3
ဗတ္တိဇံဆရာယောဟန်ပေါ်ထွန်းခြင်း
1ထိုနေ့ရက်ကာလ၌ ဗတ္တိဇံဆရာယောဟန်သည်ပေါ်ထွန်းလာ#သို့မဟုတ် “ရောက်လာ”၍2“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု ယုဒနယ်ရှိတောကန္တာရတွင် ဟောပြောလေ၏။#မာ ၁:၄၊ လု ၃:၃၊ တ ၁၃:၂၄။3ပရောဖက်ဟေရှာယက “တောကန္တာရ၌ ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့”#မာ ၁:၃၊ လု ၃:၄၊ ယော ၁:၂၃။ (ဟေရှာ ၄၀:၃)ဟု ဆိုထားသည်မှာ ဤသူ၏အကြောင်းပင်ဖြစ်၏။4ယောဟန်သည် ကုလားအုပ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။#မာ ၁:၆။
5ထိုအခါ ဂျေရုဆလင်မြို့၊ ယုဒနယ်တစ်နယ်လုံးနှင့် ဂျော်ဒန်မြစ်ပတ်ဝန်းကျင်တစ်လျှောက်လုံး၌ရှိသောသူတို့သည် ယောဟန်ထံသို့သွား၍6မိမိတို့၏အပြစ်များကိုဖော်ပြဝန်ခံလျက် ဂျော်ဒန်မြစ်တွင် သူ့ထံ၌ဗတ္တိဇံ#“နှစ်ခြင်း၊ လွှမ်းခြုံခြင်း၊ ဆေးကြောခြင်း” ဟူသောအဓိပ္ပာယ်များရှိ၏။ခံကြ၏။#မာ ၁:၅။
7သို့သော် သူ၏ဗတ္တိဇံကိုခံရန် များစွာသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် မည်သူက သင်တို့ကို သတိပေးခဲ့သနည်း။#မ ၂၃:၃၃၊ လု ၃:၇။8သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။9‘ငါတို့တွင် အဖအာဗြဟံရှိသည်’ဟူ၍ သင်တို့စိတ်ထဲ၌ပြောဆိုရန်ပင် မစဉ်းစားကြနှင့်။ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်သည် အာဗြဟံအတွက်သားသမီးများကို ဤကျောက်ခဲတို့ထဲမှ ပေါ်ထွန်းစေနိုင်သည်။#လု ၃:၈။10ပုဆိန်ကို သစ်ပင်တို့၏အမြစ်နားတွင်ချထားပြီဖြစ်၍ ကောင်းသောအသီးကိုမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ပစ်ချခြင်းခံရလိမ့်မည်။#မ ၇:၁၉၊ လု ၃:၉။11ငါသည် သင်တို့ကို နောင်တအတွက် ရေ၌#သို့မဟုတ် “ရေဖြင့်”ဗတ္တိဇံပေး၏။ သို့သော် ငါ့ထက် ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကိုချွတ်ပေးရန်ပင် ငါသည် မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကို ဗတ္တိဇံပေးတော်မူလိမ့်မည်။#မာ ၁:၇-၈၊ လု ၃:၁၆၊ ယော ၁:၂၆-၂၇၊ တ ၁၃:၂၅။12လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”#လု ၃:၁၇။ဟု ဆိုလေ၏။
ယေရှုဗတ္တိဇံခံတော်မူခြင်း
13ထိုကာလတွင် ယေရှုသည် ယောဟန်ထံ၌ဗတ္တိဇံခံရန် ဂါလိလဲနယ်မှ ဂျော်ဒန်မြစ်နားရှိ ယောဟန်ထံသို့ ကြွလာတော်မူ၏။#မာ ၁:၉။14သို့ရာတွင် ယောဟန်သည် ကိုယ်တော်ကိုတားဆီးလျက် “အကျွန်ုပ်ပင် ကိုယ်တော့်ထံ၌ ဗတ္တိဇံခံရမည်ဖြစ်ပါလျက်နှင့် ကိုယ်တော်သည် အကျွန်ုပ်ထံသို့ ကြွလာတော်မူပါသလော”ဟု ဆို၏။15ယေရှုကလည်း “ယခုအခါတွင် အခွင့်ပေးလော့။ အကြောင်းမူကား ငါတို့သည် ဖြောင့်မတ်ခြင်းအလုံးစုံကို ဤသို့ပြည့်စုံစေသင့်၏”ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ကိုယ်တော်ကိုအခွင့်ပေးလေ၏။
16ယေရှုသည် ဗတ္တိဇံခံပြီးနောက် ရေထဲမှထွက်လာသည်နှင့် ကောင်းကင်သည်ပွင့်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်ကာ မိမိအပေါ်သို့ ကြွလာတော်မူသည်ကို မြင်တော်မူ၏။#မာ ၁:၁၀၊ လု ၃:၂၁-၂၂၊ ယော ၁:၃၂။17ကောင်းကင်မှလည်း “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။#မ ၁၇:၅၊ မာ ၁:၁၁၊ ၉:၇၊ လု ၃:၂၂၊ ၉:၃၅၊ ၂ပေ ၁:၁၇။ (ဟေရှာ ၄၂:၁) ဆာ ၂:၇။