1
Psalms 34:18
TPV-RV (Thamma Pitakadaw)
TPV-RV
ဘုရားရှင်သည် စိတ်နှလုံးကျိုးပဲ့သောသူတို့နှင့် နီးစပ်တော်မူ၍ စိတ်နှလုံးကြေမွသောသူတို့ကို ကယ်တင်တော်မူ၏
Compare
Explore Psalms 34:18
2
Psalms 34:4
အကျွန်ုပ်သည် ဘုရားရှင်အားရှာသောအခါ ကိုယ်တော်သည် အကျွန်ုပ်အားထူးတော်မူလျက် အကျွန်ုပ်ကြောက်လန့်သော အမှုအားလုံးတို့မှ အကျွန်ုပ်အား ကယ်တင်တော်မူ၏။
Explore Psalms 34:4
3
Psalms 34:19
ဖြောင့်မတ်သောသူသည် ဒုက္ခများစွာခံရသော်လည်း ထိုဒုက္ခများအားလုံးထဲမှ ဘုရားရှင်သည် သူ့အား ကယ်တင်တော်မူ၏။
Explore Psalms 34:19
4
Psalms 34:8
ဘုရားရှင်သည် မည်မျှကောင်းမြတ်တော်မူသည်ကို သင်ကိုယ်တိုင် စူးစမ်း၍ကြည့်ရှုလော့။ ကိုယ်တော်ထံတွင် ခိုလှုံသောသူသည် မင်္ဂလာရှိပေ၏။
Explore Psalms 34:8
5
Psalms 34:5
ကိုယ်တော်အား မျှော်ကြည့်ကြသူတို့သည် ဝမ်းမြောက်ကြရ၍ မည်သည့်အခါတွင်မျှ မျက်နှာပျက်ကြရလိမ့်မည်မဟုတ်
Explore Psalms 34:5
6
Psalms 34:17
ဖြောင့်မတ်သောသူတို့ အော်ဟစ်တောင်းလျှောက်ကြသောအခါ ဘုရားရှင်သည် နားထောင်တော်မူ၍ သူတို့၏ဆင်းရဲဒုက္ခအပေါင်းတို့မှ သူတို့အား ကယ်တင်တော်မူ၏။
Explore Psalms 34:17
7
Psalms 34:7
ဘုရားရှင်အား ကြောက်ရွံ့ရိုသေကြသူတို့အား ကိုယ်တော်၏နတ်ဒေဝါတို့သည် စောင့်ကြပ်ကြည့်ရှု၍ ဘေးအန္တရာယ်မှ ကယ်တင်တော်မူ၏။
Explore Psalms 34:7
8
Psalms 34:14
မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ ငြိမ်းချမ်းမှုကိုရှာဖွေ၍ ထိုငြိမ်းချမ်းမှုအား လက်ကိုင်ထားကြလော့။
Explore Psalms 34:14
9
Psalms 34:13
မိမိ၏လျှာအား မကောင်းမှုမှလည်းကောင်း၊ မိမိ၏နှုတ်ခမ်းအား လိမ်လည်လှည့်ဖြားပြောဆိုခြင်းမှလည်းကောင်း ကင်းဝေးစေရန် စောင့်စည်းကြလော့။
Explore Psalms 34:13
10
Psalms 34:15
ဘုရားရှင်၏ မျက်စိတော်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၍ ကိုယ်တော်၏နားတော်သည် သူတို့၏ အော်ဟစ်တောင်းလျှောက်သံကို နားထောင်တော်မူ၏။
Explore Psalms 34:15
11
Psalms 34:3
ဘုရားရှင်သည် ကြီးမြတ်တော်မူကြောင်းကို အကျွန်ုပ်နှင့်အတူ ဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်ကို အတူတကွ ချီးမြှောက်ကြစို့။
Explore Psalms 34:3
Home
Bible
Plans
Videos