YouVersion Logo
Search Icon

၁ ဓမ္မရာဇဝင် 1

1
ဧ​လ​ကာ​န​နှ​င့်​အိမ်​ထောင်​စု
1ဧ​ဖ​ရတ်​မြို့​သား ဇု​ဖ၊ တော​ဟူ၊ ဧ​လိ​ဟူ၊ ယေ​ရော​ဟံ​မှ ဆင်း​သက်၍ ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ ရာ​မ​သိမ် ဇု​ဖိမ်​မြို့၌​နေ​သော ဧ​လ​ကာ​န​အ​မည်​ရှိ​သော သူ​တစ်​ယောက်​ရှိ၏။ 2ထို​သူ​သည် မ​ယား​နှစ်​ယောက်​ရှိ၏။ တစ်​ယောက်​ကား၊ ဟ​န္န၊ တစ်​ယောက်​ကား ပေ​နိ​န္န​အ​မည် ရှိ၏။ ပေ​နိ​န္န၌ သား​သ​မီး​ရှိ၏။ ဟ​န္န​၌​မ​ရှိ။ 3ဧ​လ​ကာ​န​သည် ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်၍ ယဇ်​ပူ​ဇော်​ခြင်း​ငှာ၊ မိ​မိ​နေ​ရာ​မြို့​မှ ရှိ​လော​မြို့​သို့ နှစ်​တိုင်း​သွား​မြဲ​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပု​ရော​ဟိတ် ဧ​လိ၏​သား​ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​သည် ရှိ​လော​မြို့၌ နေ​သ​တည်း။
4ဧ​လ​ကာ​န​သည် ယဇ်​ပူ​ဇော်​အ​ချိန် ရောက်​သော​အ​ခါ၊ မ​ယား​ပေ​နိ​န္န​နှင့် သူ၏ သား​သ​မီး​အ​ပေါင်း​တို့​အား ဝေ​မျှ၏။ 5ဟ​န္န​ကို​ချစ်​သော​ကြောင့် နှစ်​ဆ​သော​အ​ဖို့​ကို ပေး၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​အား သား​ဖွား​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။ 6ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်၊ ဟ​န္န​စိတ်​ဆိုး​ညစ်​အောင် ရန်​သူ သည် အ​လွန်​နှောင့်​ယှက်​တတ်၏။ 7နှစ်​စဉ်​မ​ပြတ် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ သွား​သော​အ​ခါ၊ ရန်​သူ​နှောင့်​ယှက်​သ​ဖြင့် ဟ​န္န​သည် အ​စာ​မ​စား​နိုင်၊ ငို​လျက်​နေ​တတ်၏။ 8သူ၏​ခင်​ပွန်း ဧ​လ​ကာ​န​က၊ ဟ​န္န အ​ဘယ်​ကြောင့် ငို​သ​နည်း။ အ​ဘယ်​ကြောင့် မ​စား​ဘဲ​နေ​သ​နည်း။ အ​ဘယ်​ကြောင့် စိတ်​ညှိုး​ငယ်​သ​နည်း။ သား​တစ်​ကျိပ်​ထက် သင်၌ ငါ​သာ၍​ကောင်း​သည် မ​ဟုတ်​လော​ဟု ဆို၏။
ဟ​န္န​နှ​င့် ဧ​လိ
9ရှိ​လော​မြို့၌ စား​သောက်​ကြ​သော​နောက်၊ ယဇ်​ပု​ရော​ဟိတ် ဧ​လိ​သည် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​တိုင်​နား​မှာ ထိုင်​စဉ်၊ 10ဟ​န္န​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ထ၍၊ မျက်​ရည်​များ​စွာ​ကျ​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သည်​ကား၊ 11အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။#တော၊ ၆:၅။ 12ဟ​န္န​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြာ​မြင့်​စွာ ဆု​တောင်း​စဉ်၊ ဧ​လိ​သည် သူ၏​နှုတ်​ကို ကြည့်​မှတ်​လေ၏။ 13စိတ်​နှ​လုံး​နှင့် ဆု​တောင်း၍ နှုတ်​ခမ်း​လှုပ်​သော်​လည်း၊ စ​ကား​သံ​မ​ထွက်​သော​ကြောင့်၊ ယစ်​မူး​သည်​ဟု ဧ​လိ​ထင်​လျက်၊ 14သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ယစ်​မူး​လိမ့်​မည်​နည်း။ သင်၏ စ​ပျစ်​ရည်​ကို ပယ်​ရှောင်​လော့​ဟု ဆို၏။ 15ဟ​န္န​က​လည်း၊ မ​ဟုတ်​ပါ​အ​ရှင်။ ကျွန်​မ​သည် စိတ်​ညှိုး​ငယ်​သော မိန်း​မ​ဖြစ်​ပါ၏။ စ​ပျစ်​ရည်​ကို မ​သောက်​ပါ၊ သေ​ရည်​သေ​ရက်​ကို မ​သောက်​ပါ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စိတ်​နှ​လုံး​ကို သွန်း​လောင်း​လျက် နေ​ပါ၏။ 16ကိုယ်​တော်၏​ကျွန်​မ​ကို အ​ဓ​မ္မ​မိန်း​မ ဟူ၍ မ​မှတ်​ပါ​နှင့်။ မြည်​တမ်း​စ​ရာ​အ​ကြောင်း၊ ဝမ်း​နည်း​စ​ရာ​အ​ကြောင်း များ​သည်​ဖြစ်၍၊ ယ​ခု​တိုင်​အောင် လျှောက်​နေ​ပါ​သည်​ဟု ပြန်​ပြော​သော်၊ ဧ​လိ​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့။ 17ယ​ခု ဆု​တောင်း​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ပေး​သ​နား​တော် မူ​ပါ​စေ​သော​ဟု မြွက်​ဆို၏။ 18ဟ​န္န​က​လည်း၊ ကိုယ်​တော်၏​ကျွန်​မ​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ပါ​စေ​သော​ဟု လျှောက်​ပြီး​မှ၊ ခြား​နား​သော​မျက်​နှာ​နှင့် သွား၍ အ​စာ​စား​လေ၏။
ရှ​မွေ​လ​ကို​မွေး​ဖွား​ခြင်း​နှ​င့်​ဆက်​ကပ်​ခြင်း
19ထို​သူ​တို့​သည် နံ​နက်​စော​စော​ထ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုး​ကွယ်​ပြီး​လျှင်၊ ရာ​မ​မြို့​မှာ​ရှိ​သော မိ​မိ​တို့​အိမ်​သို့ ပြန်​သွား​ကြ၏။ ထို​အ​ခါ ဧ​လ​ကာ​န​သည် မ​ယား​ဟ​န္န​နှင့် ဆက်​ဆံ၍ ထာ​ဝ​ရ​ဘု​ရား အောက်​မေ့​တော်​မူ​သ​ဖြင့်၊ 20ဟ​န္န​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ကာ​လ​အ​ချိန်​စေ့​သော​အ​ခါ၊ သား​ယောက်ျား​ကို ဖွား​မြင်​ပြီး​လျှင်၊ ထို​သား​ကို ထာ​ဝ​ရ​ဘု​ရား​ထံ၌ ဆု​တောင်း​သော​ကြောင့်၊ ရှ​မွေ​လ​အ​မည်​ဖြင့် မှည့်​လေ၏။ 21ဧ​လ​ကာ​န​သည် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​အ​တူ နှစ်​စဉ် ပြု​ရ​သော​ယဇ်​ကို​လည်း​ကောင်း၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ခြင်း​ငှာ တက်​သွား​သော​အ​ခါ၊ 22ဟ​န္န​က၊ နို့​နှင့်​ကွာ​ပြီး​မှ သူ​ငယ်​ကို ဆောင်​သွား​ပါ​မည်။ ထို​အ​ခါ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ရောက်၍ အ​မြဲ​နေ​ရ​လိမ့်​မည်​ဟု ဆို​လျှင်၊ 23ခင်​ပွန်း​ဧ​လ​ကာ​န​က၊ စိတ်​ရှိ​သည် အ​တိုင်း​ပြု​လော့။ နို့​နှင့်​မ​ကွာ​မီ​တိုင်​အောင် နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ က​တိ​တော်​သာ တည်​ပါ​စေ​သော​ဟု ဝန်​ခံ၍၊ မ​ယား​သည် သူ​ငယ်​ကို​နို့​တိုက်​လျက် နို့​မ​ကွာ​မီ​တိုင်​အောင် မ​သွား​ဘဲ​နေ၏။ 24နို့​ကွာ​ပြီး​မှ၊ အ​သက်​သုံး​နှစ်​ရှိ​သော နွား​တစ်​ကောင်၊ မုန့်​ညက် တစ်​ဧ​ဖာ၊ စ​ပျစ်​ရည်​တစ်​ဘူး​နှင့်​တ​ကွ သူ​ငယ်​ကို​ဆောင်​သွား၍၊ ရှိ​လော​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ရောက်​လေ၏။ ထို​အ​ခါ သူ​ငယ်​သည် အ​သက်​နု​သေး၏။ 25နွား​ကို​သတ်၍ သူ​ငယ်​ကို ဧ​လိ​ထံ​သို့​သွင်း​လျက်၊ ဟ​န္န​က၊ ကျွန်​မ၏​သ​ခင်၊ 26ကိုယ်​တော် အ​သက်​ရှင်​သည်​အ​တိုင်း၊ ကျွန်​မ​သည် ယ​မန်​တစ်​ခါ ဤ​အ​ရပ်၌ ကိုယ်​တော်​အ​နား​မှာ​ရပ်​လျက် ဆု​တောင်း​သော​မိန်း​မ ဖြစ်​ပါ၏။ 27ထို​အ​ခါ ဤ​သူ​ငယ်​ကို​ရ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပြီ။ 28ထို​ကြောင့် ကျွန်​မ​သည် သူ့​ကို ထာ​ဝ​ရ​ဘု​ရား​အား ငှား​ပါ​ပြီ။ သူ​သည် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ငှား​ခံ၍ နေ​ရ​ပါ​မည်​သ​ခင်​ဟု လျှောက်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy