YouVersion Logo
Search Icon

အာမုတ် 1

1
1ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ၏​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ မြေ​ကြီး​မ​လှုပ်​မီ နှစ်​နှစ်​အ​ထက်​က၊ သိုး​ထိန်း​စု​အ​ဝင်​ဖြစ်​သော တေ​ကော​ရွာ​သား အာ​မုတ်​သည် ဣ​သ​ရေ​လ​ပြည်​အ​တွက်​ခံ​ရ​သော ဗျာ​ဒိတ်​တော်​စ​ကား​ဟူ​မူ​ကား၊#၄​ရာ၊ ၁၅:၁-၇။ ၆​ရာ၊ ၂၆:၁-၂၃။ ၄​ရာ၊ ၁၄:၂၃-၂၉။ 2ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​ပေါ်​က ကြွေး​ကြော်၍၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က အ​သံ​ကို​လွှင့်​တော်​မူ​သော​ကြောင့်၊ သိုး​ထိန်း​နေ​ရာ​တို့​သည် ညှိုး​ငယ်၍၊ က​ရ​မေ​လ​တောင်​ထိပ်​သည် နွမ်း​ရိ​လိမ့်​မည်။#ယော​လ၊ ၃:၁၆။
အိမ်​နီး​ချင်း​နိုင်​ငံ​များ​အ​ပေါ်​စီ​ရင်​ချက်
3ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဒ​မာ​သက်​မြို့​သည် ဂိ​လဒ်​ပြည်​ကို စ​ပါး​နယ်​ရာ သံ​ယ​န္တ​ရား​စက်​တို့​နှင့် ကြိတ်​နယ်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။#ဟေ​ရှာ၊ ၁၇:၁-၃။ ယေ၊ ၄၉:၂၃-၂၇။ ဇာ၊ ၉:၁။ 4ဟာ​ဇေ​လ​မင်း​မျိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗင်္ဟာ​ဒဒ်​မင်း၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ 5ဒ​မာ​သက်​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​ကို ချိုး​မည်။ အာ​ဝင်​ချိုင့်​သား​တို့​ကို​လည်း​ကောင်း၊ ဗေ​သေ​ဒင်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ရှု​ရိ​ပြည်​သား​တို့​သည် ကိ​ရ​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
6တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဂါ​ဇ​မြို့​သည် ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌ အပ်​ခြင်း​ငှာ သိမ်း​သွား​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။#ဟေ​ရှာ၊ ၁၄:၂၉-၃၁။ ယေ၊ ၄၇:၁-၇။ ယေ​ဇ၊ ၂၅:၁၅-၁၇။ ယော​လ၊ ၃:၄-၈။ ဇေ၊ ၂:၄-၇။ ဇာ၊ ၉:၅-၇။ 7ဂါ​ဇ​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို​လောင်​စေ​မည်။ 8အာ​ဇုတ်​မြို့​သား​တို့​ကို​လည်း​ကောင်း၊ အာ​ရှ​ကေ​လုန်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ဧ​ကြုန်​မြို့​ကို​လည်း​တိုက်၍ ကျန်​ကြွင်း​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ပျက်​စီး​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
9တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တု​ရု​မြို့​သည် ညီ​အစ်​ကို​ချင်း​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို မ​စောင့်၊ ချုပ်​ထား​သော သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌​အပ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။#ဟေ​ရှာ၊ ၂၃:၁-၁၈။ ယေ​ဇ၊ ၂၆:၁—၂၈:၁၉။ ယော​လ၊ ၃:၄-၈။ ဇာ၊ ၉:၁-၄။ မ၊ ၁၁:၂၁-၂၂။ လု၊ ၁၀:၁၃-၁၄။ 10တု​ရု​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။
11တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​သည် သ​နား​သော​စိတ်​ကို​ချုပ်​တည်း၍၊ ညီ​အစ်​ကို​ကို ဓား​နှင့်​လိုက်​သော​အ​ပြစ်၊ ဒေါ​သ​စိတ်​နှင့် အ​စဉ်​အ​မြဲ​ဆွဲ​ဖြတ်၍ အ​စဉ်​အ​မြဲ အ​ငြိုး​ထား​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။#ဟေ​ရှာ၊ ၃၄:၅-၁၇။ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေ​ဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ သြ၊ ၁-၁၄။ မာ​လ၊ ၁:၂-၅။ 12တေ​မန်​မြို့​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗော​ဇ​ရ​မြို့၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။
13တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​ပြည်​သား​တို့​သည် မိ​မိ​တို့​နေ​ရာ​ကို ကျယ်​စေ​ခြင်း​ငှာ၊ ကိုယ်​ဝန်​ဆောင်​သော ဂိ​လဒ်​ပြည်​သူ​မိန်း​မ​တို့၏ ဝမ်း​ကို​ခွဲ​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။#ယေ၊ ၄၉:၁-၆။ ယေ​ဇ၊ ၂၁:၂၈-၃၂၊ ၂၅:၁-၇။ ဇေ၊ ၂:၈-၁၁။ 14ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။ 15သူ​တို့​ရှင်​ဘု​ရင်​ကိုယ်​တိုင်​မှ​စ၍၊ မှူး​တော်​မတ်​တော်​များ​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

Currently Selected:

အာမုတ် 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy