1
ရှင်မာကု 15:34
TPV-RV (Thamma Pitakadaw)
TPV-RV
ထိုအချိန်၌ ကိုယ်တော်သည် “ဧလိ၊ ဧလိ၊ လာမ ရှာဗာခသနိ” ဟူ၍ ရေရွတ်နေ၏။ အဓိပ္ပါယ်မှာ “ဘုရားရှင်၊ ဘုရားရှင်၊ အဘယ်ကြောင့် အကျွန်ုပ်အား ပစ်ပယ်ထားပါသနည်း” ဟူ၍ဖြစ်၏။
Compare
ရှင်မာကု 15:34 ખોજ કરો
2
ရှင်မာကု 15:39
ကိုယ်တော်၏ရှေ့တွင် ရပ်နေသောတပ်မှူးတစ်ဦးသည် ကိုယ်တော်အသက်တော်ချုပ်ငြိမ်းသွားပုံကို မြင်သောအခါ “ဤသူသည် အမှန်စင်စစ်ပင် ဘုရားရှင်၏သားတော်ဖြစ်သည်” ဟုဆိုလေသည်။
ရှင်မာကု 15:39 ખોજ કરો
3
ရှင်မာကု 15:38
ထိုအချိန်တွင် ဗိမာန်တော်ရှိ ဘုရားရှင်ကိုယ်တော်ထံသို့ လူများချဉ်းကပ်ဝင်ရောက်ခြင်းမှ ကာစီးထားသော ကန့်လန့်ကာသည် အပေါ်မှအောက်ခြေအထိ နှစ်ခြမ်းကွဲသွားလေသည်။
ရှင်မာကု 15:38 ખોજ કરો
4
ရှင်မာကု 15:37
ထိုအချိန်တွင် ကိုယ်တော်သည် အသံကျယ်လောင်စွာ အော်ဟစ်ပြီးနောက် အသက်ချုပ်ငြိမ်းတော်မူ၏။
ရှင်မာကု 15:37 ખોજ કરો
5
ရှင်မာကု 15:33
ထိုနေ့ နေမွန်းတည့်အချိန်မှစ၍ နေ့လည်သုံးနာရီထိ မြေပြင်တစ်ခွင်လုံး မဲမှောင်နေ၏။
ရှင်မာကု 15:33 ખોજ કરો
6
ရှင်မာကု 15:15
ပိလတ်သည်လည်း လူထုပရိသတ် ကျေနပ်သွားစေလိုသဖြင့် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ကိုယ်တော်အား စစ်သားတို့လက်ထဲသို့ထည့်၍ ကြိမ်ဖြင့်ရိုက်နှက်စေကာ လက်ဝါးကပ်တိုင်တွင် တင်၍သတ်စေလေ၏။
ရှင်မာကု 15:15 ખોજ કરો
હોમ
બાઇબલ
યોજનાઓ
વિડિઓઝ