Luke 1
1
1များစွာသောလူတို့သည် ကျွန်ပ်တို့ကြား၌ ထင်ရှားစွာဖြစ်လေပြီးသော အဖြစ်ပျက်များအကြောင်းကို ရေးသားမှတ်စုရန် ကြို့စားခဲ့ကြ၏။ 2ရှေးဦးစွာကပင် ထင်ရှားစွာဖြစ်လေပြီးခဲ့သော ဤအကြောင်းအရာတို့၏ မျက်မြင်သက်သေဖြစ်သော သူတို့နှင့် နှုတ်ကပတ်တော်ကို ပြုစုသောသူတို့သည် အကျွန်ုပ်ထံ စီရင်တင်ပြခဲ့ကြ၏။ 3အလွန်မြတ်သော သော်ဖိလု၊ အကျွန်ုပ်သည်လည်း ရှေးဦးစွာကပင် ဤအကြောင်းအရာအလုံးစုံတို့ကို ဂရုတစိုက်စေ့စေ့လေ့လာခဲ့ပြီး သင့်အတွက် ဤစီရင်ခံစာကို စနစ်တကျရေးသားရခြင်းမှာ ကောင်းပုံရပါ၏။ 4ဤသို့ရေးခြင်းမှာ အကျွန်ုပ်တို့အား ဟောပြောသွန်သင်ခဲ့သော သတင်းစကားသည် အမှန်တကယ်ရှိခဲ့ကြောင်း အရှင်သိစေခြင်းငှာ ရေးသားပြုစုရခြင်းဖြစ်သည်။ 5ယုဒပြည်ကို ဟေရုဒ်ရှင်ဘုရင် အုပ်စိုးစဥ်ကာလတွင် အဘိယအသင်းဝင်းဖြစ်သော ဇာခရိအမည်ရှိသော ယဇ်ပုရောဟိတ်တစ်ဦးရှိ၏။ သူ၏ဇနီးကား အာရုန်၏ မျိုးရိုးမှ ဆင်းသတ်လာသော ဧလိရှဗက်ဖြစ်၏။ 6သူတို့နှစ်ဦးသည် ပရ်မေဆွာရ်၏ ပညက်တော်တို့ကို လိုက်နာကျင့်သုံးဆောင်ရွက်သောသူများဖြစ်ကြသောကြောင့်၊ ထိုနှစ်ဦးလုံးသည် ပရ်မေဆွာရ်၏ ရှေ့တော်၌ ရိုးသားဖြောင့်မတ်သောသူများဖြစ်ကြ၏။ 7သို့သော် ဧလိရှဗက်သည် မြုံသောကြောင့် သားသမီးမထွန်းကားနိုင်။ထိုသူတို့နှစ်ဦးစလုံးအသက်ကြီးကြ၏။ 8တစ်နေ့တွင် ဇာခရိသည် မိမိအဖွဲ့နှင့်တကွ ပရ်မေဆွာရ်၏ ရှေ့တော်၌ မန်နန်ဒီရ်တွင် ယဇ်ပုရောဟိတ်အဖြစ်အမှုဆောင်ရွက်ရန် အလှည့်သင့်လေ၏။ 9ယဇ်ပုရောဟိတ်ထုံးတမ်းအစဉ်လာအရ စာရေးတံမဲချ၍ မန်နန်ဒီရ်သို့သွား၍ ပရ်မေဆွာရ်၏ရှေ့တော်တွင် နံ့သာပေါင်းမီးရှို့ရန် ရွေးချယ်ခံရ၏။ 10ထိုသို့ နံ့သာပေါင်းကိုမီးရှို့ရန် အချိန်နေ့ရက်ရောက်လာ၏။ သူသည်နံ့သာပေါင်းကို မီးရှို့ရန်အတွက်အတွင်းသို့ ဝင်သွားသောအခါ၊ အခြားယဇ်ပုရောဟိတ်တို့သည် ပြင်ပ၌ရပ်နေ၍ ဝတ်ပြုဆုတောင်လျက်နေကြ၏။ 11ထိုအခါ ပရ်မေဆွာရ်၏ဆွာရ်(ဂ်)ဒူ(သ်)သည် ဇာခရိအား နံ့သာပေါင်းယဇ်ပုလ္လင်၏ လက်ယာဘက်၌ ရပ်လျက် ကိုယ်ထင်းပြလေ၏။ 12ဇာခရိသည် မြင်လျှင်၊ စိတ်နှလုံး၌အလွန်မှအံ့ဩကြောက်ရွံ့ထိတ်လန့်သွားလေ၏။ 13သို့သော် ဆွာရ်(ဂ်)ဒူ(သ်)က " ဇာခရိ၊ သင်သည်ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်၏ဆုတောင်းခြင်းကို ပရ်မေဆွာရ်နာခံတော်မူပြီး၊ သင်၏ဇနီး ဧလိရှဗက်သည် သားယောက်ျာလေး တစ်ယောက်ကို ဖွားမြင်လိမ့်မယ်။ 14ထို့သားသည် သင့်အားဝမ်းမြောက်ရွှင်လန်းကြည်နူးစရာ ဖြစ်လိမ့်မည်။ သူ၏မွေးဖွားခြင်းကြောင့် များစွာသောလူအပေါင်းတို့သည်လည်း ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်ကြလိမ့်မည်။ 15သူသည် ပရ်မေဆွာရ်၏ရှေ့တော်တွင် မြင့်မြတ်သောသူဖြစ်လိမ့်မည်။ သူသည်စပျစ်ရည်နှင့် အခြားမူးယစ်စေသောအရည်တို့ကို သောက်စားလိမ့်မည်မဟုတ်။ သူသည်မွေးဖွားချိန်မှစ၍ ပရ်မေဆွာရ်၏ ဝိညာဉ်တော်နှင့်ပြည့်ဝလိမ့်မည်။ 16ဣသရေလ အမျိုးသားအပေါင်းတို့ကို ပရ်ဘူပရ်မေဆွာရ်ထံတော်သို့ ပြန်လှည်ခေါ်ဆောင်လာသောသူလည်းဖြစ်လိမ့်မည်။ 17သူသည် ပရ်ဘက်သာ ဧလိယနှင့်တူညီသော စိတ်ဝိညာဉ်တန်ခိုးစွမ်းအားရှိလျက်၊ သားသမီးတို့တွင် အချင်းချင်းသင့်တင်စေ၍ မိဘကိုချစ်တတ်စေခြင်းငှာ၎င်း၊ မနာခံသောသူတို့ကို ပညာရှိနှင့် မှန်ကန်သောအကျင့်ကိုကျင့်သော သူတော်ကောင်းဖြစ်စေခြင်းငှာ၎င်း ဆုံးမသွန်သင်ပေးလိမ့်မည်။ သူသည်ဤနည်းအားဖြင့် ပရ်မေဆွာရ်အတွက် အသင့်ဖြစ်သော ပရ်မေဆွာရ်၏ လူတို့ကိုပြင်ဆင်လိမ့်မည် " ဟု ဇာခရိအားဆို၏။ 18ထိုအခါ ဇာခရိက ' ဤအရာသည်အဘယ်သို့ဖြစ်နိုင်ကြောင် ယုံကြည်နိုင်ပါမည်နည်း။ အကျွန်ုပ်အသက်ကြီးပါ၏။ အကျွန်ုပ်ဇနိးသည်လည်း အသက်ကြီးပါပြီ 'ဟု ဆွာရ်(ဂ်)ဒူ(သ်)အားပြောဆိုလေ၏။ 19ဆွာရ်(ဂ်)ဒူ(သ်)ကလည်း " ငါသည် ပရ်မေဆွာရ်၏ အထံတော်၌ ဝတ်ပြုခစားသော ဂါဗြေလဖြစ်၏။ ငါသည်သင့်အား ပရ်မေဆွာရ်၏ သတင်းကောင်းကို ကြားပြောစေခြင်းငှာ စေလွှတ်ခြင်းခံရတော်မူ၏။ 20ယခုတွင် သင်သည် ငါစကားကိုမယုံကြည်သောကြောင့်၊ ဤအချင်းအရာမပြီးစီးသည့်တိုင်အောင် သင်၏နှုတ်သည် တိတ်ဆိတ်၍စကားမပြောနိုင်ဖြစ်လိမ်မည်။ ငါစကားသည်အချိန်ကာလတန်လျှင် ပြည့်စုံလိမ့်မည် " ဟု ဆို၏။ 21ထိုအချိန်တွင် လူများတို့သည် ဇာခရိထွက်လာမည်ကို စောင့်မျှော်လျက်နေကြ၏။ သူသည် မန်နန်ဒီရ်အတွင်း၌ အဘယ်ကြောင့် ကြာမြင်စွာနေသည်ကို သိခြင်းငှာအံ့သြခြင်းလျက်ရှိကြ၏။ 22ဇာခရိထွက်လာသောအခါ စကားမပြောနိုင်သည်ဖြစ်၍ မန်နန်ဒီရ်းအတွင်း၌ ရုံပါရုံမြင်သည်ကို သူတို့ကရိပ်မိကြ၏။ သူတို့ကို ဇာခရိသည် အရိပ်အမွတ်ကိုသာပေး၍ စကားမပြောနိုင်ချေ။ 23ဇာခရိသည် ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ပြီးစီသည်နောက် မိမိအိမ်သို့ပြန်လေ၏။ 24ထို့နောက် သူ၏ဇနီး ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍ ကိုယ်ဝန်ရှိလာ၏။ 25ဧလိရှဗက်က ' လူများကြားတွင် ကျွန်မ၏ရှက်ကျခြင်းကို ပယ်ရှားစေခြင်းငှာ၊ ပရ်မေဆွာရ်သည် ငါကိုကြည့်ရှုတော်မူပြီး ကျေးဇူးတော်ပြုမှု၍ ငါ၌ဤသို့ပြုခြင်းဖြစ်သည် 'ဟုဆိုပြီး၊ အိမ်တွင်း၌ ငါလပတ်လုံး အောင်းနေလေ၏။ 26ဧလိရှဗက် ပဋိသန္ဓေစွဲပြီး ခြောက်လမြောက်တွင် ပရ်မေဆွာရ်သည် ဂါလိလဲပြည် နာဇရက်မြိုသို့ ဆွာရ်(ဂ်)ဒူ(သ်) ဂါဗေလကို စေလွတ်တောမူ၏။ 27ထိုဆွာရ်(ဂ်)ဒူ(သ်)အား အပျိုကညာရှိရာသို့ စေလွှတ်တော်မူ၏။ ထိုမိန်းကလေးသည် ဒါဝိဒ်မျိုးရိုးမှ ဆင်းသက်လာသော ယောသပ်အမည်ရှိသော အမျိုးသားနှင့် စပ်ထားသူဖြစ်၏။ သူမ၏အမည်ကား မာရိဖြစ်၏။ 28သူမရှိရာသို့ရောက်ရှိလျှင် ဆွာရ်(ဂ်)ဒူတ်(သ်)က " မင်္ဂလာပြီးရှိစေသတည်း ဟုနှုတ်ဆက်စကားဆိုပြီး ပရ်ဘူပရ်မေဆွာရ်က သင့်အား ထူးကဲ့သော ကျေးဇူးမင်္ဂလာကိုပေး၍ သင်နှင့်အတူရှိတော်မူ၏ " ဟု ဆို၏။ 29မာရိမူကား ထိုစကားကိုကြားလျှင် စိတ်နှလုံး၌မငြိမ်မသက်ဖြစ်၍ အလွန်စိတ်မကောင်းဖြစ်လေ၏။ မာရိက ' ဤနှုတ်ဆက်စကားသည် အဘယ်သို့သော် နှုတ်ဆက်စကားဖြစ်သနည်း ' ဟုတွေ့တောလေ၏။ 30ထိုအခါ ဆွာရ်(ဂ်)ဒူ(သ်)က " မာရိ၊ သင်သည်စိုးရိမ်ခြင်းမရှိနှင်၊ ပရ်မေဆွာရ်သည် သင့်အပေါ်၌ကျေနပ်မှုရှိ၍ ကောင်းကြီးမင်္ဂလာပေးသနားတော်မူ၏။ 31သင်သည် ပဋိသန္ဓေစွဲ၍ သားယောက်ကျာလေးကို ဖွားမြင်လိမ့်မည်။ ထိုသားကိုယေရှုဟုအမည်မှည့်ရမည်။ 32ထိုသားသည် မြင့်မြတ်လိမ့်မည်။ အမြင့်မြတ်ဆုံးသောတန်ခိုးတော်ရှင် ပရ်ဘူပရ်မေဆွာရ်၏ သားတော်ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။ ပရ်မေဆွာရ်သည် သူအဖဒါဝိဒ်မင်းကဲ့သို့သော ရှင်ဘုရင်တစ်ပါးဖြစ်စေတော်မူလိမ့်မည်။ 33သူသည် ယာကုပ်အမျိုးအနွယ်မှ ဆင်းသက်လာသောလူတို့ကို အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံတော်သည်မည်သည့်အချိန်အခါ၌မျှ ကုန်ဆုံးလိမ့်မည်မဟုတ် " ဟုပြောဆိုသော်၊ 34မာရိက ' ဤအရာများသည် အဘယ်သို့ဖြစ်နိုင်မည်နည်း။ ကျွန်မသည်အပျိုကညာဖြစ်ပါသည် ' ဟု ဆွာရ်(ဂ်)ဒူ(သ်)အားဆို၏။ 35ဆွာရ်(ဂ်)ဒူ(သ်)ကလည်း " ပရ်မေဆွာရ်၏ဝိညာဉ်တော်သည် သင့်အပေါ်သို့ဆင်းသက်လာတော်မူ၍ သင့်အားအမြင့်မြတ်ဆုံးသော ပရ်မေဆွာရ်၏တန်ခိုးတော်သည်လွှမ်းခြုံလိမ့်မည်။ ဤသို့ဖြစ် သင်ဖွားမြင်သော သားသည်သန့်ရှင်းသော ပရ်မေဆွာရ်၏သားတော်ဟု ခေါ်ဝေါ်သမုချင်းကိုခံရလိမ့်မည်။ 36လူတို့က မြုံသောကြောင့်သားသမီးမထွန်းကားနိုင်သည့်ဟု ထင်ကြသောသင်၏အဆွေ ဧလိရှဗက်သည် ကိုယ်ဝန်ဆောင်၍ယခုတွင် ခြောက်လရောက်လေပြီး။ 37ပရ်မေဆွာရ်သည် မတက်စွမ်းနိုင်သော အမူအရာလုံးဝမရှိ "ဟု ပြောဆိုပြီးလျှင်၊ 38မာရိက ' ကျွန်မသည် ပရ်မေဆွာရ်၏အစေခံဖြစ်ပါ၏။ သင်၏စကားအတိုင်း ငါ၌ဖြစ်ပါစေ ' ဟု ဆွာရ်(ဂ်)ဒူ(သ်)အားပြောဆိုပြီလျှင် ဆွာရ်(ဂ်)ဒူ(သ်)သည် သူမအားထားခဲ့၍ ထွက်ခွာသွားလေ၏။ 39ထိုအခါ မာရိသည်ပြင်ဆင်၍ ယုဒမြို့တောင်ပေါ်ရှိ မြို့တစ်မြို့သို့ အလျင်အမြန်သွားလေ၏။ 40ထိုနောက် ဇာခရိ၏ အိမ်သို့ ဝင်၍ ဧလိရှဗက်အား နှုတ်ဆက်စကားပြောလေ၏။ 41ဧလိရှဗက်သည် မာိ၏နှုတ်ဆက်စကားသံကိုကြားလျှင်၊ သူမ၏ဝမ်းတွင်းရှိ သူငယ်သည် လှုပ်ခုန်ပြီး သန့်ရှင်းသောဝိညာဥ်တော်ဖြစ် ပြည့်ဝလေ၏။ 42ထိုအခါ သူမသည် ကြီးစွာသောအသံဖြင့် ' သင်သည်မိန်းမတစ်ကာတို့တွင့် မင်္ဂလာရှိစေသတည်း။ သင်ရလတံသော သားသည်မြတ်စွာသောမင်္ဂလာရှိစေသတည်း။ 43ပရ်ဘူ၏မိခင်သည် ကျွန်ုမထံသို့ ကြွလာသည့် ကျေးဇူးတော်ကို ကျွန်ုမအဘယ်ကြောင့်ခံစားရပါသနည်း။ 44သင်၏ နှုတ်ဆက်သံကို ကျွန်ုမကြားရစဉ်တွင် ကျွန်ုမဝမ်းတွင်းရှိ သူငယ်သည်ဝမ်းမြောက်ရွှင်လန်းစွာဖြင့် ခုန်လေ၏။ 45သင်သည် မိန်းမတစ်ကာများတွင် ပရ်မေဆွာရ်၏ ကောင်ကြီးမင်္ဂလာရှိတော်မူပြီး ပရ်ဘူဂျီသည် သင်၌ ကတိထားတော်မူသော စကားတော်သည်ပြည့်စုံလိမ့်မည်ဟု ယုံကြည်သော သူသည် မင်္ဂလာရှိစေသတည်း ' ဟု မြွတ်ဆို၏။ 46မာရိကလည်း ' ငါစိတ်နှလုံးဝိညာဉ်သည် ပရ်မေဆွာရ်၏ ဂုဏ်ကိုချီးမွမ်းပါ၏။ 47ငါဝိညာဉ်သည် ငါ့အားကယ်တင်တော်မူသော ပရ်မေဆွာရ်ကို အမှီပြု၍ ရွှင်လန်းခြင်းရှိပါ၏။ 48ပရ်ဘူဂျီသည် သူ၏အစေခံ ကျွန်မကို ကြည့်ရှုတော်မူ၏။ ယခုမှစ၍နောင်ကာလ၌လာမည့် လူအပေါင်းတို့သည် ငါ့ကိုကောင်းကြီးမင်္ဂလာရှိသူ ဟုခေါ်ကြလိမ့်မည်။ 49အကြောင်းမူကား၊ တန်းခိုကြီးတော်မူသော ပရ်မေဆွာရ်သည် ငါ၌ကြီးမြတ်သောအမှုကိုပြုတော်မူပြီး၊ ပရ်ဘူဂျီ၏ နာမတော်သည်လည်း မြင့်မြတ်သန့်ရှင်းတော်မူ၏။ 50ပရ်မေဆွာရ်အား ရိုသေသောသူအပေါင်းတို့အပေါ်၌ မိဘမှစ၍သားစဉ်မြည်းဆက် နှစ်ပေါင်းများစွာ ဂရုဏာထားတော်မူ၏။ 51တန်ခိုးကြီးသော အမှုတို့ကို လက်ရုံးတော်အားဖြင့် တန်ခိုးပြတော်မူပြီး၊မာနကြီးသောသူတို့ကို နက်ရှိုင်းသောအကြံစည်တော်ဖြင် ကွဲလွင့်စေတော်မူ၏။ 52ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှချ၍ အရေးမပါသော သူတို့ကို ချီးမြှောက်တော်မူ၏။ 53ဆာလောင်ငတ်မွတ်သောသူတို့ကို ကောင်းမွန်သောအရာတို့ကို ပေးတော်မူပြီး၊ ငွေရတတ်ပြီးချမ်းသားသော သူတို့ကို လက်ဗလာချည် နှင့်လွှတ်တော်မူ၏။ 54ပရ်ဘူဂျီသည် ငါတို့၏ဘိုးဘေးဘီဘင်များအား ကတိထားတော်မူသည့်အတိုင်း အစေခံ ဣသရေလအမျိုးသားတို့ကို ကယ်မသနားတော်မူပြီး၊ 55အာဗြံဟံနှင့် အာဗြံဟံ၏ သားစဉ်မည်စက်နှစ်ပေါင်းများစွာတစ်လျှောက်လုံးဂရုဏာထားတော်မူပြီး အဆင့်အမြဲသတိရစေခြင်းငှား ဤသို့ပြုတော်မူ၏ ' ဟု ဆို၏။ 56မာရိသည် ဧလိရှဗက်၏ အိမ်၌ သုံးလခန့်နေ၍ မိမိအိမ်သို့ပြန်လေ၏။ 57ဧလိရှဗက်သည် ဘွားအံသောအချိန်စေ့သောအခါ၌ သားယောက်ျားလေးကိုဖွားမြင်လေ၏။ 58ပရ်မေဆွာရ်သည် သူမအပေါ်၌ ထူးကဲသောသနားခြင်းကျေးဇူးတော် ပြုတော်မူသည်ကို အိမ်နီးနားချင်းများ သိကြသောအခါ ဧလိရှဗက်နှင့်အတူ ဝမ်းမြောက်ပျော်ရွှင်ခြင်းဖြင့် မျှဝေခံစားကြ၏။ 59ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ သူတို့သည် သူငယ်အား အရေပြားလှီးခြင်း ပြုလုပ်ပေးရန် လာကြ၍ သူငယ်၏ အဖအမည် ဇာခရိ၏အမည်ကိုအမှီပြု၍မှည့်ကြသောအခါ၊ 60အမိက၊ ထိုသို့မမှည့်နှင့်။ယောဟန်ဟု အမည်မှည့်ရမည်ဟုပြော၏။ 61ထိုအခါသူတို့က "သင်တို့၏အဆွေအမျိုးထဲတွင် ဤကဲ့သို့အမည် အဘယ်သူ၌မျှမရှိဟု ပြောဆိုကြ၍၊ 62အဖရှိရာသို့သွား၍ "သူငယ်၏ အမည်ကို အဘယ်သို့မှည့်လိုသနည်း "ဟုမေးကြ၏။ 63ထိုအခါ ဇာခရိသည် ရေးစရာသင်ပုန်းတစ်ခုကို တောင်း၍ သူငယ်၏အမည်ကို ယောဟန် ဟု မှည့်ရမည် ဟု ဆိုပြီး၊ ရေးသားခဲ့၏။လူအပေါင်းတို့သည် အံ့သြကြလေ၏။ 64ထိုခဏခြင်းတွင် ဇာခရိ၏ နှုတ်သည် ပွင့်လာ၍ စကားပြောလေ၏။သူ၏ ပထမစကားမှာ ပရ်မေဆွာရ်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ 65အဆွေအမျိုးများနှင့် အိမ်နီးနားချင်းရှိသမျှတို့သည် အလွန်အံ့ဩကြောက်လန့်ခြင်းရှိ၍ ယုဒပြည်တောင်ပေါ်ရှိ အရပ်ရပ်တို့၌ ဤအကြောင်းအရာတို့ကို ကြားပြောကြ၏။ 66ဤအကြောင်းအရာကို ကြားသောသူအပေါင်းတို့သည်လည်း အံသြခြင်းရှိ၍ သူတို့က " ပရ်ဘူဂျီသည် ဤသူငယ်နှင့်အတူရှိတော်မူသောကြောင့် ဤသူငယ်သည်အဘယ်သို့သောသူ ဖြစ်မည်နည်း "ဟု ဆိုကြ၏။ 67သူငယ်၏အဖေ ဇာခရိသည် ပရ်မေဆွာရ်၏သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝ၍ ပရောဖက်ပြုသည်ကား၊ 68" ဣသရေလအမျိုးတို့ ပရ်ဘူပရ်မေဆွာရ်အား ချီးမွမ်းခြင်းပြုကြလော့။ ပရ်ဘူသည် ဣသရေလအမျိုသားတို့ထံကြွလာ၍ မိမိလူတို့ကို လွတ်မြောက်စေတော်မူ၏။ 69ပရ်ဘူဂျီ၏ အစေခံ ဒါဝိဒ်အမျိုးနွယ်၌ တန်ခိုးကြီးစွာအမှုဖြင့် ကယ်တင်တော်မူခြင်းငှာ ပေါ်ထွန်းစေတော်မူ၏။ 70အစကပင် သန့်ရှင်းသော ပရ်ဘက်သာများအားဖြင့် ကျွန်ုပ်တို့နှင့်ကတိတော်ထားတော်မူသည့်နှင့်အတူ 71ပရ်ဘူဂျီသည် အကျွန်ပ်တို့၏ ရန်သူများမှ၎င်း ၊အကျွန်ုပ်တို့အားမုန်းတီးသောသူတို့၏လက်မှ၎င်း ကယ်မသနားတော်မူ၏။ 72ပရ်ဘူဂျီသည် ငါတို့ဘိုးဘေးများမှစ၍ ယခုတိုင်အောင် ငါတို့၏ လူမျိုးအား ကျေးဇူးဂရုဏာထားတော်မူကြောင်းနှင့် သန့်ရှင်းသော ပဋိညာဉ်တော်ကို သတိရအောက်မေ့စေတော်မူ၏။ 73ပရ်မေဆွာရ်သည် ငါတို့၏ရန်သူများမှ ငါတို့ကို ကယ်တင်ရန်နှင့် ငါတို့သည်ကြောက်ရွံ့ခြင်းမရှိဘဲ ပရ်မေဆွာရ်၏အမှုတော်ကို ဆောင်ရွက်နိုင်စေခြင်းငှာ၎င်း၊ 74ငါတိုအဖ အာဗြံဟံအား ကျိန်ဆိုတော်မူခဲ့၏။ 75အကျွန်ုပ်တို့ အသက်ရှင်နေသမျှကာလပတ်လုံး ပရ်မေဆွာရ်၏ ရှေ့တော်တွင် သန့်ရှင်းဖြောင့်မတ်ကြစေခြင်းငှာ၎င်း၊ အမှုတော်တို့ကို ဆောင်ရွက်နိုင်စေခြင်းငှာ၎င်း အလိုတော်ရှိ၏။ 76အချင်းသူငယ်၊ ငါ့သား၊ သင်သည် ပရ်မေဆွာရ်၏ ပရ်ဘက်သာဟု ခေါ်ဝေါ်ခြင်းခံရပြီး၊ 77သင်တို့၏လူမျိုးတို့အား မူကသီမည်ကဲ့သို့ ရရှိမည်အကြောင်းနှင့် သူတို့၏အပြစ်များမှ ခွင့်လွှတ်ခြင်းရရှိမည့်အကြောင်း သူတို့အားပြောပြလိမ့်မည်။ 78ဤသို့ဖြစ်ရခြင်းမှာကျွန်ုပ်တို့၏ ပရ်မေဆွာရ်သည် သနားကြင်နာတတ်သောကြောင့်ဖြစ်၏။ ပရ်မေဆွာရ်၏ ဂရုဏာတော်သည် ကောင်းကင်တွင်အာရုဒ်ဦးတက်ချိန်၌ ထွက်လာသောနေကဲ့သို့ ငါတို့အပေါ်သို့ တက်သဖြင့်၊ 79မှောင်မိုက်နှင့် သေမင်း၏အရိပ်တွင် နေထိုင်သောသူတို့အပေါ် ထွန်းလင်းတောက်ပစေမည်ဖြစ်ပြီး၊ ယင်းကာ အကျွန်ုပ်တို့၏ ခြေလှမ်းများကိုငြိမ်းချမ်းသောလမ်းသို့ ညွှန်းပေးလိမ့်မည် " ဟု ဟောလေ၏။ 80သူငယ်သည် ကြီးပြင်းလာပြီး ဝိညာဉ်တော်အားဖြင့် ပြည့်ဝကားဉာဏ်ပညာ၌ တိုးပွားလေ၏။ ဣသရေလလူတို့၏ရှေ့၌ ထင်ရှားမှီတိုင်အောင်တောအရပ်၌ နေလေ၏။
Currently Selected:
Luke 1: HNT
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in