ကမ္ဘာဦး 1

1
ဖန်​ဆင်း​ခြင်း
1အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။
2မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။
3 # ၂​ကော၊ ၄:၆။ ဘု​ရား​သ​ခင်​က​လည်း အ​လင်း​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​၍ အ​လင်း​ဖြစ်​လေ​၏။ 4ထို​အ​လင်း​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​၍၊ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​ခွဲ​ထား​တော်​မူ​၏။ 5အ​လင်း​ကို နေ့​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ မှောင်​မိုက်​ကို ည​ဟူ​သော​အမည်​ဖြင့်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ညဉ့်ဦး​နှင့် နံ​နက်​သည် ပ​ထ​မ​နေ့​ရက်​ဖြစ်​လေ​၏။
6တ​စ်​ဖန်​ဘု​ရား​သ​ခင်​က ရေ​အ​လယ်​၌ မိုး​မျက်​နှာ​ကြက်​ဖြစ်​စေ၊ ရေ​နှင့် ရေ​ချင်း​ခြား​နား​စေ​ဟု အ​မိန့်​တော်​ရှိ​သ​ဖြင့်၊ 7မိုး​မျက်​နှာ​ကြက်​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​၍၊ မိုး​မျက်​နှာ​ကြက်​အောက်​၌​ရှိ​သော​ရေ​နှင့်၊ မိုး​မျက်​နှာ​ကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်း​ခြား​တော်​မူ​သည်​အ​တိုင်း ဖြစ်​လေ​၏။ 8#၂​ပေ၊ ၃:၅။ မိုး​မျက်​နှာ​ကြက်​ကို​လည်း မိုး​ကောင်း​ကင်​ဟူ​သော​အ​မည်​ဖြင့် ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ဒု​တိ​ယ​နေ့​ရက်​ဖြစ်​လေ​၏။
9တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မိုး​ကောင်း​ကင်​အောက်​၌​ရှိ​သော ရေ​စု​ဝေး​စေ၊ ကုန်း​ပေါ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ 10ကုန်း​ကို​မြေ​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ရေ​စု​ဝေး​ရာ​ကို ပင်​လယ်​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၏။
11တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​ကို​ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မြေ​ပေါ်​မှာ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း၊ ပေါက်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ 12မြေ​သည်​မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​မျိုး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မိ​မိ​၌ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​၏။ 13ထို​အ​မှု​အ​ရာ​ကောင်းသည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့်နံ​နက်​သည် တ​တိ​ယ​နေ့​ရက် ဖြစ်​လေ​၏။
14တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ နေ့​နှင့်ည​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ အ​လင်း​အိမ်​တည်​စေ။ နိ​မိတ်​လ​က္ခ​ဏာ၊ ချိန်း​ချက်​သော​အ​ချိန်၊ နေ့​ရက်​အ​ပိုင်း​အ​ခြား၊ နှစ်​အပိုင်း​အ​ခြား​ဖို့​ဖြစ်​စေ။ 15မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌​တည်​၍ မြေ​ကြီး​လင်း​စ​ရာ အ​လင်း​အိမ်​ဖြစ်​စေ​ဟု၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​၏။
16ထို​သို့ ဘု​ရား​သ​ခင်​သည် အ​လင်း​အိမ်​ကြီး နှစ်​လုံး​တည်း​ဟူ​သော၊ နေ့​ကို​အုပ်​စိုး​ရ​သော​အ​ကြီး​တ​စ်​လုံး၊ ည​ကို​အုပ်​စိုး​ရ​သော အ​ငယ်​တ​စ်​လုံး​နှင့်​တ​ကွ ကြယ်​များ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ 17မြေ​ကြီး​၌ လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​နှင့် ည​ကို​အုပ်​စိုး​၍ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ ဘု​ရား​သ​ခင် ထား​တော်​မူ​၏။ 18ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ 19ညဉ့်​ဦး​နှင့် နံ​နက်​သည် စ​တု​တ္ထ​နေ့​ရက်​ဖြစ်​လေ​၏။
20တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​တို့​ကို ရေ​သည်​များ​ပြား​စွာ မွေး​ဖွား​စေ။ ငှက်​တို့​လည်း မြေ​ပေါ် မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​ပြင်​ဝယ်​ပျံ​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ 21ထို​သို့​လျှင်​ရေ​သည် တိ​ရ​စ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အ​မှု​အရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။ 22ဘု​ရား​သ​ခင်​က​လည်း၊ များ​ပြား​စွာ မွေး​ဖွား​ကြ​လော့။ ပင်​လယ်​ရေ​များ​ကို ပြည့်​စေ​ကြ​လော့။ ငှက်​တို့​လည်း မြေ​ပေါ်​၌ များ​ပြား​စေ​သ​တည်း​ဟု ထို​တိ​ရ​စ္ဆာန်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍၊ 23ညဉ့်​ဦး​နှင့် နံ​နက်​သည် ပ​ဥ္စ​မ​နေ့​ရက်​ဖြစ်​လေ​၏။
24တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် အ​သက်​ရှင်​သော​သ​တ္တ​ဝါ​မျိုး​တည်း​ဟူ​သော သားယဉ်​တို့​ကို​လည်း​ကောင်း၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​မျိုး​တို့​ကို​လည်း​ကောင်း၊ မွေး​ဖွား​စေ​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ 25ထို​သို့ ဘု​ရား​သ​ခင်​သည် သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​ကို ဖန်ဆင်း​၍၊ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။
26 # ၁​ကော၊ ၁၁:၇။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​တို့​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီတ​သ​ဏ္ဌာန်​တည်း လူ​ကို ဖန်​ဆင်း​ကြ​စို့။ သူ​သည် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ သားယဉ်​တို့​ကို​လည်း​ကောင်း၊ မြေ​တ​စ်​ပြင်​လုံး​နှင့်​တ​ကွ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အုပ်​စိုး​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ 27#မ၊ ၁၉:၄။ မာ၊ ၁၀:၆။ ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊ 28#က၊ ၅:၁-၂။ အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။
29ဘု​ရား​သ​ခင်​က​လည်း၊ ကြည့်​ရှု​လော့။ မြေ​တ​စ်​ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။ 30မြေ​သား၊ မိုး​ကောင်း​ကင်​ငှက်၊ အသက်​ရှင်​၍ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​စား​စ​ရာ​ဖို့၊ မြက်​ပင်​အ​မျိုး​မျိုး​တို့​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​လေ​၏။ 31ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။

Zur Zeit ausgewählt:

ကမ္ဘာဦး 1: JBMLE

Markierung

Teilen

Kopieren

None

Möchtest du deine gespeicherten Markierungen auf allen deinen Geräten sehen? Erstelle ein kostenloses Konto oder melde dich an.

YouVersion verwendet Cookies, um deine Erfahrung zu personalisieren. Durch die Nutzung unserer Webseite akzeptierst du unsere Verwendung von Cookies, wie in unserer Datenschutzrichtlinie beschrieben