ဆာ​လံ​ကျမ်း 1
MSB

ဆာ​လံ​ကျမ်း 1

1
အ​ပိုင်း (၁)
ဆာ​လံ ၁ ~ ၄၁
လမ်း​နှစ်​သွယ်
1ဆိုး​ယုတ်​သော​သူ​တို့​၏​အ​ကြံ​ဉာဏ်​အ​တိုင်း​မ​လိုက်​မ​လျှောက်​၊ အ​ပြစ်​သား​တို့​၏​လမ်း​တွင်​မ​ရပ်​မ​နေ​၊
ပြက်​ရယ်​ပြု​တတ်​သော​သူ​တို့​စု​ဝေး​ရာ​အ​ရပ်​၌​မ​ထိုင်​၊#ယော​ဘ ၂၁:၁၆၊ ဆာ ၂၆:၄၊ သု ၁:၁၀၊ ၄:၁၄-၁၅၊ ယေ ၁၅:၁၇။
2ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​၌​မွေ့​လျော်​၍
ထို​တ​ရား​တော်​ကို နေ့​ည​မ​ပြတ်​ဆင်​ခြင်​အောက်​မေ့​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏​။#ယော​ရှု ၁:၈၊ ဆာ ၁၁၂:၁၊ ၁၁၉:၁၊ ၉၇။
3ထို​သူ​ကား ရေ​စီး​သော​ချောင်း​နား​မှာ​စိုက်​ထား​၍ မိ​မိ​အ​ချိန်​တန်​သော​အ​ခါ​အ​သီး​သီး​ပြီး
အ​ရွက်​မ​ညှိုး​နွမ်း​တတ်​သော​အ​ပင်​နှင့်​တူ​၏​။ #ယေ ၁၇:၈၊ ယေ​ဇ ၁၉:၁၀၊ ၄၇:၁၂။ပြု​လေ​သ​မျှ​တို့​၌​အောင်​မြင်​တတ်​၏​။#က ၃၉:၃၊ ၂၃။
4ဆိုး​ယုတ်​သော​သူ​တို့​မူ​ကား ထို​ကဲ့​သို့​မ​ဟုတ်​။
လေ​တိုက်​၍ လွင့်​သွား​သော​ဖွဲ​နှင့်​တူ​ကြ​၏​။#ယော​ဘ ၂၁:၁၈။
5ထို့​ကြောင့် ဆိုး​ယုတ်​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​ကာ​လ​၌​လည်း​ကောင်း​၊
အ​ပြစ်​သား​တို့​သည် ဖြောင့်​မတ်​သော​သူ​တို့​၏​အ​စု​အ​ဝေး​ထဲ​၌​လည်း​ကောင်း ရပ်​တည်​နိုင်​ကြ​မည်​မ​ဟုတ်​။#ဆာ ၅:၅၊ ၇၆:၇၊ နာ ၁:၆။
6အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​၏​လမ်း​ကို သိ​တော်​မူ​၏​။ #နေ ၁:၇၊ ဆာ ၃၇:၁၈၊ ယော ၁၀:၁၄၊ ၂တိ ၂:၁၉။
ဆိုး​ယုတ်​သော​သူ​တို့​၏​လမ်း​မူ​ကား ပျက်​စီး​သွား​လိမ့်​မည်​။