Acts 10
10
1ဆီဇာရီးယားမြို့တွင် အီတလီတပ်ဟုခေါ်သောတပ်ဖွဲ့မှ ကော်နေလိအမည်ရှိသော တပ်မှူးတစ်ယောက်ရှိ၏။ 2သူနှင့်သူ့မိသားစုသည် ဘာသာတရားကိုင်းရှိုင်းကြပြီး ဘုရားရှင်အား ရိုသေလေးစားကြသူများဖြစ်၍ ကော်နေလိသည် ဆင်းရဲသောဂျူးလူမျိုးတို့အား ပေးကမ်းစွန့်ကြဲ၍ ဘုရားရှင်ထံ၌လည်း အမြဲဝတ်ပြုဆုတောင်းလျက်ရှိသူဖြစ်၏။ 3တစ်နေ့သ၌ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ဘုရာရှင်၏ နတ်ဒေဝါတစ်ပါးသည် သူ့ထံသို့လာ၍ သူ့အား "ကော်နေလိ" ဟုခေါ်သည်ကို အမြင်အာရုံတွင် ရှင်းလင်းစွာမြင်ရလေ၏။ 4ကော်နေလိသည် နတ်ဒေဝါကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့်ကြည့်၍ နတ်ဒေဝါအား "အရှင်၊ သင်မည်သည့်အရာကို အလိုရှိပါသနည်း" ဟုမေးမြန်းလေရာ နတ်ဒေဝါက "သင်၏ဆုတောင်းခြင်းနှင့် ပေးကမ်းစွန့်ကြဲမှုများအား ဘုရားရှင်သည် သိတော်မူသည့်အတွက် သင့်အား အောက်မေ့သတိရတော်မူပြီဖြစ်၏။ 5ယုပ္ပေမြို့သို့ လူလွှတ်ပြီး ပေတရုဟုခေါ်သည့် ရှိမုန်ဆိုသည့်သူအား ဖိတ်ခေါ်လော့။ 6သူသည် သားရေနယ်သမား ရှိမုန်၏အိမ်တွင် တည်းခိုနေ၏။ ထိုအိမ်သည် ပင်လယ်ကမ်းစပ် အနီးတွင်ရှိ၏" ဟုမိန့်တော်မူလေ၏။ 7သူ့အား မိန့်ကြားခဲ့သော နတ်ဒေဝါ ပြန်လည်ထွက်ခွာသွားသောအခါ ကော်နေလိသည် သူ၏အစေခံနှစ်ဦးနှင့်အတူ သူ၏ လက်အောက်ငယ်သားများထဲမှ ဘာသာတရားကိုင်းရှိုင်းသည့် စစ်သည်တစ်ဦးကိုခေါ်၍ 8အဖြစ်အပျက်အလုံးစုံတို့ကို ပြောပြကာ ယုပ္ပေမြို့သို့ စေလွှတ်လေ၏။ 9နောက်တစ်နေ့တွင် သူတို့သည် ခရီးဆက်လာကြပြီး ယုပ္ပေမြို့အနီးသို့ရောက်သောအခါ မွန်းတည့်အချိန်၌ ပေတရုသည် လေသာဆောင်ပေါ်သို့တက်၍ ဆုတောင်းနေလေ၏။ 10သူသည် ဆာလောင်လာ၍ တစ်ခုခုအား စားလိုစိတ်ဖြစ်ပေါ်နေပြီး အခြားသူများက အစားအစာများကို ပြင်ဆင်နေကြစဉ်တွင် ပေတရုသည် အမြင်အာရုံတစ်ခုကို မြင်ရလေသည်။ 11ကောင်းကင်သည် ဟင်းလင်းပွင့်လျက် ထောင့်လေးခုမှထိန်းထားသည့် ပိတ်ချောထည်ကြီးနှင့်တူသောအရာတစ်ခုသည် မြေပေါ်သို့ လျှောကျလာသည်ကို သူသည် မြင်တွေ့ခဲ့ရ၏။ 12ထိုပိတ်ချောထည်ကြီးထဲတွင် ခြေလေးချောင်း သတ္တဝါများ၊ တွားတွားသတ္တဝါများနှင့် ငှက်မျိုးစုံတို့ ပါရှိလေသည်။ 13ထို့နောက် "ပေတရု၊ ထ၍သတ်စားလော့" ဟူသောအသံသည်လည်း ထွက်ပေါ်လာလေ၏။ 14ပေတရုကလည်း "မဖြစ်နိုင်ပါအရှင်၊ မစင်ကြယ်တဲ့အရာနှင့် ညစ်ညမ်းသည့် မည်သည့်အရာကိုမျှ ကျွန်ုပ်မစားဖူးပေ" ဟု ပြောဆိုလေ၏။ 15နောက်တစ်ဖန် အသံတော်သည် "ဘုရားရှင်က စင်ကြယ်သည်ဟု သတ်မှတ်ထားသည့် အရာမှန်သမျှတို့အား ညစ်ညမ်းသည်ဟု မပြောဆိုသင့်ပေ" ဟုထပ်မံ၍မိန့်တော်မူလေ၏။ 16ဤကဲ့သို့ သုံးကြိမ်တိုင်တိုင် ဖြစ်ပျက်ပြီးနောက် ထိုအရာအား ကောင်းကင်သို့ ပြန်လည်ယူဆောင်သွားလေ၏။ 17မိမိမြင်ရသော အမြင်အာရုံသည် မည်သည့်အရာကိုဆိုလိုကြောင်း ပေတရုသည် စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေစဉ် ကော်နေလိစေလွှတ်လိုက်သောလူတို့သည် ရှိမုန်၏အိမ်သို့သွားရာလမ်းအား မေးမြန်းကြပြီး အိမ်တံခါး၏ရှေ့သို့ ရောက်လာကြလေ၏။ 18သူတို့က "ပေတရုဟုခေါ်သည့် ရှိမုန်သည် ဤနေရာတွင် နေထိုင်ပါသလော" ဟုလှမ်းခေါ်၍ မေးမြန်းကြလေ၏။ 19ပေတရုသည် ထိုအမြင်အာရုံအကြောင်းကို တွေးတောနေစဉ်တွင် ဉာဏ်အလင်းတော်က "ရှိမုန်၊ လူသုံးယောက်သည် သင့်အားရှာနေကြ၏။ 20သူတို့သည် ငါစေလွှတ်လိုက်သည့်သူများဖြစ်သည့်အတွက် ထပြီး အောက်သို့ဆင်းကာ သံသယမရှိဘဲ သူတို့နှင့်အတူ လိုက်သွားလော့" ဟုမိန့်တော်မူလေ၏။ 21ထို့ကြောင့် ပေတရုသည် ဆင်းသွား၍ သူတို့အား "ငါသည် သင်တို့ရှာနေသည့်သူပင်ဖြစ်၏။ မည်သည့်အကြောင်းကိစ္စရှိ၍ လာခဲ့ကြသနည်း" ဟုမေးလေ၏။ 22သူတို့ကလည်း "ဘုရားတရားယုံကြည်ကိုးကွယ်ပြီး ဖြောင့်မတ်မှန်ကန်သည့်အတွက် ဂျူးလူမျိုးများ၏ လေးစားခြင်းအားခံရသည့် တပ်မှူးကော်နေလိက သင့်အား သူ၏နေအိမ်သို့ ဖိတ်ခေါ်ပြီး တရားစကား နားထောင်စေရန်အတွက် မြင့်မြတ်သည့် နတ်ဒေဝါတစ်ပါးထံမှ အမိန့်တော်ရခဲ့ပါ၏" ဟု ပြန်လည်ဖြေကြားကြလေသည်။ 23ပေတရုက သူတို့အား ဖိတ်ခေါ်ခဲ့ပြီး ထိုနေရာ၌ တစ်ညတာ တည်းခိုစေပြီးလျှင် နောက်တစ်နေ့၌ အဆင်သင့်ပြင်ပြီးနောက် သူတို့နှင့်အတူ ထွက်ခွာခဲ့လေသည်။ ယုပ္ပေမြို့မှ ယုံကြည်သူအချို့သည်လည်း သူတို့နှင့်အတူ လိုက်ပါခဲ့ကြလေသည်။ 24နောက်တစ်နေ့တွင် သူတို့သည် ဆီဇာရီးယားမြို့သို့ ရောက်လာကြ၏။ ကော်နေလိက သူ၏ဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများကိုပါ ဖိတ်ခေါ်ထားပြီး သူတို့အား စောင့်မျှော်လျက်ရှိလေသည်။ 25ပေတရုသည် ကော်နေလိ၏အိမ်သို့ ဝင်ခါနီးတွင် ကော်နေလိက သူ့အားကြိုဆို၍ သူ၏ခြေရင်း၌ ပျပ်ဝပ်လျက် ရှိခိုးလေသည်။ 26သို့သော် ပေတရုက သူ့အားဆွဲထူ၍ "ထပါ၊ ငါသည်လည်း လူသားပင်ဖြစ်၏" ဟု ပြောဆိုလေသည်။ 27ပေတရုသည် စကားပြောလျက် ကော်နေလိ၏ အိမ်ထဲသို့ဝင်သွားရာ များစွာသောလူတို့သည် စုဝေးနေကြသည်ကို တွေ့လိုက်ရလေသည်။ 28သူက ထိုသူတို့အား "ဂျူးလူမျိုးများ၏ ဘာသာတရားတွင် တိုင်းတပါးသားများထံသို့ အလည်အပတ်သွားခြင်း၊ ပေါင်းဖော်ခြင်းများအား ခွင့်ပြုထားခြင်းမရှိဆိုသည်ကို သင်တို့လည်း ကောင်းကောင်းသိကြမည်ဖြစ်၏။ သို့သော် မည်သူ့ကိုမဆို ညစ်ညမ်းသောသူ၊ မစင်ကြယ်သောသူဟု သတ်မှတ်ခြင်းမပြုရမည့် အကြောင်းကို ဘုရားရှင်သည် ငါ့အားပြသတော်မူပြီဖြစ်၏။ 29ထို့ကြောင့် ငါသည် သင်၏ဖိတ်ခေါ်ခြင်းအား မငြင်းဆန်ဘဲ လာခဲ့ပါ၏။ ငါ့အား မည်သည့်အတွက်ကြောင့် ဖိတ်ခေါ်သည်ဆိုသည်ကို ပြောပါလော့" ဟုပြောဆိုလေ၏။ 30ကော်နေလိကလည်း "လွန်ခဲ့လေးသည့်ရက်က နေ့လည်သုံးနာရီအချိန်တွင် ကျွန်ုပ်သည် အိမ်တွင် ဆုတောင်းနေခဲ့ပါ၏။ ရုတ်တရက် တောက်ပသည့် အဝတ်အစားများနှင့် လူတစ်ယောက်သည် ပေါ်လာပြီး 31'ကော်နေလိ၊ သင်၏ဆုတောင်းခြင်းနှင့် ပေးကမ်းစွန့်ကြဲမှုများအား ဘုရားရှင်သည် သိတော်မူသည့်အတွက် သင့်အားအောက်မေ့တော်မူပြီဖြစ်၏။ 32ယုပ္ပေမြို့သို့ လူလွှတ်ပြီး ပေတရုဟုခေါ်သော ရှိမုန်ဆိုသူအား ဖိတ်ခေါ်လော့။ သူသည် သားရေနယ်သမား ရှိမုန်၏အိမ်တွင် တည်းခိုနေ၏။ ထိုအိမ်သည် ပင်လယ်ကမ်းစပ်နားတွင်ရှိ၏" ဟုမိန့်တော်မူခဲ့ပါ၏။ 33ထို့ကြောင့် ကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းလူလွှတ်လိုက်ရခြင်းပင် ဖြစ်ပါ၏။ သင်ကြွရောက်လာသည့် အတွက်လည်း ကျေးဇူးတင်ပါ၏။ ယခုကျွန်ုပ်တို့အားလုံးသည်လည်း သင့်အား ကိုယ်တော် မိန့်မှာထားခဲ့သည့် အရာများအား ကြားနာရန်အတွက် ဘုရားရှင်၏ အရိပ်အာဝါသအောက်တွင် ရှိနေကြပါပြီ" ဟုဆိုလေ၏။ 34ထိုအခါ ပေတရုက "ဘုရားရှင်သည် မျက်နှာမလိုက်ဘဲ လူတိုင်းအား တန်းတူညီမျှ ဆက်ဆံတော်မူသည်ဆိုသည်ကို ငါသိပြီဖြစ်၏။ 35မည်သည့်လူမျိုးပင်မဆို ဘုရားရှင်အား ရိုသေကိုင်းရှိုင်းပြီး ဖြောက်မတ်မှန်ကန်သည့်အကျင့်အား ကျင့်ကြံလျှင် ဘုရားရှင်သည် နှစ်သက်လက်ခံတော်မူ၏။ 36ဘုရားရှင်သည် လူသားအားလုံး၏ အရှင်သခင်ဖြစ်သည့် ယေရှုခရစ်တော် မှတဆင့် ငြိမ်းချမ်းခြင်းဆိုသည့် မင်္ဂလာသတင်းကောင်းကို ဟောပြောပြီး အစ္စရေးလူမျိုးများထံ ပေးပို့သည့် သတင်းစကားကိုလည်း သင်တို့သိကြ၏။ 37ထို့အပြင် ယောဟန်သည် ရေနှစ်မင်္ဂလာအကြောင်း တရားတော်ကို ဟောပြောပြီးသည့်နောက်တွင် ဂါလိလဲပြည်မှစ၍ ယုဒပြည်တစ်ခုလုံးတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ အားလုံးကိုလည်း သင်တို့သိကြပြီးဖြစ်၏။ 38ဘုရားရှင်သည် နာဇရက်မြို့သား ကိုယ်တော်ယေရှုအပေါ်တွင် ဉာဏ်အလင်းတော်နှင့် တန်ခိုးတော်များအား မည်သို့သွန်းလောင်းတော်မူခဲ့သည်ဆိုသည်နှင့် ဘုရားရှင်သည် ကိုယ်တော်ယေရှုနှင့် အတူရှိတော်မူသည့်အတွက် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသည့်အမှုအရာများအား ပြုလုပ်ခဲ့ပြီး မာရ်နတ်၏ညှဉ်းဆဲခြင်းကို ခံနေရသည့်လူအပေါင်းတို့အား ကျန်းမာစေတော်မူခဲ့သည်ဆိုသည်ကိုလည်း သင်တို့သိကြပြီးဖြစ်၏။ 39ငါတို့သည် အစ္စရေးပြည်နှင့် ဂျေရုဆလင်မြို့တွင် ကိုယ်တော်ပြုလုပ်ခဲ့သည့် အရာအားလုံး၏ သက်သေများပင်ဖြစ်ကြ၏။ သို့သော် လူတို့သည် ကိုယ်တော့်အား လက်ဝါးကပ်တိုင်ပေါ်တွင်တင်ပြီး သံဖြင့်ရိုက်ကာ ကွပ်မျက်ခဲ့ကြ၏။ 40သို့သော် သုံးရက်မြောက်သည့်နေ့၌ ဘုရားရှင်သည် ကိုယ်တော့်အား အသက်ပြန်ရှင်စေတော်မူခဲ့ပြီး ကိုယ်ထင်ရှားပြရသည့်အခွင့်ကို ပေးတော်မူခဲ့၏။ 41သို့သော် လူအားလုံးကိုတော့ မဟုတ်ဘဲ မျက်မြင်သက်သေအဖြစ် ဘုရားရှင်က ကြိုတင်ရွေးကောက်တော်မူထားသည့် ငါတို့ကိုသာ ပြသခဲ့ခြင်းဖြစ်၏။ ကိုယ်တော် အသက်ပြန်ရှင်ပြီးသည့်နောက်တွင် ငါတို့သည် ကိုယ်တော်နှင့်အတူ စားသောက်ခဲ့ကြ၏။ 42ကိုယ်တော်က သူသာလျှင် အသက်ရှင်သည့်သူများနှင့် သေဆုံးသွားကြသူတို့အား တရားစီရင်ရန် ဘုရားရှင်ရွေးချယ်ထားသည့်သူ ဖြစ်သည်ဆိုသည်ကို လူတို့အား ဟောပြောရန်နှင့် သက်သေခံရန်အတွက် ငါတို့အား မိန့်မှာထားခဲ့ခြင်းဖြစ်၏။ 43ကိုယ်တော်၏အကြောင်းကို အရိယာသူတော်စင် အပေါင်းတို့ကလည်း 'ကိုယ်တော်ကို ယုံကြည်သောသူအပေါင်းတို့သည် ကိုယ်တော်၏နာမတော်အားဖြင့် အပြစ်တရားတို့မှခွင့်လွှတ်ခြင်းကို ခံကြရမည်" ဟုသက်သေခံကြ၏" ဟုပြောဆိုလေ၏။ 44ပေတရုသည် ဤအကြောင်းအရာများကို ပြောကြားနေစဉ်တွင်ပင် ဉာဏ်အလင်းတော်သည် နှုတ်ကပတ်တရားတော်ကို ကြားနာနေကြသော လူအပေါင်းတို့အပေါ်သို့ သက်ရောက်လေ၏။ 45ပေတရုနှင့်အတူပါလာသည့် အရေဖျားလှီးခြင်းခံထားသည့် ယုံကြည်သူအပေါင်းတို့က ဉာဏ်အလင်းတော်၏ ဆုကျေးဇူးသည် တိုင်းတပါးသားလူမျိုးခြားများအပေါ်သို့လည်း သွန်းလောင်းတော်မူသောကြောင့် အံ့ဩကြလေ၏။ 46အဘယ်ကြောင့်ဆိုသော် တိုင်းတပါးသားတို့သည် အခြားသောဘာသာစကားတို့ဖြင့် ဘုရားရှင်ကို ချီးမွမ်းနေကြသည်ကို ကြားရသောကြောင့်ဖြစ်၏။ ထိုအခါ ပေတရုက 47"ငါတို့ကဲ့သို့ပင် ဉာဏ်အလင်းတော်အား ခံယူကြရသည့် ဤလူအားလုံးတို့အား ရေနှစ်မင်္ဂလာပေးခြင်းမပြုရန် မည်သူကမျှ တားဆီးနိုင်မည်မဟုတ်ပေ" ဟုဆိုပြောလျက် 48ကိုယ်တော်ယေရှု၏နာမတော်၌ ရေနှစ်မင်္ဂလာခံယူကြရန် သူတို့အား မိန့်မှာလေ၏။ ထို့နောက် သူတို့သည် ပေတရုအား သူတို့နှင့်အတူ ရက်အနည်းငယ်မျှ ဆက်လက်၍နေရန် တောင်းပန်ခဲ့ကြ၏။
Currently Selected:
Acts 10: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: