YouVersion Logo
Search Icon

ဧသတာ 1

1
မိ​ဖု​ရား​ဝါ​ရှ​တိ​အာ​ခံ​ခြင်း
1အိ​န္ဒိ​ယ​ပြည်​မှ​စ၍ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်​တို့​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည်၊#ဧ​ဇ၊ ၄:၆။ 2ရှု​ရှန်​နန်း​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ နန်း​စံ​သုံး​နှစ်​တွင်၊ 3ပေ​ရ​သိ​ဗိုလ်၊ မေ​ဒိ​ဗိုလ်​များ၊ အ​ပြည်​ပြည်​သော မှူး​မတ်​ဝန်​မင်း​များ​တို့​ကို ခေါ်၍၊ မှူး​တော် မတ်​တော် ကျွန်​တော်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​လုပ်​တော်​မူ၏။ 4ထို​အ​ခါ နိုင်​ငံ​တော်​စည်း​စိမ်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို အ​ရက်​တစ်​ရာ​ရှစ်​ဆယ်​ပတ်​လုံး ပြ​တော်​မူ၏။ 5ထို​ကာ​လ​လွန်​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် ရှု​ရှန်​နန်း​တော်၌ စည်း​ဝေး​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​အ​ဖို့ နန်း​တော်​အ​နား ဥ​ယျာဉ်​တော်​ဝင်း​ထဲ​မှာ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။ 6ငွေ​ကွင်း​တပ်​သော ကျောက်​ဖြူ​တိုင်​တို့၌ မောင်း​သော ပိတ်​ချော​ကြိုး​ဖြင့် ဆွဲ​ကာ​သော ပိတ်​ချော​ကု​လား​ကာ အ​ဖြူ​အ​စိမ်း​အ​ပြာ တို့​နှင့်​လည်း​ကောင်း၊ ခင်း​သော​ကျောက်​ပြား အ​နီ​အ​ပြာ​အ​ဖြူ​အ​နက်​တို့ အ​ပေါ်​မှာ​ထား​သော ရွှေ​ငွေ အ​နေ​အ​ထိုင်​တို့​နှင့်​လည်း​ကောင်း ဥ​ယျာဉ်​တော်​သည် ပြည့်​စုံ၏။ 7ရှင်​ဘု​ရင်​စည်း​စိမ်​နှင့် လျော်​စွာ ထူး​ခြား​သော​ရွှေ​ဖ​လား​တို့​နှင့် များ​စွာ​သော စ​ပျစ်​ရည်​ကို သောက်​ကြ၏။ 8စ​ပျစ်​ရည် သောက်​ခြင်း​အ​မှု​သည် တ​ရား​အ​တိုင်း ဖြစ်၏။ အ​ဘယ်​သူ​ကို​မျှ အ​နိုင်​မ​သောက်​စေ၊ လူ​အ​ပေါင်း​တို့​သည် ကိုယ်​အ​လို​အ​လျောက် ပြု​ကြ​မည်​အ​ကြောင်း၊ နန်း​တော်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ရှင်​ဘု​ရင် မိန့်​တော်​မူ၏။ 9မိ​ဖု​ရား​ဝါ​ရှ​တိ​သည်​လည်း၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု နန်း​တော်​သား မိန်း​မ​တို့​အ​ဖို့ ပွဲ​လုပ်​လေ၏။
10မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ဆင်း​လှ​သော​ကြောင့်၊ 11ခု​နစ်​ရက်​မြောက်​သော​နေ့၌ ရှင်​ဘု​ရင်​သည် စ​ပျစ်​ရည်​သောက်၍ ရွှင်​လန်း​သော​စိတ်​ရှိ​သော​အ​ခါ၊ မိ​ဖု​ရား အ​ဆင်း​လှ​ခြင်း အ​သ​ရေ​ကို မင်း​များ​နှင့်​လူ​များ​တို့​အား ပြ​လို​သော​ငှာ၊ မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ရာ​ဇ​သ​ရ​ဖူ​ဆောင်း​စေ၍၊ အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊ မ​ဟု​မန်၊ ဗိ​ဇ​သ၊ ဟာ​ဗော​န၊ ဗိ​ဂ​သ၊ အ​ဗာ​ဂ​သ၊ ဇေ​သာ၊ ကာ​ကတ်​တည်း​ဟူ​သော အ​မှု​တော်​ထမ်း မိန်း​မ​စိုး​ခု​နစ်​ယောက်​တို့​ကို မိန့်​တော်​မူ၏။ 12သို့​ရာ​တွင် မိန်း​မ​စိုး​ဆင့်​ဆို​သော အ​မိန့်​တော်​ကို၊ မိ​ဖု​ရား​သည် ငြင်း​ဆန်၍ မ​လာ​ဘဲ​နေ၏။ ထို​ကြောင့် ရှင်​ဘု​ရင်​သည် အ​မျက်​ထွက်၍၊ ဒေါ​သ​မီး​လောင်​လျက် နေ​တော်​မူ၏။
13ထို​အ​ခါ ကာ​ရှေ​န၊ ရှေ​သာ၊ အာ​ဒ​မာ​သ၊ တာ​ရှိ​ရှ၊ 14မေ​ရက်၊ မာ​သေ​န၊ မ​မု​ကန်​တည်း​ဟူ​သော ရှင်​ဘု​ရင်၏ မျက်​နှာ​တော်​ကို အ​စဉ်​ဖူး​မြင်၍၊ နိုင်​ငံ​တော်​တွင် အ​မြတ်​ဆုံး​သော ပေ​ရ​သိ၊ မေ​ဒိ​အ​တွင်း​ဝန်​မင်း ခု​နစ်​ပါး​တို့​သည် အ​နား​တော်၌ ထိုင်​လျက်​ရှိ၍၊ တ​ရား​စီ​ရင်​ရာ​လမ်း​ကို လေ့​ကျက်​သော​သူ အ​ပေါင်း​တို့​နှင့် ရှင်​ဘု​ရင်​တိုင်​ပင်​သော ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော ထို​ပ​ညာ​ရှိ​တို့​ကို​ခေါ်၍၊ 15မိန်း​မ​စိုး​ဆင့်​ဆို​သော ငါ​ရှင်​ဘု​ရင်​အာ​ရွှေ​ရု အ​မိန့်​တော်​ကို၊ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် နား​မ​ထောင်​သော​ကြောင့်၊ ဓ​မ္မ​သတ်​အ​တိုင်း သူ၌ အ​ဘယ်​သို့ စီ​ရင်​ရ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊ 16မ​မု​ကန်​က၊ မိ​ဖု​ရား​ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး​ကို​သာ ပြစ်​မှား​သည် မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​အာ​ရွှေ​ရု အ​စိုး​ရ​တော်​မူ​သော တိုင်း​ပြည်​အ​ရပ်​ရပ်၌ ရှိ​သော မင်း​များ​နှင့် ဆင်း​ရဲ​သား​များ အ​ပေါင်း​တို့​ကို ပြစ်​မှား​ပါ​ပြီ။ 17ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် မိ​ဖု​ရား​ဝါ​ရှ​တိ​ကို ခေါ်၍၊ မိ​ဖု​ရား​မ​လာ​ဟု အ​နှံ့​အ​ပြား ပြော​ကြ​သ​ဖြင့်၊ မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ခပ်​သိမ်း​သော​မိန်း​မ​တို့​သည် ကြား၍ မိ​မိ​တို့​ခင်​ပွန်း​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​ပါ​လိမ့်​မည်။ 18မိ​ဖု​ရား​ပြု​သော ဤ​အ​မှု​ကို ပေ​ရ​သိ၊ မေ​ဒိ မင်း​က​တော်​တို့​သည် ကြား​သိ​ကြ​လျှင်၊ မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​အား ထို​နည်း​တူ ပြန်​ပြော​သ​ဖြင့်၊ အား​မ​နာ တတ်​သော​စိတ်၊ ဒေါ​သ​စိတ် တိုး​ပွား​စ​ရာ​အ​ကြောင်း ရှိ​ပါ​လိမ့်​မည်။ 19ဝါ​ရှ​တိ​သည် အ​ရှင်​မင်း​ကြီး အာ​ရွှေ​ရု​ထံ​တော်​သို့ နောက်​တစ်​ဖန် မ​ဝင်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် မ​ဝင်​စေ​နှင့်​ဟု မိန့်​တော်​မူ​ပါ။ မ​ပြောင်း​လဲ​နိုင်​သော အ​မိန့်​တော်​ရှိ​စေ​ခြင်း​ငှာ ပေ​ရ​သိ၊ မေ​ဒိ​ဓ​မ္မ​သတ်၌​သွင်း၍ ရေး​စေ​တော်​မူ​ပါ။ ဝါ​ရှ​တိ​ထက် ကောင်း​သော မိန်း​မ​ကို​လည်း မိ​ဖု​ရား​အ​ရာ၌ ချီး​မြှောက်​တော်​မူ​ပါ။ 20သို့​ပြု​လျှင် ရှင်​ဘု​ရင်​ပေး​တော်​မူ​သော အ​မိန့်​တော်​ကို ကျယ်​ဝန်း​သော နိုင်​ငံ​တော်​တစ်​လျှောက်​လုံး ကြော်​ငြာ​သော​အ​ခါ၊ မိန်း​မ​အ​ပေါင်း​တို့​သည် ကိုယ်​ခင်​ပွန်း အ​ယုတ်​အ​မြတ်​တို့​ကို ရို​သေ​ကြ​ပါ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​ရှေ့​မှာ လျှောက်​ထား၏။ 21ထို​စ​ကား​ကို ရှင်​ဘု​ရင်​နှင့် မှူး​မတ်​တို့​သည် နှစ်​သက်၍ မ​မု​ကန်​လျှောက်​သည်​အ​တိုင်း ရှင်​ဘု​ရင်​ပြု​လျက်၊ 22လူ​တိုင်း မိ​မိ​အိမ်​ကို အုပ်​စိုး​ရ​မည်​အ​ကြောင်း၊ မိ​မိ​လူ​မျိုး​စ​ကား​ကို ပြော​ရ​မည်​အ​ကြောင်း၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည် ဘာ​သာ​စ​ကား အ​သီး​အ​သီး​ကို အ​နက်​ပြန်၍ နိုင်​ငံ​တော်​အ​ရပ်​ရပ်​သို့ အ​မိန့်​တော်​စာ​ကို ပေး​လိုက်​တော်​မူ၏။

Currently Selected:

ဧသတာ 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy