YouVersion Logo
Search Icon

မိက္ခာ 1

1
1ယု​ဒ​ရှင်​ဘု​ရင် ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​တို့​လက်​ထက်၌ မော​ရ​ရှ​ရွာ​သား မိ​က္ခာ​သည် ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ခံ​ရ​သော ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ဟူ​မူ​ကား၊#၄​ရာ၊ ၁၅:၃၂-၁၆:၂၀။ ၁၈:၁-၂၀:၂၁။ ၆​ရာ၊ ၂၇:၁-၇၊ ၂၈:၁-၃၂:၃၃။
ရှ​မာ​ရိ​နှင့်​ယေ​ရု​ရှ​လင်​အ​တွက်မြည်​တမ်း​ခြင်း
2အို လူ​များ​အ​ပေါင်း​တို့၊ ကြား​ကြ​လော့။ အို ပြည်​နှင့် ပြည်​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော သန့်​ရှင်း​သော​ဗိ​မာန်​တော်​ထဲ​က ဘု​ရား​ရှင်​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​တော်​မူ​မည်။ 3ထာ​ဝ​ရ​ဘု​ရား​သည် ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ် ဌာ​န​တော်​ထဲ​က ထွက်​ကြွ​ဆင်း​သက်၍၊ မြင့်​သော မြေ​အ​ရပ်​တို့​ကို နင်း​တော်​မူ​မည်။ 4မီး​ရှေ့​မှာ ဖ​ယောင်း​ကဲ့​သို့​လည်း​ကောင်း၊ ချောက်​ကြီး​မှ ဆင်း​သော​ရေ​ကဲ့​သို့​လည်း​ကောင်း ရှေ့​တော်၌ တောင်​တို့​သည် အ​ရည်​ဖြစ်၍၊ ချိုင့်​တို့​သည်​လည်း အက်​ကွဲ​ကြ​လိမ့်​မည်။ 5ထို​အ​မှု​သည် ယာ​ကုပ်​လွန်​ကျူး၍ ဣ​သ​ရေ​လ​အ​မျိုး​ပြစ်​မှား​သော​ကြောင့် ရောက်​သ​တည်း။ ယာ​ကုပ်​လွန်​ကျူး​ရာ​ကား အ​ဘယ်​သို့​နည်း။ ရှ​မာ​ရိ​မြို့​မ​ဟုတ်​လော။ ယု​ဒ၏​မြင့်​ရာ​အ​ရပ်​ကား အ​ဘယ်​မှာ​ရှိ​သ​နည်း။ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။ 6ထို​ကြောင့်၊ ရှ​မာ​ရိ​မြို့​ကို လယ်​ပြင်၌ မြေ​ပုံ​ကဲ့​သို့​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ် စိုက်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။ မြို့​ရိုး​ကျောက်​တို့​ကို ချိုင့်​ထဲ​သို့ သွန်​ပစ်၍၊ မြို့​ရိုး​အ​မြစ်​ကို လှန်​ပြ​မည်။ 7ခပ်​သိမ်း​သော ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့​မည်။ သူ​ငှား​လုပ်၍ ရ​သ​မျှ​သော​အ​ခ​တို့​ကို မီး​ရှို့​မည်။ မှား​သော​ဘု​ရား​ရှိ​သ​မျှ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​မည်။ ပြည့်​တန်​ဆာ​လုပ်၍ ဥ​စ္စာ​ကို​ဆည်း​ပူး​သည်​ဖြစ်၍၊ ထို​ဥ​စ္စာ​သည် ပြည့်​တန်​ဆာ​လက်​သို့ တစ်​ဖန်​ရောက်​ရ​ဦး​မည်။ 8ထို​အ​မှု​ကြောင့် ငါ​သည် ငို​ကြွေး​မြည်​တမ်း​မည်။ အ​ဝတ်​ကို​ချွတ်၍ အ​ချည်း​စည်း​လည်​သွား​မည်။ မြေ​ခွေး​ကဲ့​သို့ အူ​လျက်၊ ကု​လား​အုတ်​ငှက်​ကဲ့​သို့ မြည်​လျက်​နေ​မည်။ 9သူ​ခံ​ရ​သော ဒဏ်​နာ​မ​ပျောက်​နိုင်။ ယု​ဒ​ပြည်​တိုင်​အောင်​ကူး​သ​ဖြင့်၊ ငါ၏​အ​မျိုး​သား​နေ​ရာ ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​သို့​ရောက်​လေ​ပြီ။
ယေ​ရု​ရှ​လင်​မြို့​သို့​ဘေးဒဏ်ရောက်လေပြီ
10ဂါ​သ​မြို့၌ သ​တင်း​မ​ပြော​ကြ​နှင့်။ အ​လျှင်း​မ​ငို​ကြွေး​ကြ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​မှာ မြေ​မှုန့်၌ လူး​လဲ​လျက် နေ​ကြ​လော့။ 11အို ရှ​ဖိ​ရ​မြို့​သ​မီး၊ အ​ဝတ်​ကို​ချွတ်၍ အ​ရှက်​ကွဲ​လျက် သွား​လော့။ ဇာ​နန်​မြို့​သ​မီး​သည် ငို​ကြွေး​ခြင်း​ကို​ပြု​လျက် မ​ထွက်​ရ။ ဗေ​သ​ဇေ​လ​မြို့​သည် သင်​တို့​တည်း​ခို​ရ​သော အ​ခွင့်​ကို မ​ပေး​ရ။ 12မာ​ရုတ်​မြို့​သ​မီး​သည်​လည်း ကောင်း​သော​အ​ရာ​ကို တောင့်​တ၍ နာ​ကျင်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဘေး​ဒဏ်​သည် ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​သို့​ရောက်​လေ​ပြီ။ 13အို လာ​ခိ​ရှ​မြို့​သ​မီး၊ လျင်​မြန်​သော​မြင်း​ကို ရ​ထား၌​က​လော့။ သင်​သည် ဣ​သ​ရေ​လ၏ လွန်​ကျူး​ခြင်း​ကို​လက်​ခံ၍၊ ဇိ​အုန်​သ​တို့​သ​မီး​အား အ​ပြစ်​လမ်း​ကို ပြ​သ​တည်း။ 14ထို​ကြောင့် သင်​သည် ဂါ​သ​ပြည် မော​ရ​ရှက်​မြို့​သို့ လက်​ဆောင်​ကို ပေး​လိုက်​ရ​မည်။ အာ​ခ​ဇိပ်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​တို့​ကို လှည့်​စား​ကြ​လိမ့်​မည်။ 15အို မ​ရေ​ရှ​မြို့​သ​မီး၊ သင်၏​ဥ​စ္စာ​ကို အ​မွေ​ခံ​သော​သူ​ကို ငါ​ခေါ်​ခဲ့​မည်။ သူ​သည် ဣ​သ​ရေ​လ​ဘုန်း၊ အ​ဒု​လံ​မြို့​သို့ ရောက်​လိမ့်​မည်။ 16ချစ်​ဖွယ်​သော သင်၏​သား​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​ကြောင့်၊ သူ​တို့​အ​တွက် သင်​သည် ခေါင်း​ပြောင်​အောင် ဆံ​ပင်​ကို​ရိတ်၍ နေ​လော့။ ရွှေ​လင်း​တ​ကဲ့​သို့ ကျယ်​စွာ​သော ခေါင်း​ပြောင်​ခြင်း​ကို ပြု​လော့။

Currently Selected:

မိက္ခာ 1: JBMLE

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy