YouVersion Logo
Search Icon

လုကာ 24

24
သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ခြင်း
(မ၊ ၂၈:၁-၁၀။ မာ၊ ၁၆:၁-၈။ ယော၊ ၂၀:၁-၁၀)
1တ​နင်္ဂ​နွေ​နေ့​မိုး​လင်း​စ​အ​ချိန်​၌​ထို​အ​မျိုး သ​မီး​တို့​သည် မိ​မိ​တို့​အ​သင့်​ပြင်​ဆင်​ထား​သော နံ့​သာ​ပေါင်း​ကို​ယူ​၍ အ​ခြား​သူ​များ​နှင့်​အ​တူ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။- 2သင်္ချိုင်း​ဂူ​ဝ​က​ကျောက်​တုံး​ကို​လှိမ့်​ဖယ်​ထား သည်​ကို​တွေ့​သ​ဖြင့်၊- 3ဂူ​ထဲ​သို့​ဝင်​ကြ​၏။ သို့​ရာ​တွင်​အ​လောင်း​တော် ကို​မ​တွေ့​ရ​ကြ။- 4ဤ​အ​ခြင်း​အ​ရာ​နှင့်​ပတ်​သက်​၍​စိတ်​ဇ​ဝေ​ဇ​ဝါ ဖြစ်​လျက်​နေ​ကြ​စဉ် ပြောင်​လက်​သည့်​အ​ဝတ်​ကို ဝတ်​ဆင်​ထား​သူ​လူ​နှစ်​ယောက်​သည်​သူ​တို့​၏ အ​ရှေ့​တွင်​ရုတ်​တ​ရက်​ပေါ်​လာ​၏။- 5အ​မျိုး​သ​မီး​များ​သည်​ကြောက်​ရွံ့​၍​ပျပ်​ဝပ် လျက်​နေ​ကြ​၏။ ထို​သူ​နှစ်​ယောက်​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​အ​သက်​ရှင်​သူ​ကို​သေ​သူ​များ ရှိ​ရာ​အ​ရပ်​တွင်​ရှာ​ကြ​သ​နည်း။- 6ကိုယ်​တော်​သည်​ဤ​အ​ရပ်​တွင်​မရှိ။ ရှင်​ပြန်​ထ​မြောက် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​မှာ​ရှိ တော်​မူ​ခဲ့​စဉ်​က၊-#မ၊ ၁၆:၂၁၊ ၁၇:၂၂-၂၃၊ ၂၀:၁၈-၁၉။ မာ၊ ၈:၃၁၊ ၉:၃၁၊ ၁၀:၃၃-၃၄။ လု၊ ၉:၂၂၊ ၁၈:၃၁-၃၃။ 7`လူ​သား​သည်​အ​ပြစ်​ကူး​သူ​တို့​၏​လက်​သို့ အပ်​ခြင်း​ခံ​ရ​လိမ့်​မည်။ လက်​ဝါး​ကပ်​တိုင်​မှာ​တင် ၍​အ​သတ်​ခံ​ရ​လိမ့်​မည်။ ထို​နောက်​တ​တိ​ယ​နေ့​၌ သေ​ခြင်း​မှ​ရှင်ြုပန်​ထ​မြောက်​တော်​မူ​လိမ့်​မည်' ဟူ​၍ သင်​တို့​အား​ပြော​ကြား​ခဲ့​သည်​ကို​သ​တိ​ရ​ကြ လော့'' ဟု​ဆို​၏။
8ထို​အ​ခါ​အ​မျိုး​သ​မီး​များ​သည်​ကိုယ်​တော် မိန့်​တော်​မူ​ခဲ့​သော​စ​ကား​များ​ကို​ပြန်​သ​တိ​ရ ၍၊- 9သင်္ချိုင်း​တော်​မှ​မိ​မိ​တို့​အိမ်​သို့​ပြန်​ပြီး​လျှင်​တစ် ကျိပ်​တစ်​ပါး​နှင့်​တ​ပည့်​တော်​အ​ပေါင်း​တို့​အား ထို​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ​ကို​ပြော​ကြား ကြ​၏။- 10တ​မန်​တော်​တို့​အား​ဤ​သို့​ပြော​ကြား​သူ​များ ကား​မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​ဟန္န၊ ယာ​ကုပ်​၏​မိ​ခင် ဖြစ်​သူ​မာ​ရိ​မှ​စ​၍​အ​ခြား​သော​အ​မျိုး​သ​မီး များ​ဖြစ်​သ​တည်း။- 11သူ​တို့​ပြော​ကြား​သည့်​စ​ကား​များ​သည်​တ​မန် တော်​တို့​အ​တွက်​ယုတ္တိ​မ​ရှိ​သော​ကြောင့်​တ​မန် တော်​တို့​သည်​မ​ယုံ​ကြ။- 12သို့​ရာ​တွင်​ပေ​တ​ရု​သည်​သင်္ချိုင်း​တော်​သို့​ပြေး သွား​ပြီး​လျှင်​ငုံ့​၍​ကြည့်​၏။ ပိတ်​များ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တွေ့​ရ။ သူ​သည် ထို​အ​ခြင်း​အ​ရာ​ကို​အံ့​သြ​လျက်​အိမ်​သို့​ပြန် လေ​သည်။
ဧ​မောက်​ရွာ​သို့​ခ​ရီး​သွား​ခြင်း
(မာ၊ ၁၆:၁၂-၁၃)
13ထို​နေ့​၌​ပင်​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် ဧ​မောက်​ဟု​ခေါ်​သော​ရွာ​သို့​သွား​ကြ​၏။ ထို​ရွာ သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ခု​နစ်​မိုင်​ခန့်​ဝေး​၏။- 14ထို​သူ​နှစ်​ယောက်​တို့​သည်​ဖြစ်​ပျက်​ခဲ့​သ​မျှ သော​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​ပြော​ဆို လျက်​လာ​ကြ​၏။- 15ယင်း​သို့​ပြော​ဆို​ဆွေး​နွေး​နေ​ကြ​စဉ်​သ​ခင် ယေ​ရှု​ကိုယ်​တော်​တိုင်​သူ​တို့​ထံ​သို့​ချဉ်း​ကပ် ၍​သူ​တို့​နှင့်​အ​တူ​ကြွ​တော်​မူ​၏။- 16သို့​ရာ​တွင်​သူ​တို့​သည်​အ​ကြောင်း​တစ်​စုံ​တစ်​ခု ကြောင့်​ကိုယ်​တော်​မှန်း​မ​သိ​ကြ။- 17ကိုယ်​တော်​က ``သင်​တို့​သည်​ခ​ရီး​သွား​စဉ် အ​ဘယ်​အ​ကြောင်း​အ​ရာ​များ​ကို​ဆွေး​နွေး နေ​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
ထို​အ​ခါ​သူ​တို့​သည်​မျက်​နှာ​ညှိုး​ငယ်​စွာ​ဖြင့် ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​၏။- 18သူ​တို့​အ​နက်​က​လော​ဖ​ဆို​သူ​က ``ယေ​ရု​ရှ​လင် မြို့​သို့​လာ​ရောက်​သော​ဧည့်​သည်​များ​အ​နက်​သင် တစ်​ဦး​တည်း​သာ​လျှင် ဤ​ရက်​များ​အ​တော​အ​တွင်း ၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ များ​အ​ကြောင်း​ကို​မ​သိ​ဘဲ​နေ​ပါ​သ​လော'' ဟု ဆို​၏။
19ကိုယ်​တော်​က ``အ​ဘယ်​အ​မှု​အ​ရာ​များ​နည်း'' ဟု​မေး​တော်​မူ​၏။
ထို​သူ​နှစ်​ဦး​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် သက်​ဆိုင်​သော​အ​မှု​အ​ရာ​များ​ပင်​ဖြစ်​ပါ​၏။ ထို​သူ​သည်​ဘု​ရား​သ​ခင်​နှင့်​လူ​အ​ပေါင်း တို့​၏​ရှေ့​တွင်​လက်​သတ္တိ၊ နှုတ်​သတ္တိ​နှင့်​ပြည့်​စုံ သော​ပ​ရော​ဖက်​ဖြစ်​ပါ​၏။- 20ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​အ​ကြီး အ​ကဲ​များ​သည်​သူ့​အား​သေ​ဒဏ်​စီ​ရင်​ရန် ပိ​လတ်​မင်း​၏​လက်​သို့​အပ်​နှံ​ခဲ့​ကြ​၏။ လက် ဝါး​ကပ်​တိုင်​မှာ​တင်​၍​သတ်​ခဲ့​ကြ​ပါ​၏။- 21ထို​အ​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​ကို​လွတ်​မြောက် စေ​တော်​မူ​မည့်​အ​ရှင်​ဖြစ်​သည်​ဟု ငါ​တို့​မျှော်​လင့် ခဲ့​ကြ​ပါ​၏။ အ​ဆို​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် ခဲ့​သည်​မှာ​ယ​ခု​သုံး​ရက်​ရှိ​ပါ​ပြီ။- 22ငါ​တို့​၏​အ​ပေါင်း​အဖော်​များ​ဖြစ်​သော​အ​မျိုး သ​မီး​အ​ချို့​တို့​သည်​နံ​နက်​စော​စော​သင်္ချိုင်း တော်​သို့​သွား​ခဲ့​ကြ​၏။- 23သူ​တို့​သည်​အ​လောင်း​တော်​ကို​မ​တွေ့​ရ​ကြ​ပါ။ ကောင်း​ကင်​တ​မန်​များ​ကို​ရူ​ပါ​ရုံ​တွင်​မြင်​ရ ကြ​သည်​ဟု​ငါ​တို့​အား​ပြော​ကြား​ကြ​ပါ​၏။ ကောင်း​ကင်​တ​မန်​များ​က​သ​ခင်​ယေ​ရှု​သည် အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း​ကို​ပြော ကြ​သည်​ဟု​လည်း​ဆို​ကြ​၏။ သို့​ဖြစ်​၍​ငါ တို့​သည်​မိန်း​မော​တွေ​ဝေ​သွား​ကြ​ပါ​၏။- 24ငါ​တို့​အ​ထဲ​မှ​လူ​အ​ချို့​တို့​သည်​လည်း​သင်္ချိုင်း တော်​သို့​သွား​ကြ​ရာ​အ​မျိုး​သ​မီး​များ​ဖော် ပြ​ခဲ့​သည်​အ​တိုင်း​ပင်​တွေ့​မြင်​ရ​ကြ​ပါ​၏။ ကိုယ်​တော်​ကို​မူ​ကား​မ​တွေ့​မ​မြင်​ရ​ကြ​ပါ'' ဟု​ဆို​ကြ​၏။
25ထို​အ​ခါ​ကိုယ်​တော်​က ``ပ​ရော​ဖက်​များ​ဟော ကြား​ခဲ့​သ​မျှ​ကို​ယုံ​ကြည်​ရန်​အ​လွန်​နှေး ကွေး​သော​အို​လူ​မိုက်​တို့၊- 26မေ​ရှိ​ယ​သည်​ဘုန်း​အ​သ​ရေ​တော်​ကို​မ​ခံ​မ ယူ​မီ ဤ​သို့​သော​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို​ခံ​စား ရန်​လို​အပ်​သည်​မ​ဟုတ်​ပါ​လော'' ဟု​မိန့်​တော် မူ​၏။- 27ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မော​ရှေ​ကျမ်း​မှ အ​စ​ပြု​၍​ပ​ရော​ဖက်​ကျမ်း​အား​လုံး​တွင် ကိုယ်​တော်​အ​ကြောင်း​နှင့်​ပတ်​သက်​သည့်​ကျမ်း ပိုဒ်​များ​ကို​ထို​သူ​နှစ်​ယောက်​တို့​အား​ရှင်​လင်း ၍​ပြ​တော်​မူ​၏။
28ထို​သူ​တို့​သွား​သည့်​ရွာ​အ​နီး​သို့​ရောက်​ကြ လျှင်​ကိုယ်​တော်​သည်​ရှေ့​သို့​ဆက်​၍​သွား​မည့် ဟန်​ပြု​၏။- 29သို့​ရာ​တွင်​သူ​တို့​က ``ယ​ခု​မိုး​ချုပ်​စ​ပြု​ပါ​ပြီ။ နေ့​အ​ချိန်​ကုန်​ပါ​တော့​မည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ် တို့​နှင့်​အ​တူ​တည်း​ခို​ပါ'' ဟု​ဆို​၍​ကိုယ်​တော် အား​ဖိတ်​ခေါ်​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် အ​တူ​တည်း​ခို​ရန်​လိုက်​သွား​တော်​မူ​၏။- 30စား​ပွဲ​တွင်​သူ​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​လျက် မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော် မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍​သူ​တို့​အား​ပေး တော်​မူ​၏။- 31ထို​အ​ခါ​၌​သူ​တို့​သည်​မျက်​စိ​ပွင့်​လာ​ကြ သ​ဖြင့်​ကိုယ်​တော်​မှန်း​သိ​ကြ​လေ​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​မှောက်​မှ ကွယ်​ပျောက်​သွား​လေ​သည်။- 32သူ​တို့​က ``လမ်း​ခ​ရီး​တွင်​ကိုယ်​တော်​သည်​ငါ​တို့ အား​စ​ကား​ပြော​တော်​မူ​သော​အ​ခါ​၌​လည်း​ကောင်း၊ ကျမ်း​စာ​တော်​၏​အ​နက်​ကို​ဖွင့်​ပြ​တော်​မူ​သော အ​ခါ​၌​လည်း​ကောင်း၊ ငါ​တို့​၏​စိတ်​နှ​လုံး​တွင် မီး​လျှံ​ထ​သ​ကဲ့​သို့​ဖြစ်​နေ​ခဲ့​သည်​မ​ဟုတ် ပါ​လော'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
33သူ​တို့​သည်​ချက်​ချင်း​ထ​၍​ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ကြ​၏။ ထို​အ​ရပ်​တွင်​တစ်​ကျိပ်​တစ်​ပါး​နှင့် အ​ခြား​တ​ပည့်​တော်​များ​သည်​စု​ရုံး​လျက်​နေ ကြ​သည်​ကို​တွေ့​ကြ​၏။- 34စု​ရုံး​လျက်​နေ​သော​သူ​တို့​က ``အ​ကယ်​ပင်​သ​ခင် ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ပေ​တ​ရု​အား​ကိုယ်​ထင်​ပြ​တော် မူ​ပြီ'' ဟု​ဆို​ကြ​၏။
35ထို​နောက်​ထို​သူ​နှစ်​ယောက်​တို့​သည်​လမ်း​တွင် ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း ကောင်း၊ မုန့်​ကို​ဖဲ့​တော်​မူ​စဉ်​တွင်​ကိုယ်​တော်​မှန်း သိ​ရှိ​လာ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြ​၏။
တ​ပည့်​တော်​တို့​အား ကိုယ်​ထင်​ပြ​တော်​မူ​ခြင်း
(မ၊ ၂၈:၁၆-၂၀။ မာ၊ ၁၆:၁၄-၁၈။ ယော၊ ၂၀:၁၉-၂၃။ တ၊ ၁:၆-၈)
36ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
37သူ​တို့​သည်​တစ္ဆေ​ခြောက်​သည်​ဟု​ထင်​မှတ်​သ​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​၏။- 38ကိုယ်​တော်​က ``အ​ဘယ်​ကြောင့်​ကြောက်​လန့်​နေ​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​ယုံ​မှား​သံ​သ​ယ​ဖြစ် နေ​ကြ​သ​နည်း။ ငါ​၏​လက်​များ၊ ခြေ​များ​ကို ကြည့်​ကြ​လော့။- 39သင်​တို့​မြင်​ရ​သူ​ကား​ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့ ကိုယ်​ကို​စမ်း​သပ်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​သည် အ​တိုင်း​ငါ့​မှာ​အ​သား​အ​ရိုး​များ​ရှိ​၏။
40ထို​နောက်​လက်​တော်​ခြေ​တော်​တို့​ကို​တ​ပည့်​တော် တို့​အား​ပြ​တော်​မူ​၏။- 41သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။- 42သူ​တို့​သည်​ငါး​ကင်​တစ်​ပိုင်း​ကို​ပေး​ကြ​၏။
43ကိုယ်​တော်​သည်​ယူ​၍​သူ​တို့​၏​ရှေ့​တွင်​သုံး​ဆောင် တော်​မူ​၏။
44ထို​နောက်​ကိုယ်​တော်​က ``မော​ရှေ​၏​ပ​ညတ်​ကျမ်း၊ ပ​ရော​ဖက်​ကျမ်း​များ​နှင့်​ဆာ​လံ​ကျမ်း​တွင်​ငါ ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ဖော်​ပြ​ထား​သည့် အ​မှု​အ​ရာ​များ​သည်​ဖြစ်​ပျက်​ရ​မည်​ဟူ​၍ သင် တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​ပြော​ခဲ့​၏။ ငါ ပြော​ခဲ့​သည့်​အ​တိုင်း​ယ​ခု​ဖြစ်​ပျက်​လျက်​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
45ထို​နောက်​တ​ပည့်​တော်​တို့​ကျမ်း​စာ​တော်​ကို​နား လည်​ကြ​စေ​ရန်​သူ​တို့​၏​အ​သိ​ဉာဏ်​ကို​ဖွင့်​တော် မူ​၏။- 46ကိုယ်​တော်​က ``ကျမ်း​စာ​တော်​တွင်​မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်။ ထို​နောက်​သုံး​ရက်​ကြာ သော်​သေ​ခြင်း​မှ​ထ​မြောက်​တော်​မူ​မည်။- 47နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။- 48သင်​တို့​အား​ထို​အ​ဖြစ်​အ​ပျက်​များ​နှင့် ပတ်​သက်​၍​မျက်​မြင်​သက်​သေ​များ​ဖြစ်​ကြ​၏။- 49ငါ​၏​ခ​မည်း​တော်​က​တိ​ထား​တော်​မူ​ရာ​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​သက်​ရောက်​စေ​မည်။ သို့ ရာ​တွင်​သင်​တို့​သည်​ကောင်း​ကင်​က​တန်​ခိုး​ကို မ​ခံ​မ​ယူ​ရ​မီ​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​၌ စောင့်​နေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။#တ၊ ၁:၄။
ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​တော်​မူ​ခြင်း
(မာ၊ ၁၆:၁၉-၂၀။ တ၊ ၁:၉-၁၁)
50ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​အား​ဗေ​သ​နိ​ရွာ သို့​ခေါ်​ဆောင်​သွား​တော်​မူ​ပြီး​လျှင်​လက်​တော်​ကို ချီ​၍​ကောင်း​ချီး​ပေး​တော်​မူ​၏။-#တ၊ ၁:၉-၁၁။ 51ဤ​သို့​ကောင်း​ချီး​ပေး​တော်​မူ​စဉ်​ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ထံ​မှ​ထွက်​ခွာ​လျက်​ကောင်း​ကင် ဘုံ​သို့​ယူ​ဆောင်​ခြင်း​ကို​ခံ​တော်​မူ​၏။- 52တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​အား​ရှိ​ခိုး​ပြီး လျှင်​အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​သွား​၍။- 53ဗိ​မာန်​တော်​တွင်​အ​မြဲ​မ​ပြတ်​ဘု​ရား​သ​ခင်​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​နေ​ကြ​၏။ ရှင်​လု​ကာ​ခ​ရစ်​ဝင်​ပြီး​၏။

Currently Selected:

လုကာ 24: BCL

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy