ဆာလံကျမ်း 118
118
အောင်ပွဲအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း
1ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
အကြောင်းမူကား ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
2ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ကြောင်း
အစ္စရေးအမျိုးသည် ဝန်ခံပါစေ။
3ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ကြောင်း
အာရုန်၏အမျိုးအနွယ်သည် ဝန်ခံပါစေ။
4ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ကြောင်း
ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် ဝန်ခံကြပါစေ။
5ငါသည် ပြင်းပြသောဝေဒနာထဲမှ ထာဝရဘုရားကိုခေါ်၏။
ထာဝရဘုရားသည် ငါ့ကိုထူးတော်မူပြီး ကျယ်ဝန်းသောအရပ်၌ ထားတော်မူ၏။
6ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။
လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။#ဆာ 56:4,11၊ ဟေဗြဲ 13:6။
7ထာဝရဘုရားသည် ငါ့ကိုကူညီမစသောအရှင်အဖြစ် ငါ့ဘက်၌ရှိတော်မူသည်ဖြစ်၍
ငါ့ကိုမုန်းသောသူတို့ကို အပေါ်စီးမှ ငါကြည့်မြင်ရလိမ့်မည်။
8ထာဝရဘုရားကိုခိုလှုံခြင်းသည်
လူကိုကိုးစားခြင်းထက် ပို၍ကောင်း၏။
9ထာဝရဘုရားကိုခိုလှုံခြင်းသည်
မင်းအရာရှိတို့ကိုကိုးစားခြင်းထက် ပို၍ကောင်း၏။
10လူမျိုးအပေါင်းတို့သည် ငါ့ကိုဝိုင်းရံထားကြ၏။
ငါသည် ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို မုချသုတ်သင်ရှင်းလင်းပစ်မည်။
11သူတို့သည် ငါ့ကိုဝိုင်းရံထားကြ၏။ အကယ်စင်စစ် သူတို့သည် ငါ့ကိုဝိုင်းရံထားကြ၏။
ငါသည် ထာဝရဘုရား၏နာမတော်အားဖြင့် သူတို့ကို မုချဖြတ်ပယ်ရှင်းလင်းမည်။
12သူတို့သည် ပျားများကဲ့သို့ ငါ့ကိုဝိုင်းရံထားကြသော်လည်း
ဆူးပင်ကိုလောင်သောမီးကဲ့သို့ ငြိမ်းသွားကြ၏။

13သင်သည် ငါ့ကိုလဲစေရန် ကြမ်းတမ်းစွာတွန်းချသော်လည်း
ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူ၏။
14ထာဝရဘုရားသည် ငါ၏ခွန်အားနှင့်တေးသီချင်း၊
ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။
15ဖြောင့်မတ်သောသူတို့၏တဲများ၌ ရွှင်လန်းစွာကြွေးကြော်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။
ထာဝရဘုရား၏လက်ယာလက်တော်သည် တန်ခိုးကြီးသောအမှုကိုပြုတော်မူ၏။
16ထာဝရဘုရား၏လက်ယာလက်တော်သည် ချီးမြှောက်ခြင်းရှိ၏။

17ငါမသေရသေးဘဲ အသက်ရှင်လျက်
ထာဝရဘုရားပြုတော်မူသောအမှုတို့ကို ပြောကြားဦးမည်။
18ထာဝရဘုရားသည် ငါ့ကိုပြင်းထန်စွာပဲ့ပြင်သော်လည်း
သေခြင်းလက်သို့ ငါ့ကိုအပ်တော်မမူခဲ့ပေ။
19ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အတွက်ဖွင့်ပေးကြလော့။
ငါသည် ထိုတံခါးတို့မှဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းမည်။
20ဤတံခါးသည် ထာဝရဘုရား၏တံခါးဖြစ်၏။
ဖြောင့်မတ်သောသူတို့သည် ဤတံခါးမှဝင်ကြလိမ့်မည်။
21ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၍
အကျွန်ုပ်ကိုကယ်တင်သောအရှင် ဖြစ်တော်မူသောကြောင့်
ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
22တိုက်ဆောက်သူများပယ်ထားသောကျောက်သည်
ထိပ်ဆုံးထောင့်ချုပ်ကျောက် ဖြစ်လာ၏။#မ 21:42၊ မာ 12:10၊ လု 20:17၊ တ 4:11၊ ၁ပေ 2:7။
23ဤအမှုသည် ထာဝရဘုရားအားဖြင့် ဖြစ်လာ၍
ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏။
24ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၏။
ဤနေ့ရက်၌ ငါတို့ရွှင်လန်း၍ ဝမ်းမြောက်ကြကုန်စို့။
25အို ထာဝရဘုရား၊ ကယ်တင်တော်မူပါ။
အို ထာဝရဘုရား၊ အောင်မြင်ခွင့်ပေးတော်မူပါ။
26ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။#မ 21:9၊ 23:39၊ လု 13:35၊ 19:38။
အကျွန်ုပ်တို့သည် ကိုယ်တော်ကို ထာဝရဘုရား၏အိမ်တော်ထဲမှ
ကောင်းချီးထောမနာပြုကြပါ၏။
27ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။
ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
28ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍
အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။
ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍
ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။
29ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။

Currently Selected:
ဆာလံကျမ်း 118: MSBU
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: