YouVersion Logo
Search Icon

ထွက်​မြောက် 20

20
ပ​ညတ်​တော်​ဆယ်​ပါး
(တ​ရား၊ ၅:၁-၂၁)
1-2ဘု​ရား​သ​ခင်​က``ငါ​သည်​သင်​တို့​အား​ကျွန် ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
3``ငါ​မှ​လွဲ​၍ အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး ကွယ်​ရ။
4``မိုး​ကောင်း​ကင်​သတ္တ​ဝါ၊ မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ၊ မြေ​ကြီး​အောက်​ရေ​ထဲ​ရှိ​သတ္တ​ဝါ​တို့​နှင့် ပုံ​သဏ္ဌာန် တူ​သော​ရုပ်​တု​ကို​သင်​တို့​အ​တွက်​မ​ထု​လုပ်​ရ။- 5ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-#ထွ၊ ၃၄:၁၇။ ဝတ်၊ ၁၉:၄၊ ၂၆:၁။ တရား၊ ၄:၁၅-၁၈၊ ၂၇:၁၅။ 6သို့​ရာ​တွင်​ငါ့​ကို​ချစ်​၍​ငါ့​ပညတ်​တို့​ကို​စောင့် ထိန်း​သော​သူ​တို့​အား အ​မျိုး​အ​စဉ်​အ​ဆက် ထောင်​သောင်း​တိုင်​အောင်​ငါ​၏​မေတ္တာ​ကို​ပြ တော်​မူ​မည်။#ထွ၊ ၃၄:၆-၇။ တော၊ ၁၄:၁၈။ တရား၊ ၇:၉-၁၀။
7``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ နာ​မ​ကို​အ​လွဲ​သုံး​စား​မ​ပြု​ရ။ ထို​သို့ အ​လွဲ​သုံး​စား​ပြု​သူ​အား​ငါ​ဒဏ်​ခတ် မည်။#ဝတ်၊ ၁၉:၁၂။
8``ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​လော့။ ထို​နေ့​ကို​နေ့ ထူး​နေ့​မြတ်​အ​ဖြစ်​သတ်​မှတ်​လော့။-#ထွ၊ ၁၆:၂၃-၃၀၊ ၃၁:၁၂-၁၄။ 9သင်​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​ကို​လုပ် လော့။- 10သတ္တမ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​သီး သန့်​ထား​သော​နား​ရက်​ဖြစ်​၏။ ထို​နေ့​တွင်​သင် မှ​စ​၍​သင်​၏​သား​သ​မီး​များ၊ ကျေး​ကျွန် များ၊ တိ​ရစ္ဆာန်​များ၊ ဧည့်​သည်​အာ​ဂန္တု​များ သည်​အ​လုပ်​မ​လုပ်​ရ။-#ထွ၊ ၂၃:၁၂၊ ၃၁:၁၅၊ ၃၄:၂၁၊၃၅:၂။ ဝတ်၊၂၃:၃။ 11ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက်​ရက်​အ​တွင်း​မိုး ကောင်း​ကင်၊ မြေ​ကြီး၊ ပင်​လယ်​နှင့်​ထို​အ​ရပ်​တို့ ၌​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း​၍​သတ္တ​မ​နေ့​တွင် နား​နေ​တော်​မူ​၏။ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား သည်​ထို​နား​ရက်​ကို​ကောင်း​ချီး​ပေး​၍ နေ့​ထူး နေ့​မြတ်​သတ်​မှတ်​တော်​မူ​၏။#က၊၂:၁-၃။ ထွ၊၃၁:၁၇။
12``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​မည့်​ပြည်​တွင် အ​သက်​ရှည်​စွာ​နေ​ထိုင် နိုင်​ရန်​သင်​၏​မိ​ဘ​ကို​ရို​သေ​လော့။#တရား၊ ၂၇:၁၆။ မ၊ ၁၅:၄၊ ၁၉:၁၉။ မာ၊ ၇:၁၀၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ဧ၊ ၆:၂(ခ)၊ ဧ၊ ၆:၃။
13``လူ့​အ​သက်​ကို​မ​သတ်​နှင့်။#က၊ ၉:၆။ ဝတ်၊ ၂၄:၁၇။ မ၊ ၅:၂၁၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။
14``သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။#ဝတ်၊ ၂၀:၁၀။ မ၊ ၅:၂၇၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။ ယာ၊ ၂:၁၁။
15``သူ့​ဥစ္စာ​ကို​မ​ခိုး​နှင့်။#ဝတ်၊ ၁၉:၁၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။ ရော၊ ၁၃:၉။
16``သူ​တစ်​ပါး​၏​တစ်​ဘက်​၌​မ​တ​ရား​သက်​သေ မ​ခံ​နှင့်။#ထွ၊ ၂၃:၁။ မ၊ ၁၉:၁၈။ မာ၊ ၁၀:၁၉။ လု၊ ၁၈:၂၀။
17``သူ​တစ်​ပါး​၏​အိမ်​ကို​လို​ချင်​တပ်​မက်​သော စိတ်​မ​ရှိ​နှင့်။ သူ​တစ်​ပါး​၏​မ​ယား၊ ကျေး​ကျွန်၊ နွား၊ မြည်း​မှ​စ​၍​သူ​ပိုင်​ဆိုင်​သ​မျှ​တို့​ကို မ​တပ်​မက်​နှင့်'' ဟု​မိန့်​တော်​မူ​သ​တည်း။#ရော၊ ၇:၇၊ ၁၃:၉။
လူ​တို့​ကြောက်​ရွံ့​ကြ​ခြင်း
(တ​ရား၊ ၅:၂၂-၃၃)
18လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။- 19သူ​တို့​က​မော​ရှေ​အား``ကိုယ်​တော်​က​သာ အ​ကျွန်ုပ်​တို့​အား ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​ကို ဆင့်​ဆို​ပါ။ အ​ကျွန်ုပ်​တို့​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​က​အ​ကျွန်ုပ်​တို့​အား​တိုက် ရိုက်​မိန့်​ကြား​ပါ​က အ​ကျွန်ုပ်​တို့​သေ​မည် ကို​စိုး​ရိမ်​ပါ​သည်'' ဟု​ဆို​လေ​၏။#ဟေဗြဲ၊ ၁၂:၁၈-၁၉။
20ထို​အ​ခါ​မော​ရှေ​က``မ​ကြောက်​ရွံ့​ကြ​နှင့်။ သင် တို့​ကို​စုံ​စမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ သည်​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​၍ အ​ပြစ်​မ​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း ဘု​ရား​သ​ခင်​ကြွ​လာ​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား လေ​၏။- 21သို့​ရာ​တွင်​လူ​တို့​သည်​အ​ဝေး​၌​သာ​ရပ်​နေ ကြ​၏။ မော​ရှေ​က​သာ​လျှင်​ဘု​ရား​သ​ခင်​ရှိ တော်​မူ​ရာ မည်း​မှောင်​သော​တိမ်​တိုက်​အ​နီး​သို့ ချဉ်း​ကပ်​လေ​၏။
ယဇ်​ပလ္လင်​နှင့်​ဆိုင်​သော​ပ​ညတ်​များ
22ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့​မိန့်​တော်​မူ ၏။``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မိုး ကောင်း​ကင်​မှ​မိန့်​ကြား​သည်​ကို​သင်​တို့​သိ​ရ ကြ​ပြီ။- 23သင်​တို့​သည်​ငါ့​ကို​သာ​ကိုး​ကွယ်​ရ​မည်။ ငွေ ရုပ်​တု၊ ရွှေ​ရုပ်​တု​ဘု​ရား​များ​ကို​ပြု​လုပ်​၍ မ​ကိုး​ကွယ်​နှင့်။- 24ယဇ်​ပူ​ဇော်​ရန်​အ​တွက်​မြေ​ဖြင့်​ပလ္လင်​တည်​ရ​မည်။ ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​သင်​တို့​၏​သိုး၊ နွား၊ ဆိတ်​ယဇ် ကောင်​လုံး​ကို​သော်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​ကို​သော်​လည်း​ကောင်း မီး​ရှို့​ပူ​ဇော်​ရ​မည်။ ငါ့ အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​သတ်​မှတ်​ထား​သော အ​ရပ်​ခပ်​သိမ်း​သို့ ငါ​ကြွ​လာ​၍​သင်​တို့​ကို ကောင်း​ချီး​ပေး​မည်။- 25သင်​တို့​သည်​ငါ့​အ​တွက်​ကျောက်​ဖြင့်​ယဇ်​ပလ္လင် တည်​လျှင် ဆစ်​သော​ကျောက်​ဖြင့်​မ​တည်​ရ။ သံ ကိ​ရိ​ယာ​ကို​သုံး​၍​ဆစ်​ရ​သော​ကျောက်​ဖြင့် တည်​သော​ယဇ်​ပလ္လင်​သည် မ​သန့်​ရှင်း​ပေ။-#တရား၊ ၂၇:၅-၇။ ယောရှု၊ ၈:၃၁။ 26ယဇ်​ပလ္လင်​တွင်​လှေ​ကား​ထစ်​မ​ရှိ​စေ​ရ။ အ​ကယ် ၍​လှေ​ကား​ထစ်​ရှိ​ခဲ့​လျှင်​သင်​တို့​သည်​ပလ္လင် သို့​တက်​သည့်​အ​ခါ သင်​တို့​၏​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​ကို​မြင်​ရ​လိမ့်​မည်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy