YouVersion Logo
Search Icon

ဇာခရိ 1

1
နောင်​တ​ရ​ရန်​ခေါ်​တော်​မူ​ခြင်း
1ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ အ​ဋ္ဌ​မ​လ​တွင်၊ ဣ​ဒေါ​သား ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊#ဧ​ဇ၊ ၄:၂၄-၅:၁၊ ၆:၁၄။ 2ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ဘိုး​ဘေး​များ​ကို အ​လွန်​အ​မျက်​ထွက်​တော်​မူ​ပြီ။ 3သို့​သော်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို သူ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ငါ့​ထံ​သို့ ပြန်၍​လာ​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည်​လည်း သင်​တို့​ရှိ​ရာ​သို့​ပြန်​လာ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​ထာ​ဝ​ရ​ဘု​ရား မိ​န့်​တော်​မူ၏။ 4ရှေး​ပ​ရော​ဖက်​တို့​က၊ သင်​တို့ မ​ကောင်း​သော​လမ်း၊ မ​ကောင်း​သော အ​ကျင့်​များ​ကို ယ​ခု ကြဉ်​ရှောင်​ကြ​လော့​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို ဆင့်​ဆို​လျက် ကြွေး​ကြော်​သော်​လည်း နား​မ​ကြား၊ ငါ့​စ​ကား​ကို​လည်း နား​မ​ထောင်​သော သင်​တို့ ဘိုး​ဘေး​များ​ကဲ့​သို့ မ​ပြု​ကြ​နှင့်​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 5ဘိုး​ဘေး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။ ပ​ရော​ဖက်​တို့​သည် အ​စဉ်​အ​မြဲ အ​သက်​ရှင်​တတ်​ကြ​သ​လော။ 6ငါ၏ ကျွန်​ပ​ရော​ဖက်​တို့၌ ငါ​မှာ​ထား​သော ငါ၏​ပ​ညတ်​စ​ကား​တို့​သည် သင်​တို့ ဘိုး​ဘေး​များ​ကို​မီ​ကြ​ပြီ မ​ဟုတ်​လော။ သူ​တို့​သည် သ​တိ​ရ၍ ငါ​တို့​ကျင့်​ကြံ​ပြု​မူ​သည်​နှင့်​အ​လျောက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ စီ​ရင်​မည်​ဟု အ​ကြံ​ရှိ​တော်​မူ​သည်​အ​တိုင်း၊ စီ​ရင်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။
မြင်း​များ​ရူ​ပါ​ရုံ
7ဒါ​ရိ​မင်း​ကြီး နန်း​စံ​နှစ်​နှစ်၊ ဧ​ကာ​ဒ​သ​မ​လ​တည်း​ဟူ​သော ရှေ​ဗတ်​လ နှစ်​ဆယ်​လေး​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဣ​ဒေါ​သား​ဖြစ်​သော ဗာ​ရ​ခိ၏​သား ပ​ရော​ဖက်​ဇာ​ခ​ရိ​သို့ ရောက်​လာ၍၊ 8ည​အ​ခါ​မြင်​ရ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မြင်း​နီ​ကို စီး​သော လူ​တစ်​ဦး​သည် ထင်​ရှား၍ ချိုင့်​တွင်​ရှိ​သော မု​ရ​တု​တော၌ ရပ်၏။ သူ့​နောက်​မှာ နီ​သော​မြင်း၊ ညို​သော​မြင်း၊ ဖြူ​သော​မြင်း​တို့​သည် ရှိ​ကြ၏။#ဗျာ၊ ၆:၂-၈။ 9ငါ​က​လည်း၊ အို သ​ခင်၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော်၊ ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို ငါ​ပြ​မည်​ဟု ဆို​ပြီး​မှ၊ 10မု​ရ​တု​တော၌ ရပ်​သော​လူ​က၊ ထို​သူ​တို့​သည် မြေ​ကြီး​အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား စေ​လွှတ်​တော်​မူ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။ 11ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် မြေ​ကြီး အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​ပါ​ပြီ။ မြေ​ကြီး​တစ်​လျှောက်​လုံး​သည် အ​မှု​မ​ရှိ။ ငြိမ်​ဝပ်​လျက်​ရှိ​ပါ၏​ဟု မု​ရ​တု​တော၌​ရပ်​သော ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​အား ပြန်​လျှောက်​ကြ၏။
12တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​က၊ အို ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး အ​မျက်​ထွက်​တော်​မူ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​မြို့​များ​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​သ​နား​ဘဲ နေ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ 13ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား ကောင်း​သော​စ​ကား၊ နှစ်​သိမ့်​စေ​သော​စ​ကား ပြန်​ပြော​တော်​မူ၏။ 14ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​နှင့် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​ကြင်​နာ​သော​စိတ်​အား​ကြီး၏။ 15ငြိမ်​ဝပ်​စွာ​နေ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​လွန်​အ​မျက်​ထွက်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​နည်း​ငယ် အ​မျက်​ထွက်​သော​အ​ခါ သူ​တို့​သည် ဝိုင်း၍ ညှဉ်း​ဆဲ​ကြ​ပြီ။ 16ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကျေး​ဇူး​ပြု​ချင်​သော​စိတ်​နှင့် ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​ပြန်​လာ​ပြီ။ ဤ​မြို့​တွင် ငါ့​အိမ်​ကို တည်​ဆောက်​ရ​မည်။ မြို့​ရာ​ကို​လည်း တိုင်း​ထွာ​ရ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 17တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို၍ ကြွေး​ကြော်​ရ​မည်​မှာ၊ ငါ၏​မြို့​ရွာ​တို့​သည် အ​ရပ်​ရပ်၌ နှံ့​ပြား၍ စည်​ပင်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​သား​တို့​ကို နှစ်​သိမ့်​စေ​ဦး​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို ရွေး​ကောက်၍ ပြု​စု​ဦး​မည်​ဟု မိန့်​တော်​မူ၏။
ဦး​ချို​များ​နှင့်​လက်​သ​မား​လေး​ဦး
18တစ်​ဖန် ငါ​မျှော်​ကြည့်၍ ဦး​ချို​လေး​ချောင်း​ကို မြင်၏။ 19ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား​လည်း၊ ထို​ဦး​ချို​တို့​ကား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​သော်၊ ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​သည်​ဟု ပြန်​ပြော၏။ 20ထာ​ဝ​ရ​ဘု​ရား​သည်​လည်း လက်​သ​မား​လေး​ဦး​တို့​ကို ပြ​တော်​မူ၏။ 21ငါ​က​လည်း၊ ဤ​သူ​တို့​သည် အ​ဘယ်​အ​မှု​ကို ပြု​ခြင်း​ငှာ​လာ​ပါ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ကောင်း​ကင်​တ​မန်​က၊ ထို​ဦး​ချို​တို့​သည် အ​ဘယ်​သူ​မျှ​မျှော်၍ မ​ကြည့်​ဝံ့​အောင်၊ ယု​ဒ​ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​ကြ၏။ ဤ​လက်​သ​မား​တို့​သည် ယု​ဒ​ပြည်​သား​တို့​ကို ကွဲ​ပြား​စေ​ခြင်း​ငှာ တိုက်​လာ​သော​ထို​ဦး​ချို​တို့​ကို ခြိမ်း​မောင်း၍၊ တစ်​ပါး​အ​မျိုး၏​ဦး​ချို​တို့​ကို ရှုတ်​ချ​သော​သူ ဖြစ်​ကြ​သည်​ဟု ပြန်​ပြော၏။

Currently Selected:

ဇာခရိ 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy