ထိုအခါ ကိုယ်တော်ယေရှုက “သင်တို့ မြင်တွေ့ရ၊ ကြားသိရသမျှကို ယောဟန်ထံသို့ ပြန်သွား၍ ပြောပြကြလော့။ မျက်မမြင်များသည် မျက်စိပြန်မြင်ကြရပြီး ခြေထောက်မသန်စွမ်းသူများသည်လည်း လမ်းလျှောက်နိုင်ကြပြီ။ အနာကြီးရောဂါသည်များသည် ပျောက်ကင်းစင်ကြယ်သွားကြပြီး နားမကြားရသူများသည်လည်း နားပြန်ကြားနိုင်ကြပြီ။ သေသောသူများသည် အသက်ပြန်ရှင်ကြပြီး ဆင်းရဲသားများသည်လည်း မင်္ဂလာသတင်းကောင်းကို ကြားကြရပြီ။