1
Psalms 37:4
TPV-RV (Thamma Pitakadaw)
TPV-RV
ဘုရားရှင်ထံ၌ မွေ့လျော်ခြင်းရှိကြလော့။ ထိုသို့ ပြုလျှင် သင်၏စိတ်နှလုံးမှ အလိုဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
Compare
Explore Psalms 37:4
2
Psalms 37:5
သင်ပြုမူကျင့်ကြံသောအရာကို ဘုရားရှင်ထံအပ်နှံ၍ ကိုယ်တော်ကို ယုံကြည်ကိုစားလော့။ ထိုသို့ပြုလျှင် ကိုယ်တော်သည် စီရင်ဆောင်ရွက်တော်မူလိမ့်မည်။
Explore Psalms 37:5
3
Psalms 37:7
ဘုရားရှင်၏ရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
Explore Psalms 37:7
4
Psalms 37:3
ဘုရားရှင်အား ယုံကြည်ကိုးစား၍ကောင်းသောအမှုကိုပြုလော့။ ကိုယ်တော်၏ပြည်တော်တွင် ဘေးကင်းလုံခြုံစွာနေထိုင်၍ ဝမ်းမြောက်ကြလော့။
Explore Psalms 37:3
5
Psalms 37:23-24
ဘုရားရှင်သည် လူတို့လိုက်လျှောက်အပ်သည့်လမ်းကို ညွှန်ပြတော်မူ၏။ ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။ ဘုရားရှင်သည် သူတို့အား ကူညီမစတော်မူမည်ဖြစ်၍ သူတို့သည် လဲကျသော်လည်း ပြန်မထဘဲနေလိမ့်မည်မဟုတ်။
Explore Psalms 37:23-24
6
Psalms 37:6
ကိုယ်တော်သည် သင်၏ဖြောင့်မတ်ခြင်းကို အလင်းကဲ့သို့လည်းကောင်း သင်၏တရားမျှတခြင်းကို မွန်းတဲ့နေကဲ့သို့လည်းကောင်း ထွန်းလင်းစေတော်မူလိမ့်မည်။
Explore Psalms 37:6
7
Psalms 37:8
အမျက်ဒေါသကိုပြေစေလော့။ အမျက်ဒေါသကိုစွန့်ပယ်လော့။ အမျက်ဒေါသသည် ဆိုးကျိုးကိုသာဖြစ်စေတတ်၏။
Explore Psalms 37:8
8
Psalms 37:25
အကျွန်ုပ်သည် လူငယ်တစ်ဦးဖြစ်ခဲ့သော်လည်း ယခုအိုမင်းလေပြီ။ သို့သော် ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းခံရသည်ကိုလည်းကောင်း၊ သူ၏ သားမြေးတို့သည် အစာရေစာ တောင်းရမ်းနေကြသည်ကိုလည်းကောင်း မတွေ့မမြင်ခဲ့ဘူးပေ။
Explore Psalms 37:25
9
Psalms 37:1
ယုတ်မာကောက်ကျစ်သောအမှုကို ပြုသောသူတို့ကြောင့် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ မတရားမှုကိုပြုသောသူတို့အား မငြူစူနှင့်။
Explore Psalms 37:1
Home
Bible
Plans
Videos