YouVersion Logo
Search Icon

၂ ရာဇဝင်ချုပ် 1

1
ဉာဏ်​ပ​ညာ​ကို​ရှော​လ​မုန်​တောင်း​ခံ​ခြင်း
(၃​ရာ၊ ၃:၁-၁၅)
1ဒါ​ဝိဒ်၏​သား​တော်​ရှော​လ​မုန်​သည်၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း၊ အ​လွန်​ချီး​မြှောက်​တော်​မူ​ခြင်း ကျေး​ဇူး​ကြောင့်၊ မိ​မိ​အာ​ဏာ​တော်​တည်​ကြည်​မြဲ​မြံ​သော​အ​ခါ၊ 2လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ တ​ရား​သူ​ကြီး၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​နှင့် အ​ဆွေ​အ​မျိုး​သူ​ကြီး အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ 3တော၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​လုပ်​ခဲ့​သော ဘု​ရား​သ​ခင်၏ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သည် ဂိ​ဗောင်​မြို့​တွင် မြင့်​သော​အ​ရပ်၌ ရှိ​သည်​ဖြစ်၍ ထို​အ​ရပ်​သို့ ပ​ရိ​သတ်​အ​ပေါင်း​တို့​နှင့်​အ​တူ သွား​တော်​မူ၏။ 4ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ကား ဒါ​ဝိဒ်​ပြင်​ဆင်​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆောက်​နှင့်​သော​တဲ​သို့ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​သော်​လည်း၊#၂​ရာ၊ ၆:၁-၁၇။ ၅​ရာ၊ ၁၃:၅-၁၄၊ ၁၅:၂၅-၁၆:၁၊ 5ဟု​ရ​သား​ဖြစ်​သော ဥ​ရိ၏​သား ဗေ​ဇ​လေ​လ လုပ်​ခဲ့​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​မှာ​ထား​သော​ကြောင့်၊ ရှော​လ​မုန်​နှင့် ပ​ရိ​သတ်​တို့​သည် ထို​ယဇ်​ပ​လ္လင်​သို့ သွား​ကြ၏။#ထွ၊ ၃၈:၁-၇။ 6ထို​သို့ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့၊ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သို့ ရှော​လ​မုန်​ရောက်၍ ထို​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တစ်​ထောင်​ကို ပူ​ဇော်​လေ၏။
7ထို​ည​တွင် ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​ဟု မိန့်​တော်​မူ၏။ 8ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ အ​ဘ​အ​ရာ၌​လည်း အ​ကျွန်ုပ်​ကို နန်း​ထိုင်​စေ​တော်​မူ​ပြီ။ 9ယ​ခု​မှာ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ မြေ​မှုန့်​များ​သ​ကဲ့​သို့ အ​ရေ​အ​တွက်​အား​ဖြင့် များ​ပြား​သော​လူ​တို့၏ ရှင်​ဘု​ရင်​အ​ရာ၌ အ​ကျွန်ုပ်​ကို ချီး​မြှောက်​တော်​မူ​သော​ကြောင့် အ​ဘ​ဒါ​ဝိဒ်၌​ထား​သော က​တိ​တော်​ကို တည်​စေ​တော်​မူ​ပါ။#က၊ ၁၃:၁၆၊ ၂၈:၁၄။ 10အ​ကျွန်ုပ်​သည် ဤ​လူ​တို့​ရှေ့​မှာ ထွက်​ဝင်​နိုင်​မည်​အ​ကြောင်း ဉာဏ်​ပ​ညာ​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။ 11ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ထို​သို့​အောက်​မေ့၍ စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို​မ​တောင်း၊ ရန်​သူ​တို့၏ အ​သက်​ကို​လည်း မ​တောင်း၊ တာ​ရှည်​သော​အ​သက်​ကို​လည်း မ​တောင်း၊ ငါ​ခန့်​ထား၍ သင်​အ​စိုး​ရ​သော ငါ၏​လူ​မျိုး​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော ဉာဏ်​ပ​ညာ​ကို​သာ ကိုယ်​အ​ဖို့​တောင်း​သော​ကြောင့်၊ 12ဉာဏ်​ပ​ညာ​ကို ငါ​ပေး၏။ ထို​မှ​တစ်​ပါး သင့်​ရှေ့​မှာ​ဖြစ်​ဖူး​သော ရှင်​ဘု​ရင်​နှင့် သင့်​နောက်၌ ဖြစ်​လ​တ္တံ့​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​မီ​နိုင်​မည်​အ​ကြောင်း၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။
ရှော​လ​မုန်​၏​တန်​ခိုး​နှင့်​စည်း​စိမ်
(၃​ရာ၊ ၁၀:၂၆-၂၉)
13ထို​အ​ခါ ရှော​လ​မုန်​သည် ဂိ​ဗောင်​မြို့​တွင် မြင့်​သော​အ​ရပ်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား၍၊ ဣ​သ​ရေ​လ​ပြည်​ကို အုပ်​စိုး​လျက်​နေ​တော်​မူ၏။
14ထို​နောက် ရှော​လ​မုန်​သည် ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို ဆည်း​ပူး၍၊ ရ​ထား တစ်​ထောင်​နှင့်​လေး​ရာ၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း ထား၏။#၃​ရာ၊ ၄:၂၆။ 15ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ရွှေ​ငွေ​ကို ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။ 16ရှော​လ​မုန်​ထံ​သို့ မြင်း​များ​ကို အဲ​ဂု​တ္တု​ပြည်၊ ကော​မြို့​မှ ဆောင်​ခဲ့​ရ၏။ ရှင်​ဘု​ရင်​ကုန်​သည်​တို့​သည် အ​ဖိုး​ပေး​လျက်၊ ကော​မြို့၌ ခံ​ယူ​ရ​ကြ၏။#တ​ရား၊ ၁၇:၁၆။ 17အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​တစ်​ခု​ကို ငွေ​ခြောက်​ပိဿာ​နှင့်​လည်း​ကောင်း၊ မြင်း​တစ်​စီး​ကို တစ်​ပိဿာ​ငါး​ဆယ်​နှင့်​လည်း​ကောင်း ရောင်း​မြဲ​ရှိ၏။ ထို​သို့ ဟိ​တ္တိ​မင်း​ကြီး​နှင့်၊ ရှု​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် အဲ​ဂု​တ္တု​ရ​ထား​နှင့် မြင်း​တို့​ကို​ရ​တတ်​ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy