YouVersion Logo
Search Icon

ဩဗဒိ 1

1
ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​မည်
1အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား ကြွေး​ကြော်​တော်​မူ​သံ​ကို ငါ​တို့​သည် ကြား​ကြ၏။ သင်​တို့​ထ၍ ဧ​ဒုံ​ပြည်​ကို တိုက်​ခြင်း​ငှာ စစ်​ချီ​ကြ​လော့​ဟု၊ တစ်​ပါး​အ​မျိုး​သား​တို့​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်​တော်​မူ​ပြီ။#ဟေ​ရှာ၊ ၃၄:၅-၁၇၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေ​ဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ မာ​လ၊ ၁:၂-၅။ 2သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့​တွင် ယုတ်​မာ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​သ​ဖြင့်၊ သင်၏​အ​သ​ရေ​သည် အ​လွန်​ရှုတ်​ချ​ခြင်း​ရှိ​လိမ့်​မည်။ 3ကျောက်​ကြား​တို့၌​နေ၍ မြင့်​သော​အ​ရပ်​ကို ခို​လှုံ​လျက်၊ ငါ့​ကို​မြေ​သို့ အ​ဘယ်​သူ​နှိမ့်​ချ​နိုင်​သ​နည်း​ဟု အောက်​မေ့​သော​သူ ဖြစ်​သော​ကြောင့်၊ သင်၏​မာ​န​သည် သင့်​ကို လှည့်​စား​ပြီ။ 4သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ ကိုယ်​ကို​ချီး​မြှောက်၍၊ ကြယ်​တို့​တွင် အ​သိုက်​ကို​လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 5ည​အ​ခါ သူ​ခိုး​ဓား​ပြ​တို့​သည် သင်​ရှိ​ရာ​သို့ လာ​လျှင်၊ စိတ်​ပြေ​လောက်​အောင်​သာ ခိုး​ယူ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ စ​ပျစ်​သီး​ကို ဆွတ်​သော​သူ​တို့​သည် လာ​လျှင်၊ သူ​တစ်​ပါး​လိုက်၍ ဆွတ်​စ​ရာ​ဖို့ ကြွင်း​စေ​ကြ​လိမ့်​မည် မ​ဟုတ်​လော။ 6သင်​သည် အ​လွန်​ပျက်​စီး​ပြီ​တ​ကား။ ဧ​သော​သည် အ​လွန်​အ​စစ်​ခံ​ရ​ပြီ​တ​ကား။ သူ​ဝှက်​ထား​သော​ဥ​စ္စာ​ကို အ​လွန်​ရှာ​ဖွေ​ကြ​သည် တ​ကား။ 7သင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​သော သူ​အ​ပေါင်း​တို့​သည် ပြည်​စွန်း​သို့ နှင်​ကြ​ပြီ။ အ​ဆွေ​လုပ်​သော သူ​တို့​သည် သင့်​ကို​လှည့်​စား၍ နိုင်​ကြ​ပြီ။ သင်​နှင့်​အ​တူ စား​သောက်​သော​သူ​တို့​သည် သင့်​အောက်၌ ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပြီ။ သင်၏​ဉာဏ်​ပ​ညာ​ကုန်​ပြီ။ 8ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ ဧ​ဒုံ​ပြည်​မှ ပ​ညာ​ရှိ​တို့​ကို​လည်း​ကောင်း၊ ဧ​သော၏​တောင်​မှ ဉာဏ်​ကောင်း​သော သူ​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှား​မည်။ 9အို တေ​မန်​မြို့၊ ဧ​သော၏​တောင်​မှ ခပ်​သိမ်း​သော သူ​တို့​ကို ပယ်​ဖြတ်​မည်​အ​ကြောင်း၊ သင်၏​သူ​ရဲ​တို့​သည် ကြောက်​ကြ​လိမ့်​မည်။
ညီ​ကို​အ​နိုင်​အ​ထက်​ပြု​သူ​ဧ​ဒုံ
10သင်​သည် ညီ​ယာ​ကုပ်​ကို အ​သေ​သတ်​ခြင်း၊ အ​နိုင်​အ​ထက်​ပြု​ခြင်း​အ​ပြစ်​ကြောင့် ကိုယ်​တိုင်​အ​ရှက်​ကွဲ၍၊ အ​ကုန်​အ​စင် ပယ်​ဖြတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 11သင်​သည် တစ်​ဖက်၌​နေ​သော​နေ့၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် သူ၏​အ​မှု​ထမ်း​များ​ကို သိမ်း​သွား​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် သူ၏​မြို့​တံ​ခါး​ထဲ​သို့​ဝင်၍ ယေ​ရု​ရှ​လင်​မြို့​ကို စာ​ရေး​တံ​ချ​သော​နေ့၌ သင်​သည် လက်​ခံ​သော​သူ​ဖြစ်၏။ 12သင်၏​ညီ​သည် တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော​နေ့၌ သူ၏​အ​မှု​ကို သင်​မ​ကြည့်​သင့်။ ယု​ဒ​အ​မျိုး​သား​တို့​သည် ပျက်​စီး​သော​နေ့၌ မ​ဝါ​ကြွား​သင့်။ ဒု​က္ခ​ခံ​ရ​သော​နေ့၌ စော်​ကား​သော​စ​ကား​ကို မ​ပြော​သင့်။ 13ငါ၏​လူ​တို့​သည် ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့​နေ​ရာ တံ​ခါး​အ​တွင်း​သို့ မ​ဝင်​သင့်။ ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့၏​ဆင်း​ရဲ​ဒု​က္ခ​ကို မ​ကြည့်​မ​ရှု​သင့်။ ဘေး​ဥ​ပဒ်​ကို ခံ​ရ​သော​နေ့၌ သူ​တို့​ဥ​စ္စာ​ကို မ​လု​မ​ယူ​သင့်။ 14လွတ်​သော​သူ​တို့​ကို ဆီး​တား​ခြင်း​ငှာ ဖြတ်​လမ်း၌ မ​ရပ်​မ​နေ​သင့်။ အ​မှု​ရောက်​သော​နေ့၌ ကျန်​ကြွင်း​သော သူ​တို့​ကို မ​အပ်​သင့်။
ဣ​သ​ရေ​လ​တို့​၏​အောင်​ပွဲ
15အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် နီး​ပြီ။ သင်​ပြု​သည်​အ​တိုင်း သင်၌ သူ​တစ်​ပါး​ပြု​လိမ့်​မည်။ သင်​ပြု​သော​အ​မှု​သည် သင့်​ခေါင်း​ပေါ်​သို့ ရောက်​ရ​လိမ့်​မည်။ 16ယု​ဒ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​သော ငါ့​တောင်​ပေါ်​မှာ စား​သောက်​သ​ကဲ့​သို့၊ ပတ်​လည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် စား​သောက်​ရ​ကြ​လိမ့်​မည်။ စား​သောက်၍​မျို​သ​ဖြင့် မ​ရှိ​ဖူး​သော​သူ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။
17ဇိ​အုန်​တောင်​ပေါ်​မှာ ဘေး​လွတ်​သော​သူ​အ​ချို့ ရှိ​ကြ​လိမ့်​မည်။ သန့်​ရှင်း​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ယာ​ကုပ်​အ​မျိုး​သည် မိ​မိ​ပိုင်​ထိုက်​သော​မြေ​ကို ပိုင်​ရ​လိမ့်​မည်။ 18ယာ​ကုပ်​အ​မျိုး​သည် မီး၊ ယော​သပ်​အ​မျိုး​သည် မီး​လျှံ၊ ဧ​သော​အ​မျိုး​သည် အ​မှိုက်​ဖြစ်​လျက် မီး​ညှိ၍ လောင်​သ​ဖြင့်၊ ဧ​သော​အ​မျိုး​သား မ​ကျန်​ကြွင်း​ရ။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ 19တောင်​မျက်​နှာ​သား​တို့​သည် ဧ​သော၏​တောင်​ကို​လည်း​ကောင်း၊ မြေ​ညီ​သော အ​ရပ်​သား​တို့​သည် ဖိ​လိ​တ္တိ​ပြည်​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​လယ်​ပြင်​နှင့် ရှ​မာ​ရိ​လယ်​ပြင်​ကို​လည်း​ကောင်း၊ ဗင်္ယာ​မိန်​အ​မျိုး​သည် ဂိ​လဒ်​ပြည်​ကို​လည်း​ကောင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ 20သိမ်း​သွား​ခြင်း​ကို ခံ​ရ၍၊ ခါ​န​နိ​လူ​တို့​တွင်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​အ​လုံး​အ​ရင်း​သည် ဇ​ရ​တ္တ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ၍ သေ​ဖ​ရဒ်​ပြည်၌​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် တောင်​မျက်​နှာ မြို့​ရွာ​တို့​ကို​လည်း​ကောင်း သိမ်း​ယူ​ကြ​လိမ့်​မည်။ 21ဧ​သော၏​တောင်​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ ကယ်​တင်​သော​သူ​တို့​သည် ဇိ​အုန်​တောင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား၏​နိုင်​ငံ​တော် ဖြစ်​လိမ့်​သ​တည်း။
ပ​ရော​ဖက်​ဩ​ဗ​ဒိ၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ ပြီး၏။

Currently Selected:

ဩဗဒိ 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy