക്ഷണം ചെയ്യുക
2
ရှင်လုကာ 12:31
ထို့ကြောင့် ဘုရားရှင်၏သာသနာတော်ကိုသာ ရှာဖွေကြလော့။ သို့ပြုလျှင် သင်တို့လိုအပ်သောအရာဟူသမျှကို ဘုရားရှင်က ဖြည့်ဆည်းပေးတော်မူလိမ့်မည်” ဟုမိန့်တော်မူ၏။
ရှင်လုကာ 12:31 പര്യവേക്ഷണം ചെയ്യുക
3
ရှင်လုကာ 12:15
ထို့နောက် ကိုယ်တော်က လူထုပရိသတ်တို့အား “လောဘလွန်ကျူးခြင်းအမျိုးမျိုးကို ရှောင်ကျဉ်ကြလော့။ အကြောင်းမူကား သင်တို့၏ဥစ္စာပစ္စည်း ကြွယ်ဝမှုများ၌ သင်တို့၏ဘဝအဓိပ္ပါယ်ကို ရှာ၍မတွေ့နိုင်” ဟုမိန့်တော်မူ၏။
ရှင်လုကာ 12:15 പര്യവേക്ഷണം ചെയ്യുക
4
ရှင်လုကာ 12:34
အကြောင်းမူကား သင်တို့၏ဥစ္စာဘဏ္ဍာရှိသောနေရာ၌ သင်တို့၏စိတ်နှလုံးသည်လည်း ရောက်တတ်၏” ဟုမိန့်တော်မူ၏။
ရှင်လုကာ 12:34 പര്യവേക്ഷണം ചെയ്യുക
5
ရှင်လုကာ 12:25
သင်တို့တွင် မည်သူသည် စိုးရိမ်ပူပန်သောအားဖြင့် မိမိ၏အသက်ကို အချိန်ခဏတာမျှ ပို၍ရှည်စေနိုင်သနည်း။
ရှင်လုကာ 12:25 പര്യവേക്ഷണം ചെയ്യുക
6
ရှင်လုကာ 12:22
တဖန် ကိုယ်တော်က တပည့်တော်တို့အား “ထို့ကြောင့် သင်တို့အား ငါဆိုမည်ကား သင်တို့၏အသက်တာအတွက် မည်သည်ကိုစားရမည်လော၊ မည်သည်ကို ဝတ်ဆင်ရမည်လောဟူ၍ မပူပန်ကြနှင့်။
ရှင်လုကာ 12:22 പര്യവേക്ഷണം ചെയ്യുക
7
ရှင်လုကာ 12:7
ထို့ပြင် ဘုရားရှင်သည် သင်တို့ဦးခေါင်းမှ ဆံပင်အရေအတွက်ကိုပင် သိတော်မူသဖြင့် စိုးရိမ်ကြောင့်ကြခြင်းမရှိကြနှင့်။ သင်တို့သည် များစွာသောစာကလေးတို့ထက်ပို၍ အဖိုးထိုက်ကြ၏” ဟုမိန့်တော်မူ၏။
ရှင်လုကာ 12:7 പര്യവേക്ഷണം ചെയ്യുക
8
ရှင်လုကာ 12:32
တဖန် ကိုယ်တော်က “အို သိုးအုပ်စုငယ်၊ မကြောက်ကြနှင့်။ အကြောင်းမူကား သင်တို့၏အဖဘုရားသည် သင်တို့အား သာသနာတော်ကို ပေးဖို့ရန် အလိုရှိတော်မူ၏။
ရှင်လုကာ 12:32 പര്യവേക്ഷണം ചെയ്യുക
9
ရှင်လုကာ 12:24
ကျီးငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မစိုက်ပျိုး၊ မရိတ်သိမ်းကြ။ သိုလှောင်ရန် ကျီများလည်းမရှိ။ သို့သော် ဘုရားရှင်သည် ၎င်းတို့ကို ကျွေးမွေးထားတော်မူ၏။ သင်တို့သည်ကား ငှက်တို့ထက်ပို၍ အဖိုးထိုက်တန်ကြ၏။
ရှင်လုကာ 12:24 പര്യവേക്ഷണം ചെയ്യുക
10
ရှင်လုကာ 12:29
မည်သည်ကို စားရမည်၊ မည်သည်ကို သောက်ရမည်ဟူ၍ စိုးရိမ်ပူပန်မနေကြနှင့်။
ရှင်လုကာ 12:29 പര്യവേക്ഷണം ചെയ്യുക
11
ရှင်လုကာ 12:28
အို ယုံကြည်ခြင်းအားနည်းသောသူတို့၊ တိုတောင်းသောအချိန်ကာလသာ ရှင်သန်၍ မီးမွှေးရန်အသုံးပြုကြသော တောမြက်ပင်များကိုပင် ဘုရားရှင်က လှပတင့်တယ်စေလျှင် သင်တို့ကိုမူကား ပိုမို၍ တင့်တယ်စွာဆင်မြန်းပေးလိမ့်မည်မဟုတ်လော။
ရှင်လုကာ 12:28 പര്യവേക്ഷണം ചെയ്യുക
12
ရှင်လုကာ 12:2
ဖုံးကွယ်ထားသောအရာဟူသမျှသည် ပေါ်ထွက်လာရစမြဲဖြစ်၏။ လျှို့ဝှက်ထားသောအရာဟူသမျှကိုလည်း သိလာကြရမည်ဖြစ်၏။
ရှင်လုကာ 12:2 പര്യവേക്ഷണം ചെയ്യുക
ആദ്യത്തെ സ്ക്രീൻ
വേദപുസ്തകം
പദ്ധതികൾ
വീഡിയോകൾ